နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ကမ္ဘာကျော်ပြင်သစ်ဘောလုံးကစားသမား အမ်ဘာပေ (Mbappe) ကို မုဒိမ်းမှု စွပ်စွဲချက်ဖြင့် ဆွီဒင်အစိုးရရှေ့နေများ စုံစမ်းစစ်ဆေးနေ

အောက်တိုဘာ (၁၅) ရက်။

ကမ္ဘာကျော် ပြင်သစ်ဘောလုံးအကျော်အမော် ကီလီယန်အမ်ဘာပေ (အသက် ၂၅ နှစ်)သည် ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းတွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဆွီဒင်မီဒီယာက ဖော်ပြခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ဆွီဒင်အစိုးရရှေ့နေရုံးက အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလ (၁၄) ရက်နေ့တွင် အမ်ဘာပေသည် လူမှုကွန်ရက်စာမျက်နှာ X (ယခင်တွစ်တာ) တွင် “ သတင်းအတု !!!!” ဟု ရေးသားခဲ့ပြီး ဖြစ်ရပ်ကို တိုက်ရိုက်ဖော်ပြခြင်းမပြုခဲ့ပေ။ အမ်ဘာပေနှင့် နီးစပ်သူတစ်ဦးက “ လုံးဝ မှားယွင်းပြီး တာဝန်မဲ့ခြင်း” ဖြစ်သည်ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ လိုအပ်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာလ (၁၄) ရက်နေ့က ဆွီဒင်နေ့စဉ်သတင်းစာတွင် သံသယဖြစ်မှုများ စတင်ရေးသားခဲ့သည်။ အမ်ဘာပေနှင့် သူ့အဖွဲ့သည် အောက်တိုဘာလ (၁၀) ရက်နေ့က စတော့ဟုမ်းမှာရှိသည့် နိုက်ကလပ်တစ်ခုကို သွားရောက်လည်ပတ်ခဲ့ပြီး ယင်းညက ဖြစ်ခဲ့သည်ဟု သိရပါသည်။

ဓာတ်ပုံ။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ကီလီယန်အမ်ဘာပေဟာ ပြင်သစ်နိုင်ငံ၊ Lille မြို့မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ပွဲစဉ်မတိုင်ခင် တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်‌တွေ အစည်းအဝေး စစ်ကောင်စီတက်ရောက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၁)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်တွေ အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဒီကနေ့မှာ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားစစ်ပွဲဆီကို ဦးတည်တော့မှာလား?

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 9 Views
နိုဝင်ဘာလ (၂၂) ရက်။ နိုဝင်ဘာလ ၂၁ ရက်နေ့က ရုရှားက နျူကလီးယားအထိ ထည့်သွင်းနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲဟာ
နိုင်ငံတကာသတင်း အမေရိကန်

ရှေ့နေချုပ် ရာထားခံရသည့် AG (Attorney General) မတ်ဂိတ်ဇ် နှုတ်ထွက်ပြီးနောက် ပန်းမ်ဘွန်ဒီ (Pam Bondi) ကို ထရန့်ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 8 Views
+++++++++++++++++++++++++++++++ ရှေ့နေချုပ် ရာထားခံရသည့် မတ်ဂိတ်ဇ် (Matt Gaetz) နုတ်ထွက်ပြီးနောက် ၆ နာရီအတွင်း ထရန့်သည် ပန်းမ်ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်အဖြစ် ထပ်မံရွေးချယ်ခဲ့သည်။ ရွေးကောက်ခံသမ္မတထရန့်သည် ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ်ဟောင်း ပန်းမ်ဘွန်ဒီကို တရားရေးဌာနကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 8 Views
နိုဝင်ဘာလ (၂၂) ရက်။ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ ၂၀ ရက်နေ့က အမေရိကန်က ပယ်ချလိုက်ပါတယ်။ ပယ်ချရတဲ့အကြောင်းရင်းက ဓားစာခံတွေကို လွှတ်ပေးဖို့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသည် ၎င်း၏နျူကလီးယားလက်နက်သုံးစွဲမှုဆိုင်ရာ အယူဝါဒကို ပြန်လည်ပြင်ဆင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 11 Views
နိုဝင်ဘာလ (၂၀) ရက်။ ရုရှားသမ္မတပူတင်သည် ရုရှားနိုင်ငံ၏ နျူကလီးယားလက်နက် သုံးစွဲမှုအယူဝါဒကို ၁၉ ရက်တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က အမေရိကန်သမ္မတ ဘိုင်ဒင်က ယူကရိန်းနိုင်ငံကို အမေရိကန်လုပ် လက်နက်များနှင့် ရုရှားနိုင်ငံတွင်းကို တိုက်ခိုက်ရန် ယူကရိန်းကို ခွင့်ပြုခဲ့သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို ရုရှားဖက်ကို ပထမဆုံးအကြိမ် ယူကရိန်း ပစ်လွှတ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 15 Views
နိုဝင်ဘာလ (၂၀) ရက်။ ယူကရိန်းသည် နယ်စပ်ဖြတ်၍ ပထမဆုံးအကြိမ် အမေရိကန်လုပ် ATACMS ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး ရုရှားလက်နက်တိုက်တစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်အရ စစ်ပွဲ ရက်ပေါင်း ၁,၀၀၀ အကြာတွင် ကြီးမားသော တိုးတက်လာမှုတစ်ခုဖြစ်သည်။
နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ပွဲအကူးအပြောင်းတွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်မဟွန်း (Linda McMahon) ကို ပညာရေးဝန်ကြီးအဖြစ် ထရန့်ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 12 Views
နိုဝင်ဘာလ (၂၀) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ပညာရေးဌာန၏ နောက်လာမည့်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ၎င်း၏ရွေးကောက်ပွဲအကူးအပြောင်းတွင် တွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်မဟွန်း (Linda McMahon) ကို ရွေးချယ်လိုက်ပါသည်။ အင်္ဂါနေ့ညက CNN ၏အစောပိုင်းအစီရင်ခံချက်ကို ထရန့် မှကြေငြာခဲ့သော
နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင် ဒီမိုကရေစီခေါင်းဆောင် ၄၅ ဦးကို အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 13 Views
++++++++++++++++++ နိုဝင်ဘာလ (၂၀) ရက်။ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုဖြင့် ဟောင်ကောင်၏ ထင်ရှားကျော်ကြားသော ဒီမိုကရေစီလိုလားသူ ၄၅ ဦးကို ဟောင်ကောင်တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံက လွန်ခဲ့သည့်လေးနှစ်က အမျိုးသားလုံခြုံရေးနှင့်