နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ထိုင်ဝမ်တဝိုက် အကြီးစားစစ်ရေးလေ့ကျင့်များ တရုတ်ပြုလုပ်

အောက်တိုဘာလ (၁၄) ရက်။

ယနေ့ အောက်တိုဘာလ (၁၄) ရက်နေ့တွင် တရုတ်စစ်တပ်သည် လေယာဉ်တင်သင်္ဘောကို တပ်ဖြန့်ပြီး ထိုင်ဝမ်တစ်ဝိုက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ တိုက်လေယာဉ်များ စုစုပေါင်း ၁၂၅ စင်း ပါဝင်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပြီး တစ်ရက်တည်းတွင် အများဆုံးဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားနှင့် တိုင်ဝမ် ပတ်ပတ်လည်တွင် “ Joint Sword-2024B” ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ အရှေ့ပိုင်းဌာနချုပ်က ယနေ့စတင်ပြုလုပ်ခဲ့ကြောင်း တရုတ်ဘက်က ထုတ်ပြန်ထားသည်။

တိုင်ဝမ်၏တုံ့ပြန်မှု

——————

အောက်တိုဘာလ (၁၄) ရက်နေ့က ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက (Lai Ching-de) သည် တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် ကျင်းပသည့် အစည်းအဝေးမှ ဓာတ်ပုံများနှင့် သဘောထားမှတ်ချက်များကို သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့သည်။

ယင်းမှတ်ချက်ထဲတွင် “ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ အပြည့်အဝ သိရှိထားပါတယ်” ဟု ပြောကြားပြီး “ တရုတ်၏ စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေကာ အိမ်နီးချင်းနိုင်ငံများကို အင်အားသုံး ခြိမ်းခြောက်လျက်ရှိပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်နှင့် မကိုက်ညီပါ။” ဟု ဝေဖန်ရှုတ်ချခဲ့သည်။

ထို့အပြင် ” ထိုင်ဝမ်ပြည်သူတွေကို စိတ်မပူဖို့ ပြောလိုတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ထိုင်ဝမ်နဲ့ ထိုင်ဝမ်ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်သွားမှာပါ” ဟု လိုင်က ပြောကြားခဲ့သည်။

ထိုင်ဝမ် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက “ တရုတ်ရဲ့ အဓိပ္ပါယ်မဲ့တဲ့ရန်စမှုတွေအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။” ဟု ပြောဆိုခဲ့သည်။

ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက “ ဒီလို အဓိပ္ပါယ်မဲ့တဲ့ရန်စမှုတွေအပေါ် ရန်စမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ထိုင်ဝမ်စစ်တပ်က ၎င်း၏ ခိုင်မာသော စိတ်ဆန္ဒကို ထိန်းသိမ်းကာ လုံခြုံရေးကို သေချာစေရန် ၎င်းတို့၏ ကာကွယ်ရေး စွမ်းရည်ကို တည်ဆောက်သွားမည်ဟု ပြောကြားခဲ့သည်။

မေလတွင် ထိုင်ဝမ်သမ္မတလိုင် တက်လာပြီးနောက် ချက်ချင်းဆိုသလိုပင် တရုတ်စစ်တပ်သည် ထိုင်ဝမ်အနီးတစ်ဝိုက်တွင် ကြီးမားသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို