နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကော်သူးလေတပ်မတော်(KTLA) တပ်ဖွဲ့ဝင်တွေရဲ့ အရပ်သားတွေအပေါ် မတရားသတ်ဖြတ်တာတွေကို ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန်၊

အရပ်သားပြည်သူတွေကို လက်လွတ်စပယ်သတ်ဖြတ်တဲ့အ‌ပေါ် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချပြီး တာဝန်ရှိသူ‌တွေ စစ်ဆေးအရေးယူပေးဖို့ တောင်းဆိုထား

အောက်တိုဘာလ (၁၅)ရက်။

ကော်သူးလေတပ်မတော်(KTLA)ရဲ့ ထားဝယ်ခရိုင်ထဲ အရပ်သားတွေအပေါ် ဖမ်းဆီးသတ်ဖြတ်တဲ့ဖြစ်စဉ်တွေကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)ရဲ့ ဒီကနေ့မှာ ဓါတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

KTLA က ဆာမဆောတပ်မဟာလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ (၂၀၂၃)ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က ရေဖြူမြို့၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှာ အလုပ်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမား (၃)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ အသက် (၅၂)နှစ်အရွယ် ဦးကျော်အေး၊ (၃၈)နှစ်အရွယ် ကိုလှမြင့်နဲ့ (၂၂)နှစ်အရွယ် ကိုကျော်ဇေယလင်းတို့ဖြစ်ကာ အိမ်ထောင်ဦးစီးတွေဖြစ်ကြပြီး သူတို့မိသားစုဝင်တွေဟာ ကလေးငယ်တွေနဲ့ ဒုက္ခပေါင်းစုံ ကျန်ခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမား (၃)ဦးကို KTLA တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ သတင်းပေးတွေဆိုပြီး အထောက်အထားမရှိဘဲ စွပ်စွဲသတ်ဖြတ်ခဲ့ကာ အမှန်တကယ်မှာတော့ သာမန် လက်လုပ်လက်စားသာဖြစ်ပြီး စစ်ကောင်စီနဲ့ ပတ်သက်တာမရှိဘူးလို့ ကော်မတီက အတည်ပြုပြောဆိုထားပါတယ်။

သူတို့ (၃)ဦးထဲက ကိုလှမြင့်ကို သတ်ဖြတ်တာမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူရဲ့ ဝန်ခံထွက်ဆိုထားတဲ့ ရုပ်သံဖိုင်ကိုလဲ ကော်မတီက လက်ခံရရှိထားကာ တာဝန်ရှိသူတွေအနေနဲ့ ဒီကနေ့အထိ လူသိရှင်ကြား တစုံတရာ ဖြေရှင်းပေးတာမရှိဘူးလို့ ရေးသားထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၂)ရက်နေ့ကလဲ ထားဝယ်မြို့အရှေ့တောဒေသမှာ ခဲနဲ့ သံထည်ပစ္စည်းတွေ ဝယ်လာတဲ့ ဦးဆန်နီ၊ ဦးသန်းကြွယ်နဲ့ ဦးမြင့်လွင်တို့ကို ပကာရီကျေးရွာမှာ KTLA တပ်ရင်း (၃) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ကြပါတယ်။

သူတို့ကို လိုက်လံရှာဖွေရာ အောက်တိုဘာလ (၈)ရက်နေ့က သတ်ဖြတ်ခံထားရတဲ့ (၃)ဦးရဲ့ ရုပ်အလောင်းတွေကို တပ်ရင်း (၃)ရဲ့ စစ်ဆေးရေးဂိတ်အနီး တွေ့ရှိခဲ့ကာ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတဲ့အတွက် KTLA အနေနဲ့ တာဝန်ခံရမယ်လို့ ပြောဆိုထားပါတယ်။

အခုလို အရပ်သားပြည်သူတွေအပေါ် လက်လွတ်စပယ် ဖမ်းဆီးသတ်ဖြတ်နေတဲ့ KTLA တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကာ KTLA ဌာနချုပ်အပါအဝင် တာဝန်ရှိသူ‌တွေအနေနဲ့ စစ်ဆေးအရေးယူဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ညီနောင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ KTLA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြည်သူတွေအပေါ် ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို ဝိုင်းဝန်းဖော်ထုတ်ဆန့်ကျင်သွားဖို့ သပိတ်ကော်မတီက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့