နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

ဆောင်းပါးများ

ဆောင်းပါးများ

ထောင်ဆိုသည်မှာ ရာဇဝတ်မှုကျူးလွန်နေတဲ့ ဂိုဏ်းလား။

မနီလာ။ ဖိလစ်ပင်း (အေပီသတင်း) – ဖိလစ်ပိုင်အာဏာပိုင်များက တနင်္လာနေ့က အကျဉ်းထောင် ထိပ်တန်းအရာရှိကြီးနှင့်သူ၏ နောက်လိုက်ကို ရေဒီယို သတင်းဝေဖန်သူ ပါအီဗယ်မာဘဆာ (Percival Mabasa) ကို သတ်ဖြတ်မှုတွင် နောက်ကွယ်မှ စီမံဆောင်ရွက်မှုဖြင့် အမှုဖွင့်လိုက်သည်။ ထိုပစ်မှုက နိုင်ငံ၏ အကျဉ်းထောင်စနစ်သည် ရာဇဝတ်မှု ကျူးလွန်နေသည့် အဖွဲ့အစည်းအဖြစ် ပြောင်းလဲနေကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

ထောင်ပိုင်ဂျရယ်ဘန်တက် (Gerald Bantag) ကို အမှုဖွင့်လိုက်ပြီး ရာထူးလည်း ချထားလိုက်သည်။ သတင်းဝေဖန်သူ ပါစီဗယ် မာဘဆာကို အောက်တိုဘာလ ၃ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်မှုကြောင့် အကျဉ်းထောင် လုံခြုံရေးအရာရှိ ရီကာဒိုဇူလူအီတာ (Ricardo Zulueta) နှင့် အခြားသံသယရှိသူများကိုလည်း ရာထူးမှ ရပ်ဆိုင်းထားလိုက်သည်။

သတင်းသမားဖြစ်သူ မာဘဆာ (Percival Mabasa) သည် ထောင်ပိုင်ဂျရယ်ဘန်တက်နှင့် အရာရှိများကို ခြစားမှုဖြင့် အပြင်းအထန်ဝေဖန် ပြောဆိုခဲ့သူဖြစ်သည်။

သတင်းထုတ်လွှင့်သူအဖြစ် ပါစီလပစ် အမည်ခံယူထားသူ မာဘဆာသည် အရှေ့တောင်အာရှနိုင်ငံတွင် နောက်ဆုံး အသတ်ခံခဲ့ရသည့် သတင်းသမားတယောက်ဖြစ်သည်။ ထိပ်တန်းတရားရေးဌာ၊ ပြည်ထဲရးနှင့် ပုလိပ်အရာရှိများက သတင်းစာကွန်ဖရင့်တွင် ပြောကြားရာတွင် ထောင်ပိုင် ဂျရယ်ဘန်တက် အုပ်ချုပ်သည့် အကြီးမားဆုံးထောင်တွင်ထောင်ကျနေသည့်ဂိုဏ်းခေါင်းဆောင် (၃) ဦးတို့မှ မာဘဆာကိုပစ်သတ်ရန် ငွေကြေး ပီဆို ၅၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၉၃၀၀)ပေးပြီး သေနတ်သမားကို ရှာဖွေကြသည်ဟု ဆိုသည်။

သတ်ဖြတ်မှုဖြစ်ပြီးနောက် ပုလိပ်ဌာနက သေနတ်သမားသည် ဂျိုလ်အက်စကိုရီရယ် ဖြစ်သည်ဟု ထုတ်ဖော်ခဲ့သည်။ သူမှတဆင့်အကျဉ်းသား ယွန်ဗီလာမိုကို ထုတ်ဖော်ခဲ့သည်။ ယွန်ဗီလာမိုသည် မာဘဆာကို သတ်ဖြတ်ရန်အတွက် ဂိုဏ်းခေါင်းဆောင်များက ဂျိုလ်အက်စကိုရီရယ်ကို ခိုင်းစေရာတွင် ကြားခံဆောင်ရွက်ပေးရသူဖြစ်သည်ဟု ဆိုသည်။

ထောင်ပိုင်ဂျရယ်ဘန်တက်နှင့် ရီကာဒိုဇူလူအီတာတို့ ခိုင်းစေမှုအရ ဂိုဏ်းခေါင်းဆောင်များက နောက်ပိုင်းတွင် ထောင်တွင်း၌ ဦးခေါင်းကို ပလပ်စတစ်အိပ်စွပ်၍ အသက်ရှုကြပ်စေပြီး နှုတ်ပိတ်ပစ်ခဲ့သည်ဟု အရာရှိများကဆိုသည်။

မူရင်း။ AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း

ကျရှုံးနိုင်ငံ ဘာကြောင့် ဖြစ်လာရသလဲ။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
အထူးဆောင်းပါး။ ဆောင်းပါးရှင် မြားနတ်မောင် မျှဝေပါသည်။ မြန်မာနိုင်ငံကျဆုံးနိုင်ငံဖြစ်လာရတာ စစ်တပ်က မိမိအလုပ်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးကို အာရုံမစိုက်ခဲ့ဘဲ စစ်ခေါင်းဆောင်အဆက်ဆက် တိုင်းပြည်ကို လက်ပြောင်း
ဆောင်းပါးများ နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံက အကျင့်ပျက် ဗုဒ္ဓဘာသာဘုန်းကြီးဆိုးများ

  • 2024 ခုနှစ်၊ ဩဂုတ်လ 27 ရက်
  • 31 Views
သတင်းဆောင်းပါး ABC ဗီဒီယိုသတင်းက နိုင်ငံခြားသတင်းထောက် Foreign Correspondent- Lauren Day က တင်ပြခဲ့တဲ့ Sex, drugs,
ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 250 Views
‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။ အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့် LORI HINNANT တို့မှ ၂၀၂၂ခုနှစ် သြဂုတ် ၁၀ရက်နေ့ တွင်ရေးသားသည့် ‘The
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 237 Views
ခရီးစထွက်ပြီဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။ လမ်းပြအဖြစ် တာဝန်ယူပေးမယ့် ကိုအောင်မြင့်မြတ် စီစဉ်ပေးတဲ့ကားနဲ့ အူဆာဂီ၊ ငြိမ်းချမ်းနဲ့ ကျနော်တို့ အိုက်ဇောကနေ
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ရုပ်သံဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 160 Views
ဒီခရီးစဉ် အပိုင်း (၂) မှာတော့ မင်းတပ်မြို့နယ်၊ ဝမ္မတူရွာမှာရှိတဲ့ စစ်လော်ဘီတွေက တော်လှန်ရေး သမားတွေကို ဆေးကုပေးနေတယ်ဆိုပြီး ဗုံးကြဲဖို့ အကြိမ်များစွာ တိုက်တွန်းခံခဲ့ရတဲ့ ဝမ္မတူဆေးရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယောမန်တို့ ရဲ့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့တွေ့ဆုံခဲ့ပါတယ်။
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၁)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 196 Views
၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့အရေးကို မှတ်တမ်းတင်နေသူ ကျနော့်မိတ်ဆွေ ဂျပန်ဗီဒီယိုသတင်းသမား အာဆာဘီနဲ့ မဲဆောက်မြို့ကိုလာရောက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေစဉ် ဂျပန်ဝါရင့်သတင်းသမား အူဆာဂီတို့အဖွဲ့နဲ့ ၂၀၂၂ ခုနှစ်မှာ မဲဆောက်မြို့မှာ တွေ့ရှိခင်မင်ခဲ့ကြပြီး ဘန်ကောက်ရောက်တဲ့အခါ ပြည်တွင်းက ထွက်ပြေးလာတဲ့ ကျောင်းဆရာ
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 140 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း(နောက်ဆုံးပိုင်း)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 117 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပေးမှာပါ။ ဆောင်းပါးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ဖက်ဒရယ်နောက်ခံသမိုင်းအကြောင်း၊ ဖက်ဒရယ်ကို အတားအဆီးဖြစ်နေတဲ့ အချက် ၃ ချက်ဖြစ်တဲ့ ဗမာမုန်းတီးရေး၊ လူမျိုးစုတစ်ခု