အောက်တိုဘာလ (၁၅)ရက်။
မနေ့က နေ့လယ် (၄)နာရီခွဲအချိန်ကစပြီး ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ကမ်းနားလမ်း ဆိပ်ကမ်းမြေနေရာမှာ ဆီတင်သင်္ဘောတစ်စီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ မနေ့က နေ့လယ် (၄)နာရီခွဲလောက်ကစပြီး ဆီသင်္ဘောမီးလောင်တာ ဒီနေ့ နံနက် (၈)နာရီခွဲလောက်မှ မီးငြိမ်းသွားတယ်။ (၈)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ ပျောက်တဲ့သူလဲရှိတယ်” လို့ ထားဝယ်မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
ထားဝယ်မြို့ ကမ်းနားလမ်းရှိ ဆိပ်ကမ်းမြေနေရာမှာ ဆီသင်္ဘောတစ်စီး မီးလောင်ခဲ့တာကြောင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တွေက ငြှိမ်းသတ်ခဲ့ရာ ဒီကနေ့ နံနက် (၈)နာရီအချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆီသင်္ဘောမီးလောင်ကျွမ်းတဲ့ဖြစ်စဉ်ထဲ အမျိုးသား (၇)ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသား (၂)ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်လို့ ရေးသားထားပါတယ်။
မနေ့ကလဲ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှာ ဆီပေပါတွေထည့်ထားတဲ့ သင်္ဘောဝမ်းဗိုက်ကို ဂဟေဆော်ရာက မီးလောင်ခဲ့ကာ တန်ဖိုးငွေကျပ်သိန်း (၁၀၀၀)ကျော် ဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေထံက သိရပါတယ်။