နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ တပ်မ (၄၄)က ဖမ်းဆီးရမိခဲ့တဲ့ PDF တပ်ဖွဲ့ဝင် (၃)ဦးကို သတ်ဖြတ်ခဲ့

အောက်တိုဘာလ (၁၉)ရက်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က ကျေးရွာတစ်ရွာအနီးမှာ စစ်ကောင်စီရဲ့ တပ်မ (၄၄)က ဖမ်းဆီးရမိခဲ့တဲ့ PDF တပ်ဖွဲ့ဝင် (၃)ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အလင်းဝင်လာတဲ့ တပ်မ(၄၄)လက်အောက်ခံ ခလရ(၈)တပ်ရင်းက တပ်သား ဝေယံကျော်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

၂၀၂၂ခုနှစ် ဇူလိုင်လပိုင်းက ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ဦးစီးတဲ့ နည်းဗျူဟာ (၄၄၁)ဟာ ဘီးလင်း-ကမမောင်း-ဘားအံ စစ်ဆင်ရေးချီဆက်ချိန် PDF တပ်ဖွဲ့ဝင် (၄)ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ (၄)ဦးထဲက တစ်ဦးဟာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန် (၃)ဦးကို (၃)ရက်အကြာမှာ ဗိုလ်မှူးကြီး ဝင်းမင်းဦးအမိန့်နဲ့ ခလရ(၈)တပ်ရင်းက သတ်ဖြတ်ခဲ့တာလို့ တပ်သား ဝေယံကျော်ကို ပြည်သူ့ပန်းတိုင်က မေးမြန်းချိန် ပြောဆိုခဲ့တာလို့ သိရပါတယ်။

“ ဖမ်းဆီးရမိထားတဲ့ PDF (၃)ယောက်ကို စစ်ဆေးပြီး (၃)ရက်အကြာမှာ ရှင်းပြစ်ဖို့ ဗျူဟာမှူးက ကျနော်တို့တပ်ရင်းကို အမိန့်ပေးတယ်၊ ခလရ(၈) စစ်ကြောင်းမှူး(ဒုတပ်ရင်းမှူး) ဗိုလ်မှူးခင်မောင်ဝင်း၊ တပ်ခွဲမှူး ဗိုလ်ကြီးကျော်မျိုးဝင်းနဲ့ တပ်စုမှူး ဗိုလ်ကြီးမင်းအောင်တို့ ဦးစီးပြီး အဲ့မနက်ပိုင်းမှာပဲ ဗျူဟာမှူးအမိန့်အရ အကောင်အထည်ဖော် ရှင်းပစ်ခဲ့တာ” လို့ သူက ပြောဆိုထားပါတယ်။

PDF တပ်ဖွဲ့ဝင် (၃)ဦးကို သတ်ဖြတ်ဖို့ အမိန့်ပေးတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းဦးဟာ ၂၀၂၂ခုနှစ် အောက်တိုဘာ (၁၉)ရက်မှာ ကရင်ပြည်နယ် မြဝတီ-ဝေါ်လေလမ်းပိုင်း လူခို့ညောင်ချောင်းအနီး ကော်ဘရာစစ်ကြောင်းက ပစ်ခတ်တဲ့ စနိုက်ဘာထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ကျိုက်ထိုမြို့အခြေစိုက် တပ်မ(၄၄)ဟာ ရခိုင်ပြည် စစ်ဆင်ရေးကအပြန် ၂၀၂၂ခုနှစ်မှည ကရင်ပြည်နယ် စစ်ဆင်ရေး ထပ်မံဝင်ရောက်ခဲ့ရပြီး တပ်မ (၄၄)ကွပ်ကဲမှုအောက် ခလရ(၈)၊ ခမရ(၁၀၂)နဲ့ ခမရ(၂၀၇) တပ်ရင်း (၃)ရင်း ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ပွဲဆိုင်ရာဥပဒေတွေကို ချိုးဖောက်ကာ ဖမ်းဆီီးရမိတဲ့ စစ်သုံ့ပန်းတွေအပါအဝင် အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို မျက်မြင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ထုတ်ဖော်ပြောဆိုတာတွေ လိုအပ်တယ်လို့ ပြည်သူ့ပန်းတိုင်က ပြောဆိုထားပါတယ်။

အခုလို ထုတ်ဖော်ပြောဆိုတာတွေဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ တရားမျှတမှုယန္တရား အားကောင်းလာစေဖို့ အထောက်အကူပြုသလို နစ်နာသူတွေအတွက်လဲ ကုစားတာဖြစ်စေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 18 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 22 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 37 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး