နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ပြည်သူ (၁)သန်းနီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အောက်တိုဘာလ (၁၄)ရက်။

စက်တင်ဘာလထဲ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ပြည်သူဦးရေ (၁)သန်းနီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရာဂီမုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ် (၉)ခုမှာ ရေ‌ကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၈)သောင်းကျော်၊ ‌‌လူဦးရေ (၁)သန်းနီးပါး ရေဘေးဒဏ် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းသက်ရောက်တာကြောင့် ရေကြီးရေလျှံတာတွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ နှစ်ပေါင်း (၈၀)ကျော် (၁၀၀)ထဲ မကြုံစဖူး ခံစားခဲ့ရကာ သေဆုံး/ပျောက်ဆုံးသူ (၅၂၀)ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိရစ္ဆာန်ပေါင်း (၁)သိန်း (၈)သောင်းကျော် သေဆုံးခဲ့သလို စပါးနဲ့ သီးနှံစိုက်ဧက (၇)သိန်းကျော် ထိခိုက်ခဲ့ကာ လမ်းတံတားအပါအဝင် စာသင်ကျောင်း၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေး စတာတွေ ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ရေဘေးကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီး စစ်ကောင်စီက (၃)ကြိမ် အလှူငွေကောက်ခံခဲ့တာမှာ ငွေကျပ် (၅၂)ဘီလီယံကျော် ရရှိခဲ့တယ်လို့လဲ ပြောဆိုထားပါသေးတယ်။

ရေဘေးသင့်ဒဏ် ခံစားခဲ့ရသူတွေထဲ သေဆုံးခဲ့ရသူတွေအတွက် တစ်ဦးကို (၁၀)သိန်း ထောက်ပံ့ပေးခဲ့ပြီး အိုးအိမ်ပျက်စီးခဲ့တာတွေကို ပျက်စီးတဲ့ ပမာဏပေါ်မူတည်ပြီး ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ အသိပေးထားပါတယ်။

‌ရာဂီမုန်တိုင်းကြောင့် စစ်ကောင်စီထုတ်ပြန်ထားတဲ့ ထိခိုက်သေဆုံးခဲ့ရတဲ့ စာရင်းအချက်အလက်ဟာ မြေပြင်နဲ့ ကွာဟနေသလို ကူညီထောက်ပံ့တာတွေအပေါ် ပိတ်ဆို့ကန့်သတ်တာတွေရှိနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 20 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 32 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က
မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 34 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ‌သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ကျိန္တလီမြို အမှတ်(၁)ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး
မြန်မာသတင်း

ဖရူဆိုမှာ ရှေ့တန်းပိုခံရတဲ့ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 33 Views
နိုဝင်ဘာလ (၂၂)ရက်။ ဖရူဆိုမြိုမှာ ရှေ့တန်းပိုဆောင်ခံရတဲ့ ခမရ(၅၃၁)တပ်ရင်းက စစ်ကော်မရှက်တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို Karenni Army BA-5 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက နိုဝင်ဘာလ (၇)ရက်နေ့မှာ ဖရူဆိုမြို
မြန်မာသတင်း

မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကန်အောက်လွှတ်တော်အမတ်တွေက ကြားနာပွဲတရပ် ကျင်းပတဲ့အပေါ် ကြိုဆိုတယ်လို CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 41 Views
နိုဝင်ဘာလ (၂၂)ရက်။ မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာ ကြားနာပွဲတရပ်ကို အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေက ကျင်းပခဲ့တဲ့အပေါ် ကြိုဆိုတယ်လို CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကြားနာပွဲဟာ နိုဝင်ဘာလဆန်းပိုင်းက CRPH နဲ့ အမေရိကန် အထက်လွှတ်တော်နဲ့
မြန်မာသတင်း

တိုင်ကြားခံထားရတဲ့အပေါ် အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားပြီး ပူးပေါင်းသွားမယ်လို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 23 Views
နိုဝင်ဘာလ (၂၂)ရက်။ တိုင်ကြားခံရတာတွေနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားတယ်လို ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက တုံပြန်ပြောဆိုထားတယ်လို သိရပါတယ်။ “ နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့
မြန်မာသတင်း

ချောက်မှာ နိုင်/ကျဉ်းတွေပါတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး နိုင်/ကျဉ်းတစ်ဦးကို PDF ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 22 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက် (၇)နာရီအချိန်က ချောက်မြိုရှိ အမှတ်(၃) ပြည်ထောင်စုလမ်းပိုင်းတနေရာမှာ စစ်တပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို PDF-Chauk ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစခယာဉ်တန်းက နိုင်ငံရေးအကျဉ်းသား (၅)ဦးကို
မြန်မာသတင်း

ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူတိုမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ သောင်းနဲ့ချီ တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 20 Views
နိုဝင်ဘာလ (၂၁)ရက်။ ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူနယ်တိုရဲ့ မြိုနယ်(၃)ခုအစပ်နေရာတွေကို စစ်တပ်က အင်အား (၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးနေတယ်လို ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီမြို (၃)ခုအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အင်အား (၃၀၀)ဝန်းကျင်လောက်က