ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စစ်ကောင်စီက ၆၇ ကြိမ်မြောက် ကရင် ပြည်နယ်နေ့ အခမ်းအနားအကြိုညအဖြစ် ကျင်းပနေစဉ် ပွဲကျင်းပရာ နေရာ အနီးတွင် ဗုံး ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။
နိုဝင်ဘာလ ၆ ရက်နေ့ ည ၈ နာရီအချိန် ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဆေး ၀င်္ကပါကျောင်းရှေ့၊ ယာဉ်ထိန်းရုံးနား ဗုံး ၂ လုံး ပြင်းထန်စွာ ပေါက်ကွဲခဲ့ကြောင်းသိရသည်။
ဗုံးပေါက်ကွဲသောနေရာသည် ၆၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ပွဲ အခမ်း အနားနှင့် ကိုက် ၅၀၀ သာ ကွာဝေးကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်တပ်နှင့် BGF များက ဘားအံမြို့ကို လုံခြုံရေးတင်းကျပ်နေကြောင်းသိရသည်။