နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာ အဆောက်အအုံများကို အစ္စရေးတို့ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာကြေညာ

++++++++++++++++++++++++++++++++++++++++++++++++++++++

အောက်တိုဘာလ (၂၁) ရက်။

ဘေရွတ်ရှိ ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာနေရာအဆောက်အအုံများကို အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် မီဒီယာက ကြေညာသည်။

ဘေရွတ်မြို့ရှိ ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သည့် ဘဏ္ဍာရေးအဖွဲ့အစည်း အင်စတီကျူးရှင်းတစ်ခု၏ ဌာနခွဲသုံးခုကို တနင်္ဂနွေနေ့ညနေပိုင်းတွင် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်အစိုးရပိုင် အမျိုးသားသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တိုက်ခိုက်မှုများသည် ဘေရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံးရှိ Hay Al-Sellom၊ Burj Al-Barajneh နှင့် Ghobeiry ဒေသများရှိ Al-Qard Al-Hassan ဌာနခွဲများကို ထိမှန်ခဲ့ကြောင်း NNA သတင်းတွင် ဖော်ပြထားသည်။

Al-Qard Al-Hassan ဌာနခွဲအနီးရှိ အပျက်စီးများဖြစ်နေသည့်အဆောက်အအုံများကို ရှင်းလင်းနေသည့် Hermel တွင် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေကြောင်း သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အခြားနေရာများတွင်၊ Beqaa ဒေသရှိ Baalbek အစိုးရဆေးရုံသည် လူနာများအား လမ်းတစ်ဖက်ရှိ ဘဏ္ဍာရေး အဖွဲ့အစည်းနှင့် ဆက်စပ်နေသည့် အဆောက်အအုံတစ်ခုမှ ပိုမိုဝေးကွာသော “ဘေးကင်းသောအခန်းများ” သို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနမှ CNN သို့ ပြောကြားခဲ့သည်။ “ ဆေးရုံက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေတယ်” ဟု ဝန်ကြီးဌာနက ပြောပါသည်။

တနင်္ဂနွေနေ့အစောပိုင်းတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် ဟစ်ဇ်ဘိုလာ၏ ဘဏ္ဍာရေး အရင်းအမြစ်များဝင်ရောက်လာမှုကို ပိတ်ဆို့ရန်အတွက် Al-Qard Al-Hassan အဖွဲ့ပိုင်နေရာများကို တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က သတိပေးခဲ့သည်။ နောက်ပိုင်းတွင် လက်ဘနွန်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အခြားနေရာများနှင့်အတူ ဘေရွတ်မြို့၏ အစိတ်အပိုင်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးချက် ထုတ်ပြန် ထားသည်။

နောက်ခံအချက်အလက်များ။

၁၉၈၃ ခုနှစ်တွင် တည်ထောင်ခဲ့သော Al-Qard Al-Hassan သည် ရှီအာ အသိုင်းအဝိုင်းအတွက် အတိုးမဲ့ချေးငွေများ ပံ့ပိုးပေးသည့် ဟစ်ဇ်ဘိုလာနှင့် ချိတ်ဆက်ထားသော အကျိုးအမြတ် မယူသော ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် ၎င်း၏လုပ်ငန်းဆောင်တာများ လုပ်ဆောင်ပေးသည့်သူများကို လစာများပေးပြီး အရပ်သားများကို ထောက်ပံ့ရန် အဖွဲ့အစည်းကို အသုံးပြုကာ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားနေခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

Source: CNN

ဓာတ်ပုံ။

ဟစ်ဇ်ဘိုလာနှင့် ဆက်နွှယ်သော ငွေကြေးဆိုင်ရာ အဆောက်အအုံများကို အစ္စရေးတို့ လေကြောင်းမှတိုက်ခိုက်နေစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 17 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 27 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး