နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြောက်ကိုရီးယား

တောင်ကိုးရီးယား၏မောင်းသူမဲ့လေယာဉ်တွေ ကျူးကျော်ဝင်ရောက်မှုအတွက် ပြင်ဆင်ဖို့ မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြား

အောက်တိုဘာလ (၁၄) ရက်။

မြောက်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနက မြို့တော် ပြုံယမ်းကို တောင်ကိုရီးယားက ဒရုန်းစေလွှတ်ပြီး လက်ကမ်းစာစောင်များ ကျဲချသည့်ဖြစ်စဉ်ကို အဓိက ပြောကြားခဲ့ပြီး နောက်ထပ် မောင်းသူမဲ့ လေယာဉ်များ မဝင်လာနိုင်ရန် နှစ်နိုင်ငံ နယ်စပ် အနီးရှိ တပ်များကို ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းဌာန (Korean Central News Agency) မှတဆင့် အောက်တိုဘာလ ၁၃ ရက်နေ့ ညတွင် တောင်ကိုရီးယားနိုင်ငံက ပြုံယမ်းမြို့လယ်သို့ ဒရုန်းတစ်စင်း ပျံသန်းခဲ့ပြီး ညွှန်ကြားချက်များပါရှိသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း ပြောကြားခဲ့ပြီး မောင်းသူမဲ့လေယာဉ်များ ထပ်မံကျူးကျော်ဝင်ရောက်လာပါက ပြင်ဆင်ထားရန် နယ်စပ်အနီးရှိ အမြောက်တပ်များသို့ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီအထိ လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် အမြောက်တပ်မ ၈ ဖွဲ့ကို ရွှေ့ပြောင်းထားပြီး ပြုံယမ်းတွင် လေယာဉ်ဆန့်ကျင်ရေး စောင့်ကြည့်မှု အားဖြည့်ထားသည်ဟုလည်း ဆိုသည်။

ကင်ဂျုံအွန်၏ညီမဖြစ်သူ ကင်ယိုဂျုံ က “ အခြားနိုင်ငံတွေရဲ့ ဝေဟင်ပိုင်နက်ကို ချိုးဖောက်တဲ့ ရန်စတဲ့အပြုအမူကို ထပ်တလဲလဲ မဖြစ်ပွားအောင် ကျွန်မတို့ အမြန်ကာကွယ်ရမယ်” ဟု အလေးပေးပြောကြားခဲ့ပါသည်။

တစ်ဖက်တွင် တောင်ကိုးရီးယားက ဒရုန်းပျံသန်းခဲ့သည်ဟု မြောက်ကိုရီးယား၏ စွပ်စွဲချက်ကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားစစ်တပ်က “ ဒါဟာ မှန်သလားဆိုတာ ကျွန်တော်တို့ အတည်မပြုနိုင်ပါဘူး´ လို့ ပြောကြားပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းခဲ့သည်။ တောင်ကိုရီးယားပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာရင်တော့ လက်တုံ့ပြန်မယ်ဟု ပြောကြားခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယား၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ တောင်ကိုးရီးယားအစိုးရ အကြီးတန်း အရာရှိတစ်ဦးက မြောက်ကိုးရီးယားသည် တောင်ကိုရီယား မတည်မငြိမ် ဖြစ်စေရန်နှင့် မြောက်ကိုရီယားအတွင်း ထိန်းချုပ်မှု အားကောင်းစေရန် တောင်ကိုးရီးယားကို အသုံးပြုနေသည်ဟု ယုံကြည်ကြောင်း အောက်တိုဘာလ (၁၃) ရက်နေ့က ရုပ်သံ အစီအစဉ်တွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 4 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “