နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

နယ်စပ်ဒေသတည်ငြိမ်ဖို့ တရုတ်သံအမတ်နဲ့ ဒုစစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့ဆုံ

အောက်တိုဘာလ (၂၆)ရက်။

မနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံ‌ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတွေဆုံပွဲမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ကိစ္စနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ‌ဆိုပါတယ်။

နောက်ပြီး စစ်တပ်နှစ်ရပ်အကြား နည်းပညာ၊ သတင်းအချက်အလက်အပါအဝင် နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလဲ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်တွေ့ဆုံပွဲကို စစ်ကောင်စီဘက်က ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့အတူ နိုင်ငံခြားရေးဒုဝန်ကြီးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကာ တရုတ်ဘက်က သံအမတ် H.E. Ms. Ma Jia အပြင် စစ်သံမှူးနဲ့ သံရုံးတာဝန်ရှိသူတွေ ပါဝင်တယ်လို့ ရေးသားထားပါတယ်။

အခုရက်ပိုင်းထဲ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ တွေ့ဆုံတာတွေပြုလုပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာပြီးနောက် တရုတ်သံအမတ်နဲ့ ဒုစစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြတာပါ။

ကိုးကန့်တပ်(MNDAA)ကို တရုတ်ဘက်က တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ လားရှိုးမြို့က ပြန်လည်ဆုတ်ခွာဖို့ ဖိအားပေးပြောဆိုတာတွေရှိခဲ့တယ်လို့ သတင်းထွက်ပေါ်နေပေမယ့် နှစ်ဖက်တာဝန်ရှိသူတွေက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် နယ်စပ်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်တွေ ပိတ်ထားပြီး မြန်မာဘက်ကို ကုန်စည်ပို့ဆောင်ခွင့် တားမြစ်ထားတယ်လို့လဲ ဒေသတွင်းသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးမြို့လယ်မှာ ဒေါက်တာတေဇာဆန်း ဦးဆောင်ပြီး ဘူးသပိတ် လူထုလှုပ်ရှားမှုတရပ်ပြုလုပ်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 5 Views
အောက်တိုဘာလ (၂၆)ရက်။ မန္တလေးမြို့လယ်မှာ ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ တော်လှန်ရေးရဲဘော်တွေက အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တဲ့ ဘူးသပိတ် လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာသတင်း

မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်မှ ထပ်ပြီးအုပ်စိုးလို့မရအောင် ကြိုးစားနေတာလို့ SNLD ဥက္ကဋ္ဌပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 7 Views
အောက်တိုဘာလ (၂၆)ရက်။ မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်မှ ထပ်ပြီးအုပ်စိုးလို့မရအောင် ကြိုးစားနေတာလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွှန့်လွင်က ဒီကနေ့ နှစ်ပတ်လည်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရေဘေးသင့် မြန်မာပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာ (၃)သန်း ထပ်မံကူညီ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 7 Views
အောက်တိုဘာလ (၂၆)ရက်။ မြန်မာနိုင်ငံထဲက ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)က ရန်ပုံငွေ ဒေါ်လာ (၃)သန်း ထပ်မံပေးအပ်ခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြင်းထန်တဲ့ ရေကြီးတာနဲ့ လူတစ်သန်းကျော်ကို အကျိုးသက်ရောက်စေခဲ့တဲ့ တိုင်ဖွန်းယာဂီကြောင့် ပျက်စီးဆုံးရှုံးတာတွေနဲ့
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက တရက်ထဲ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်၊ အရပ်သားတစ်ဦးသေဆုံးပြီး စက်ရုံအချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 7 Views
အောက်တိုဘာလ (၂၆)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် လားရှိုးမြို့ရှိ မယ်ဟန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁)နာရီကျော်ကနေ (၁)နာရီခွဲဝန်းကျင်အထိ
မြန်မာသတင်း

နိုင်ငံမှာ သယံဇာတကြွယ်ဝတာကြောင့် ကြိုးစားရင် ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်မယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 8 Views
အောက်တိုဘာလ (၂၆)ရက်။ နိုင်ငံမှာ သယံဇာတကြွယ်ဝတာကြောင့် ကြိုးစားရင် ကမ္ဘာ့ထိပ်တန်းအဆင့်အထိရောက်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က တိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးတက္ကသိုလ်က ကျောင်းသားတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပပါတယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာ ရှိတာကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကို ပြည်တွင်းအားနဲ့သာ အဓိကထား တည်ဆောက်ရမယ်လို့
မြန်မာသတင်း

ရွှေရောင်းဝယ်တဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ စစ်ကောင်စီသတ်မှတ်၊ ရွှေရည်ညွှန်းဈေးသတ်မှတ်တဲ့ ကော်မတီတရပ်ကိုပါဖွဲ့စည်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 7 Views
အောက်တိုဘာလ (၂၆)ရက်။ ဓါတ်သတ္တု(ရွှေ)ရောင်းဝယ်တဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ သတ်မှတ်ကြောင်း စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအနေနဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ (၄)၊ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားတဲ့ အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံးပြီး
မြန်မာသတင်း

ပြည်သူ့စစ်အဖွဲ့တွေ ရုပ်သိမ်းပြီး KIO နဲ့ ပူးပေါင်းဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ သတိပေး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 10 Views
အောက်တိုဘာလ (၂၅)ရက်။ ပြည်သူ့စစ်အဖွဲ့တွေ ရုပ်သိမ်းပြီး KIO နဲ့ လမ်းတစ်ခုထဲမှာ အတူတူလျှောက်ဖို့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့မှာကျရောက်တဲ့ KIO ထူထောင်တာ (၆၄)နှစ်ပြည့်တဲ့နေ့မှာ သတိပေးပြောဆိုလိုက်တယ်လို့ သိရပါတယ်။ “ မိဘပြည်သူတွေရဲ့ အကြံပြုချက်အရ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၅၈၀၀)ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကုလညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 13 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၅၈၀၀)ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ မနေ့က ကျင်းပတဲ့ (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ သူတို့တင်သွင်းတဲ့ လက်နက်တွေကို စွမ်းအားကောင်းအောင်