နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

ကန်ဒေါ်လာ (၂)သိန်းခွဲတန်ဖိုးရှိ စီမံချက် (၅)ခု အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီတို့ လက်မှတ်ရေးထိုး

အောက်တိုဘာလ (၁၅)ရက်။

မနေ့က နေပြည်တော်မှာ အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီတို့အကြား စိုက်ပျိုးရေးကဏ္ဍနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာအပါအဝင် နားလည်မှုစာချွန်လွှာ (၅)ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစီမံချက်တွေဟာ စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့နဲ့ တောင်သူလယ်သမားတွေအတွက် အခြောက်ခံစက်ထားဖို့ အဆောက်အဦစီမံချက်၊ အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနဲ့ ပညာရေးဗဟိုဌာန ဗဟုသုတဘဏ်တည်ထောင်ဖို့နဲ့ အမရပူရမြို့နယ် ရက်ကန်းနဲ့ အသက်မွေးပညာကဏ္ဍစီမံချက်တို့ ပါဝင်ပါတယ်။

မန္တလေးတိုင်းရှိ အမျိုးသမီးကလေးတွေကျောင်းအတွက် တစ်ထပ်အဆောက်အဦ ဆောက်လုပ်ဖို့ စီမံချက်အပြင် ရန်ကုန်တိုင်း အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်တဲ့ စီမံချက်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တဲ့ စီမံချက်တွေဟာ တစ်ခုကို အမေရိကန်ဒေါ်လာ (၅၀၀၀၀)တန်ဖိုးနဲ့ ခွင့်ပြုပေးခဲ့တာဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၂)သိန်းခွဲတန်ဖိုးရှိတယ်လို့ ဖော်ပြထားပါတယ်။

နားလည်မှုစာချွန်လွှာ (၅)ခုကို စစ်ကောင်စီနဲ့ အိန္ဒိယအစိုးရတို့အကြား “ မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်များ(Quick Impact Projects)-QIP” အနေနဲ့ နှစ်နိုင်ငံ အကောင်အထည်ဖော်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် QIP စီမံချက်တွေဟာ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ ဆောင်ရွက်တာဖြစ်ပြီး စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီ ဖွဲ့စည်းကြီးကြပ်ကာ အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်း ၇၉မမနဲ့ ပစ်ခတ်ခံရပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 13 Views
ဧပြီလ (၂၇)ရက်။ သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၇၉မမ အလုံး (၂၀)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်မှုအောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 15 Views
ဧပြီလ (၂၇)ရက်။ မင်းအောင်လှိုင်ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိးတိုးတက်မယ်ဆိုပြီး နေပြည်တော်ရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 14 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၂)ရက်နေ့က ‌ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာတယ်လို့ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ(၂၂၄)တပ်ရင်းက အသက် (၃၃)နှစ်အရွယ် ပေါက်ကြီးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ လူမှုထူးချွန်ဆု(တတိယအဆင့်)ချီးမြှင့်ခံရတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 15 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၁၈)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က ပေါင်းတလည်မြို့ ဒွကျေးရွာအနီးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရသူဟာ ပြည်မြို့၊ ဝက်ထီးကန်နယ်မြေ အင်းဝင်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး
မြန်မာသတင်း

နယ်မြေဆုံးရှုံးတာတွေနဲ့ တပ်ထဲဖိအားတွေကြောင့် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် တာဝန်ကနေ ဖယ်ရှားခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၅)ရက်။ ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်ကို စစ်တပ်က တာဝန်ကနေ ဖယ်ရှားလိုက်တယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဧရာဝတီတိုင်းထဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ (၂၂၈)ရွာကို တနှစ်ကျော်ကြာတဲ့အထိ ပြန်လည်မသိမ်းပိုက်နိုင်တာကြောင့် အခုလို
မြန်မာသတင်း

“အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 32 Views
နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး” မင်းအောင်လှိုင်ကအတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းတယ်လို့ ပြီးပြည်နယ်တွေ တိုင်းတွေကို ဗုံးတွေကြဲနေတယ်၊ နောက်သူသမတတက်လုပ်ပြီးတဲ့နောက် မတရား ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးမယ်ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အများစုကိုလွှတ်မပေးဘူး။ ဒီလိုဘဲနျုူဂျီကလည်းသူတို့နဲ့သဘောထားမတူနဲ့တော်လှန်းရေးသမားတွေ သူတို့စီအိုစီ အောက်မဝင်တဲ့ အဖွဲ့အစည်းတွေကို တိုက်ထုတ်ပြီး ဘဝတူ တော်လှန်ရေးသမားတွေကို ဖမ်းထားပြီး၊
မြန်မာသတင်း

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြော

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 32 Views
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ချင်းပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်တပ်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းကစပြီး အင်အားအလွန်အကျွံသုံးကာ ထိုးစစ်ဆင်ခဲ့တာပါ။ ဖလမ်းမြို့ကို
မြန်မာသတင်း

ဘိုဒါးရွာထဲ (၂)နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 31 Views
ဧပြီလ (၂၅)ရက်။ ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ ဘိုဒါးစခန်းဟာ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးရွာထဲမှာ စစ်တပ်က (၂)နှစ်ကျော်ကြာ