နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်ဦး ပုဂံမြို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့

အောက်တိုဘာလ (၁၄)ရက်။

ဒီကနေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က ညောင်ဦးမြို့နယ်၊ ပုဂံမြို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ နံနက် (၁၀)နာရီခွဲလောက်က အနော်ရထာရပ်ကွက် ပိုက်သေလည်ရပ်မှာ သန်းခေါင်စာရင်းကောက်သူတွေထဲက ရပ်ကွက်အုပ်ကြီး နိုင်နိုင်ထွန်း သေနတ်နဲ့ ပစ်ခတ်ခံရတာပါ” လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။

အနော်ရထာရပ်ကွက်၊ ပိုက်သေလည်ရပ်ရှိ စိန်ပန်းလမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ထွန်း(ခ)ဦးဆော်လီအပါအဝင် (၅)ဦးတို့ဟာ နေအိမ်တစ်အိမ်မှာ သန်းခေါင်စာရင်းကောက်ယူနေတာလို့ သိရပါတယ်။

အဲ့ဒီလို သန်းခေါင်စာရင်းကောက်ယူပြီး ဦးနိုင်နိုင်ထွန်း(ခ)ဦးဆော်လီဟာ ဓါတ်တိုင်ဘေးထိုင်နေချိန် ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားတစ်ဦး ရောက်လာပြီး သေနတ်နဲ့ (၅)ချက်ခန့် ပစ်ခတ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ထွန်း(ခ)ဦးဆော်လီဟာ ဝဲမျက်လုံး ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေက ဖော်ပြထားပါတယ်။

အောက်တိုဘာလ (၁၂)ရက်က ပုဂံမြို့ ဗူးဘုရားတစ်ဘက်ကမ်းရှိ မြစ်ခြေမြို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားလာမယ့်သူတွေအနေနဲ့ သတိပြုကြဖို့ အသိပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အွန်လိုင်းကနေ ငွေပေးချေတဲ့ MyanmarPay ကို စစ်ကောင်စီဗဟိုဘဏ် စမ်းသပ်စီစဉ်နေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 3 Views
အောက်တိုဘာလ (၁၈)ရက်။ အွန်လိုင်းကနေ ငွေပေးချေနိုင်တဲ့ MyanmarPay ကို စစ်ကောင်စီဗဟိုဘဏ်က အကောင်အထည်ဖော်နေပြီး ရှေ့ပြေးစမ်းသပ်နေတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်သူတွေ အာဟာရပြည့်ဝဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 3 Views
အောက်တိုဘာလ (၁၈)ရက်။ ပြည်သူတွေ အာဟာရပြည့်ဝပြီး စားရေရိက္ခာတွေ ထုတ်လုပ်နိုင်ဖို့ နှစ်တို နှစ်ရှည်စီမံကိန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ စိုက်/မွေး/ဆည်ဝန်ကြီး ဦးမင်းနောင်က
1027 Operations မြန်မာသတင်း

နမ့်ဖက်ကာမြို့မှာ လက်နက်ကြီးဖြုတ်ရာက ပေါက်ကွဲပြီး အမျိုးသား (၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 8 Views
အောက်တိုဘာလ (၁၈)ရက်။ အောက်တိုဘာလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က နမ့်ဖက်ကာမြို့နယ်၊ ပန်ခါးရွာမှာ လက်နက်ကြီးဖြုတ်ရာက အမျိုးသား (၂)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပန်ခါးရွာမှာ အမျိုးသား
မြန်မာသတင်း

ရွှေတိဂုံစေတီပေါ်မှာ စစ်သုံးစစ်အမြစ်ဖြတ်ဖို့ တော်လှန်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 9 Views
အောက်တိုဘာလ (၁၈)ရက်။ မနေ့က သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီပေါ်မှာ တော်လှန်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ မျိုးဆက်သစ်လူငယ်သပိတ်ကော််မတီ(NGYSC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွှေတိဂုံစေတီပေါ်မှာ လူငယ်သပိတ်ကော်မတီက တော်လှန်စာသားတွေကပ်ပြီး ဘုရားပူဇော်တာ၊ စတေကာတွေကပ်ပြီး ပြည်သူကို လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ သပိတ်ကော်မတီက
မြန်မာသတင်း

စွယ်တော်ကုန်းအမြောက်စခန်းကို (၇)လအကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU အတည်ပြုထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 10 Views
အောက်တိုဘာလ (၁၈)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်မှာ လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ လေးကေ့ကော်မြို့သစ်အနီး ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ မစခ(၆၀၆)လက်အောက်ခံ အမြောက်တပ်ဖွဲ့
မြန်မာသတင်း

ဒီပဲယင်းမြို့မရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးတာနဲ့ ဖမ်းမိတာတွေရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 9 Views
အောက်တိုဘာလ (၁၇)ရက်။ ဒိကနေ့ နံနက် (၈)နာရီခွဲအချန်က ဒီပဲယင်းမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် အဖြူရောင်(ပကဖ)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းမြို့မရဲစခန်းကနေ ပြည်သူတွေရဲ့နေအိမ်ကို လုယက်ခိုးယူဖို့ ထွက်လာတဲ့ စခနဲ့
မြန်မာသတင်း

ထောက်ကြန့် လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီဂိတ် မိုင်းခွဲတိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 18 Views
အောက်တိုဘာလ (၁၇)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က ထောက်ကြန့်မြို့ လှော်ကားလမ်းဆုံအနီး (၁၀၆) စစ်ကောင်စီဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ညနေ (၆)နာရီခွဲလောက်
မြန်မာသတင်း

မြန်မာစစ်တပ်ကို လက်နက်နဲ့လေယာဉ်ဆီ တင်ပို့တာမလုပ်ဖို့ မေတ္တာရပ်ခံပေမယ့် ကုလအဖွဲ့ဝင်နိုင်ငံအချို့က လုံးဝ တုန့်ပြန်တာမရှိဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 12 Views
အောက်တိုဘာလ (၁၇)ရက်။ မြန်မာစစ်တပ်ကို လက်နက်တင်ပို့တာနဲ့ တိုက်လေယာဉ်ဆီ တင်ပို့တာ မပြုလုပ်ဘဲ အရေးယူဆောင်ရွက်ပေးဖို့မေတ္တာရပ်ခံခဲ့ပေမယ့် ကုလအဖွဲ့ဝင်နိုင်ငံအချို့က လုံးဝ တုန့်ပြန်တာမရှိဘူးလို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကုလညီလာခံမှာ ပြောဆိုထားချက်အရ သိရပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်အပေါ် အမှန်တကယ် စိုးရိမ်