နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာ အဆောက်အအုံများကို အစ္စရေးတို့ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာကြေညာ

++++++++++++++++++++++++++++++++++++++++++++++++++++++

အောက်တိုဘာလ (၂၁) ရက်။

ဘေရွတ်ရှိ ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာနေရာအဆောက်အအုံများကို အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် မီဒီယာက ကြေညာသည်။

ဘေရွတ်မြို့ရှိ ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သည့် ဘဏ္ဍာရေးအဖွဲ့အစည်း အင်စတီကျူးရှင်းတစ်ခု၏ ဌာနခွဲသုံးခုကို တနင်္ဂနွေနေ့ညနေပိုင်းတွင် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်အစိုးရပိုင် အမျိုးသားသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တိုက်ခိုက်မှုများသည် ဘေရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံးရှိ Hay Al-Sellom၊ Burj Al-Barajneh နှင့် Ghobeiry ဒေသများရှိ Al-Qard Al-Hassan ဌာနခွဲများကို ထိမှန်ခဲ့ကြောင်း NNA သတင်းတွင် ဖော်ပြထားသည်။

Al-Qard Al-Hassan ဌာနခွဲအနီးရှိ အပျက်စီးများဖြစ်နေသည့်အဆောက်အအုံများကို ရှင်းလင်းနေသည့် Hermel တွင် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေကြောင်း သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အခြားနေရာများတွင်၊ Beqaa ဒေသရှိ Baalbek အစိုးရဆေးရုံသည် လူနာများအား လမ်းတစ်ဖက်ရှိ ဘဏ္ဍာရေး အဖွဲ့အစည်းနှင့် ဆက်စပ်နေသည့် အဆောက်အအုံတစ်ခုမှ ပိုမိုဝေးကွာသော “ဘေးကင်းသောအခန်းများ” သို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနမှ CNN သို့ ပြောကြားခဲ့သည်။ “ ဆေးရုံက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေတယ်” ဟု ဝန်ကြီးဌာနက ပြောပါသည်။

တနင်္ဂနွေနေ့အစောပိုင်းတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် ဟစ်ဇ်ဘိုလာ၏ ဘဏ္ဍာရေး အရင်းအမြစ်များဝင်ရောက်လာမှုကို ပိတ်ဆို့ရန်အတွက် Al-Qard Al-Hassan အဖွဲ့ပိုင်နေရာများကို တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က သတိပေးခဲ့သည်။ နောက်ပိုင်းတွင် လက်ဘနွန်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အခြားနေရာများနှင့်အတူ ဘေရွတ်မြို့၏ အစိတ်အပိုင်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးချက် ထုတ်ပြန် ထားသည်။

နောက်ခံအချက်အလက်များ။

၁၉၈၃ ခုနှစ်တွင် တည်ထောင်ခဲ့သော Al-Qard Al-Hassan သည် ရှီအာ အသိုင်းအဝိုင်းအတွက် အတိုးမဲ့ချေးငွေများ ပံ့ပိုးပေးသည့် ဟစ်ဇ်ဘိုလာနှင့် ချိတ်ဆက်ထားသော အကျိုးအမြတ် မယူသော ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် ၎င်း၏လုပ်ငန်းဆောင်တာများ လုပ်ဆောင်ပေးသည့်သူများကို လစာများပေးပြီး အရပ်သားများကို ထောက်ပံ့ရန် အဖွဲ့အစည်းကို အသုံးပြုကာ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားနေခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

Source: CNN

ဓာတ်ပုံ။

ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာ အဆောက်အအုံများကို အစ္စရေးတို့ လေကြောင်းမှတိုက်ခိုက်နေစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်အစိုးရသည် ဥရောပကို ကြမ်းတမ်းသော စကားလုံးများ အသုံးပြု၍ စကားပြောဆိုခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 18 Views
သူတို့အချင်းချင်း သီးသန့်ပြောကြလျှင် ပို၍ကြမ်းတမ်းသည့် အသုံးအနှုန်းကို သုံးစွဲကြသည်။ ယီမင်ဟူသီများအပေါ် အမေရိကန်စစ်တပ်၏ ထိုးနှက်တိုက်ခိုက်မှုအကြောင်းကို ထရန့်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များ အချင်းချင်း အများသူငှာသုံးစွဲသည့်မက်ဆေ့ချ်
နိုင်ငံတကာသတင်း ဥရောပ

စစ်ပွဲကျရောက်မည့် အန္တရာယ်ကြောင့် ၃ ရက် (၇၂ နာရီ) စာ ရိက္ခာများကို သိုလှောင်ထားရန် နိုင်ငံသားများအား ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၆) ရက်။ ဥရောပသမဂ္ဂ နိုင်ငံသားများသည် အကျပ်အတည်းဖြစ်ချိန်တွင် အနည်းဆုံး ၃ ရက် (၇၂ နာရီ) စာ
နိုင်ငံတကာသတင်း အာရှ

ကမ္ဘာ့ပထမဆုံးတိုက်တေနီယံနှလုံး အစားထိုးခွဲစိတ်မှုခံယူသူ ဆေးရုံမှဆင်းလာ

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 9 Views
++++++++++++++++++ တိုက်တေနီယံသတ္ထုနဲ့ပြုလုပ်ထားတဲ့ နှလုံးအတုကို အစားထိုးပြီး ဆေးရုံကဆင်းလာတဲ့  ဩစတြေးလျနိုင်ငံသား တစ်ဦးဟာ အလုံးစုံနှလုံးတုတပ်ဆင်တဲ့ ကမ္ဘာ့ပထမဆုံး လူသားတစ်ယောက်ဖြစ်လာခဲ့ကြောင်း ဆရာဝန်တွေနဲ့ သုတေသနပညာရှင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ BiVACOR နှလုံးတု တပ်ဆင်မှုကို 2024 ခုနှစ် နိုဝင်ဘာလ အတွင်း
နိုင်ငံတကာသတင်း အမေရိကန်

ဥရောပမှာ EV ကား ဝယ်လိုအားတက်လာပေမယ့် တယ်စလာကားများ ရောင်းအားထိုးကျ

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 11 Views
+++++++++++++++++++++++++ အီလွန်မက်စ်ရဲ့ တယ်စလာကားရောင်းအားဟာ ဥရောပမှာ အခုနှစ် ပထမနှစ်လအတွင်း 49 ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ တယ်စလာလျှပ်စစ်ကားတွေရဲ့ မော်ဒယ်ဟာ သက်တမ်းအိုမင်းလာခြင်းနဲ့အတူ CEO အီလွန်မက်စ်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ ဆက်နွှယ်မှုအပေါ် တုံ့ပြန်မှုတွေကြောင့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာမှာ သတင်းထောက်တွေကို အစ္စရေးပစ်မှတ်ထားတိုက်ခိုက်

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 16 Views
မတ်လ (၂၅) ရက်။ ဂါဇာမှာ အသက် ၂၃ နှစ်အရွယ် သတင်းထောက် ဟော့စမ်ရှားဘတ် (Hossam Shabat) ဟာ တနင်္လာနေ့အစောပိုင်းမှာ အစ္စရေးရဲ့ တိုက်ရိုက်တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ပါတယ်။ ဟော့စမ်ဟာ ဂါဇာမှာ အစ္စရေးစစ်ပွဲကို ၁၇
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ၏အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးလျှို့ဝှက်ချက်များကို မဂ္ဂဇင်းအယ်ဒီတာထံပေးပို့ခဲ့

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 29 Views
ထရန့်အစိုးရသည် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးအစီအစဥ်များကို မဂ္ဂဇင်းအယ်ဒီတာထံ မည်သို့ ပေးပို့မိသည်ကို ပြန်လည်သုံးသပ်နေပါသည်။ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က The Atlantic သို့ စစ်‌ရေးသတင်းပေးပို့မှုနှင့် ပတ်သက်၍ ၎င်း၏ ပထမဆုံး လူသိရှင်ကြား မှတ်ချက်တွင် “
နိုင်ငံတကာသတင်း အမေရိကန်

အစမ်းခန့် ဖက်ဒရယ်ဝန်ထမ်းများကို ပြန်လည်ခန့်အပ်ရန် တရားသူကြီး၏အမိန့်ကို ရပ်ဆိုင်းရန် ထရန့် အစိုးရက တရားရုံးချုပ်ကို တောင်းဆိုထားသည်။

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 17 Views
မတ်လ (၂၄) ရက်။ ဝါရှင်တန် (AP)။ ထရန့်အစိုးရက ဖက်ဒရယ်အစိုးရ အရွယ်အစားကို သိသိသာသာ လျှော့ချဖို့ ရည်ရွယ်တဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ထုတ်ပစ်မှုကို ရပ်ဆိုင်းပြီး ပြန်လည်ခန့်အပ်ဖို့ အမိန့်ချမှတ်မှုကို ဗဟိုတရားရုံးချုပ်က ရပ်ဆိုင်းပေးဖို့
နိုင်ငံတကာသတင်း ဥရောပ

‘အမေရိကန်တွေက သူတို့ရဲ့ သင်ခန်းစာကို မသင်ယူခဲ့ကြဘူး’ – အမေရိကန်ကုန်ပစ္စည်းတွေကို ဥရောပသားတွေ သပိတ်မှောက်

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 17 Views
မတ်လ (၂၄) ရက်။ မိုယာ အိုစူလေဗန် (Moya O’Sullivan) သည် သူမ၏ ဗီဒိုများကို ကြည့်လိုက်ရာ ပြဿနာတစ်ခုကို တွေ့လိုက်သည်။ သူမ၏ ခရင်မ်ချိစ်၊ သွားတိုက်ဆေး၊ ခံတွင်းဆေး၊ ဝီစကီနှင့် အချိုရည်အားလုံးသည် အမေရိကန်ထုတ်ကုန်တွေ