အောက်တိုဘာလ (၁၄)ရက်။
မနေ့က ညနေ (၄)နာရီအချိန်မှာ ဝမ်းတွင်းမြို့ရှိ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Wundwin Township Revolution Force(WTRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဝမ်းတွင်း ရဲခွေးစခန်းနဲ့ ထွေအုပ်ရုံးကို လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့တာပါ။ ထွေအုပ်ရုံးကို တစ်လုံးနဲ့ ရဲခွေးစခန်းကို (၃)လုံး ကျရောက်ခဲ့ပါတယ်။ အသေအပျောက်စာရင်းတော့ မသိရသေးဘူး” လို့ ဆိုပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီရဲစခန်းထဲကို (၃)လုံး ကျရောက်ခဲ့ပြီး ထွေအုပ်ရုံးကို တစ်လုံး ကျရောက်ခဲ့ကာ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးပြီးနောက် WTRF ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရပ်ကွက်တွေထဲ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ထိုးစစ်အရှိန်မြှင့်တင်နေတာကြောင့် ပြည်သူတွေ အသွညးအလာ ဂရုစိုက်ကြဖို့နဲ့ စစ်ကောင်စီက ပြည်သူတွေအပေါ် နေ့တိုင်း ဒုက္ခပေးနေတာကနေ ကင်းဝေးဖို့ တော်လှန်ရေးအောင်မြင်တဲ့အထိ ကြိုးစားသွားမယ်လို့ ပြောဆိုထားပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းဟာ (၄၀)မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပြီး ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။