နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ တပ်မ (၄၄)က ဖမ်းဆီးရမိခဲ့တဲ့ PDF တပ်ဖွဲ့ဝင် (၃)ဦးကို သတ်ဖြတ်ခဲ့

အောက်တိုဘာလ (၁၉)ရက်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က ကျေးရွာတစ်ရွာအနီးမှာ စစ်ကောင်စီရဲ့ တပ်မ (၄၄)က ဖမ်းဆီးရမိခဲ့တဲ့ PDF တပ်ဖွဲ့ဝင် (၃)ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အလင်းဝင်လာတဲ့ တပ်မ(၄၄)လက်အောက်ခံ ခလရ(၈)တပ်ရင်းက တပ်သား ဝေယံကျော်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

၂၀၂၂ခုနှစ် ဇူလိုင်လပိုင်းက ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ဦးစီးတဲ့ နည်းဗျူဟာ (၄၄၁)ဟာ ဘီးလင်း-ကမမောင်း-ဘားအံ စစ်ဆင်ရေးချီဆက်ချိန် PDF တပ်ဖွဲ့ဝင် (၄)ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ (၄)ဦးထဲက တစ်ဦးဟာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန် (၃)ဦးကို (၃)ရက်အကြာမှာ ဗိုလ်မှူးကြီး ဝင်းမင်းဦးအမိန့်နဲ့ ခလရ(၈)တပ်ရင်းက သတ်ဖြတ်ခဲ့တာလို့ တပ်သား ဝေယံကျော်ကို ပြည်သူ့ပန်းတိုင်က မေးမြန်းချိန် ပြောဆိုခဲ့တာလို့ သိရပါတယ်။

“ ဖမ်းဆီးရမိထားတဲ့ PDF (၃)ယောက်ကို စစ်ဆေးပြီး (၃)ရက်အကြာမှာ ရှင်းပြစ်ဖို့ ဗျူဟာမှူးက ကျနော်တို့တပ်ရင်းကို အမိန့်ပေးတယ်၊ ခလရ(၈) စစ်ကြောင်းမှူး(ဒုတပ်ရင်းမှူး) ဗိုလ်မှူးခင်မောင်ဝင်း၊ တပ်ခွဲမှူး ဗိုလ်ကြီးကျော်မျိုးဝင်းနဲ့ တပ်စုမှူး ဗိုလ်ကြီးမင်းအောင်တို့ ဦးစီးပြီး အဲ့မနက်ပိုင်းမှာပဲ ဗျူဟာမှူးအမိန့်အရ အကောင်အထည်ဖော် ရှင်းပစ်ခဲ့တာ” လို့ သူက ပြောဆိုထားပါတယ်။

PDF တပ်ဖွဲ့ဝင် (၃)ဦးကို သတ်ဖြတ်ဖို့ အမိန့်ပေးတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းဦးဟာ ၂၀၂၂ခုနှစ် အောက်တိုဘာ (၁၉)ရက်မှာ ကရင်ပြည်နယ် မြဝတီ-ဝေါ်လေလမ်းပိုင်း လူခို့ညောင်ချောင်းအနီး ကော်ဘရာစစ်ကြောင်းက ပစ်ခတ်တဲ့ စနိုက်ဘာထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ကျိုက်ထိုမြို့အခြေစိုက် တပ်မ(၄၄)ဟာ ရခိုင်ပြည် စစ်ဆင်ရေးကအပြန် ၂၀၂၂ခုနှစ်မှည ကရင်ပြည်နယ် စစ်ဆင်ရေး ထပ်မံဝင်ရောက်ခဲ့ရပြီး တပ်မ (၄၄)ကွပ်ကဲမှုအောက် ခလရ(၈)၊ ခမရ(၁၀၂)နဲ့ ခမရ(၂၀၇) တပ်ရင်း (၃)ရင်း ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ပွဲဆိုင်ရာဥပဒေတွေကို ချိုးဖောက်ကာ ဖမ်းဆီီးရမိတဲ့ စစ်သုံ့ပန်းတွေအပါအဝင် အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို မျက်မြင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ထုတ်ဖော်ပြောဆိုတာတွေ လိုအပ်တယ်လို့ ပြည်သူ့ပန်းတိုင်က ပြောဆိုထားပါတယ်။

အခုလို ထုတ်ဖော်ပြောဆိုတာတွေဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ တရားမျှတမှုယန္တရား အားကောင်းလာစေဖို့ အထောက်အကူပြုသလို နစ်နာသူတွေအတွက်လဲ ကုစားတာဖြစ်စေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိုးဘိုထောင်မှာ ကိုဝေမိုးနိုင်အပါအဝင် နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရသူတွေ ဆေးကုသခွင့်မရသေး

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၆)ရက်။ အိုးဘိုထောင်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတာမှာ ဒဏ်ရာရသူတွေ ဆေးကုသခွင့်မရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ မနေ့က
မြန်မာသတင်း

စစ်ကောင်စီရဲ့ နမခစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး အရာရှိတွေအပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
ဇွန်လ (၁၆)ရက်။ ဇွန်လ (၁၄)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က စစ်ကောင်စီရဲ့ နမခစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတဲ့အခြေအနေကို Brave
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား အမျိုးသမီး (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
ဇွန်လ (၁၆)ရက်။ ဇွန်လ (၁၄)ရက်နေ့ နံနက် (၁၀)နာရီကျော်အချိန်က ကျိုက်ထိုမြို့ ဇီးကုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးကုန်းရွာကို စစ်ကောင်စီရဲ့ အမှတ်(၄၄)
မြန်မာသတင်း

မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ MSFC ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
ဇွန်လ (၁၆)ရက်။ မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲကို အပြည့်အဝဆန့်ကျင်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ တတိယအကြိမ်ညီလာခံကနေ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ညီလာခံထဲ မွန်ပြည်နယ်မှာ စစ်ကောင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အခါ ပြည်သူတွေ ပါဝင်လာစေဖို့အတွက်
မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 26 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက်ပိုင်းအချိန်က နောင်ချိုမြို့ရှိ ကျေးရွာ (၃)ရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ TNLA တို့ဟာ နောင်ချိုမြို့ရှိ
မြန်မာသတင်း

မုံရွာထောင်ကနေ ပြောင်းလာတဲ့ နိုင်/ကျဉ်းတွေကို အိုး‌ဘိုထောင်အာဏာပိုင်တွေက ထောင်ဘူးဝမှာတင် ရိုက်နှက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 29 Views
ဇွန်လ (၁၄)ရက်။ ဇွန်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းအချိန်မှာ မုံရွာထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၂၀၀)ခန့်ဟာ အိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာခဲ့တယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၁၂)ရက် မနက်အစောပိုင်းမှာ
မြန်မာသတင်း

ရန်ကုန် ထောက်ကြန့်ရှိ စစ်ကောင်စီတပ်ရဲ့ ဘန်ကာကင်း ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 44 Views
ဇွန်လ (၁၄)ရက်။ မနေ့က ည (၈)နာရီ (၂၀)မိနစ်အချိန် ထောက်ကြန့်မြို့ အမှတ်(၃)လမ်းနဲ့ (၇)လမ်းဆုံရှိ စစ်ကောင်စီတပ်ရံ့ ဘန်ကာကင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထောက်ကြန့် အမှတ်(၃)လမ်းနဲ့ အမှတ်(၇)လမ်းဆုံက
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတာကို ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 33 Views
ဇွန်လ (၁၄)ရက်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတဲ့အပေါ် ကုလသမဂ္ဂညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးထဲ