နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

CNN သုံးသပ်ချက်

အမေရိကန်၏ ဖိအားပေးမှုအပြီးတွင် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်မှာ အီရန်အပေါ် မူတည်နေ

အောက်တိုဘာလ (၂၆) ရက်။

အစ္စရေးနှင့် အီရန်တို့အကြား ပြင်းထန်သော်လည်း ကြိုကြားကြိုကြား ဒုံးကျည်ပစ်လွှတ်မှုတွင် နောက်ဆက်တွဲ ဖြစ်လာမည့်အရာသည် ယခုမှစပြီး ၁၀ ရက်အတွင်း အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မည်သူအနိုင်ရမည်ဆိုသည့်အပေါ် များစွာ မူတည်နေမည်ဖြစ်သည်။

အမှုန်အမွှားပြာများ အီရန်တွင် အနယ်ကျလာသည့်အခါ အမေရိကန်၏ သံတမန်ရေးအရ ကြိုးစားမှုသည် အပြန်အလှန် တိုက်ခိုက်မှုကို လျော့ပါးလာစေခဲ့သည်။ အမည်မဖော်လိုသည့် ဒေသဆိုင်ရာ ရင်းမြစ်တခုက အီရန်သည် အစ္စရေး၏နောက်ဆုံး ဧပြီလတွင် တိုက်ခိုက်မှုကို တုံပြန်တိုက်ခိုက်လိမ့်မည်မဟုတ်ဟု တိကျမှန်ကန်စွာခန့်မှန်းနိုင်ခဲ့ပြီးသူက CNN အား အီရန်အနေနှင့် ဤလတ်တလော တိုက်ခိုက်မှုကိုလည်း မတုံ့ပြန်ဘဲနေမည်ဟု ဆိုသည်။

မစ်ရှင်လုပ်ဆောင်မှုအပေါ် အစ္စရေးတို့သည် သူတို့အနေနှင့်တိုက်ခိုက်မှုကို ပိုမိုလုခြုံ အန္တရာယ်ကင်းစွာ ဆက်လက်ဆောင်ရွက်သွားရန်နှင့် အီရန်၏ နျူကလီးယားစက်ရုံနေရာများနှင့် ရေနံထုတ်လုပ်ရာနေရာများကို မတိုက်ခိုက်ရန်ကိစ္စတို့တွင် သဘောထားကွဲနေခဲ့ကြသည်။ သူတို့ ထိုသို့ သဘောတူရခြင်းမှာအမေရိကန်က ပစ်မှတ်များကို လျော့ချရန် ဖိအားပေးမှုရလာဒ်ကြောင့် ဖြစ်သည်။

လွန်ခဲ့သည့်လက အီရန်မှ တိုက်ချင်းပစ်ဒုံးပျံများသည် အစ္စရေးစစ်ရေးပစ်မှတ်များသို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း အမေရိကန်သမတဘိုင်ဒင်က အချိုးကျသာ ပြန်လည်တုံ့ပြန်ရန် တောင်းဆိုခဲ့သည်၊ အကယ်၍ ဘိုင်ဒင်၏ စွက်ဖက်မှုသည် ထိရောက်မည်ဆိုပါက ထိုစစ်ဖြစ်လာသည် တနှစ်ကျော်ကာလအတွင်း သမတ အိမ်ဖြူတော်သည် အစ္စရေးဝန်ကြီးချုပ် နေတင်ရာဟု အပေါ် တစုံတရာ သြဇာကိုထိန်းသိမ်းထားမှုရှိနေကြောင်း အထောက်အထားတခု ဖြစ်ပေလိမ့်မည်။

ထိုအချက်သည် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများ၏ ခံစားနေရသော ဒုက္ခကိုသက်သာစေရန် အလဟသ သေကြေပျက်စီးနေမှု သို့မဟုတ် အကန့်အသတ်သာရှိသောအကူအညီရရှိနေမှုအခြေအနေကို ဖြေလျော့ပေးရန် နေတင်ရာဟုကို တိုက်တွန်းနိုင်မည်ဆိုပါက အကျိုးရှိမည်ဖြစ်သည်။ အစ္စရေးနှင့်ဟားမတ်စ် စစ်ပွဲအတွင်း အစ္စရေးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဂါဇာတွင် လူပေါင်း လေးသောင်းနှစ်ထောင် (၄၂၀၀၀) သေဆုံးခဲ့ပြီးဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် နေတင်ရာဟုသည် သမတဟောင်း ဒေါ်နယ်ထရန့်ကို ကာမလာဟဲရစ်ထက် ပိုမိုလိုလားသည်မှာ လျှို့ဝှက်ချက်တခုမဟုတ်ပါ။

အစ္စရေးဝန်ကြီးချုပ်က ဘယ်လိုအရေးယူဖို့ ဆောင်ရွက်မည်ကို စီစဉ်နေပြီး နောက်ဆုံးမှာ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာနှင့် အီရန်တို့နှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အိမ်ဖြူတော်မှ သူကကြားသိရတဲ့အပေါ် မူတည်သည်။ လွန်ခဲ့သည့်ညက အားလုံးမျက်မြင် ကြုံခဲ့ရသည်က နေတန်ယာဟုက တိုက်ခိုက်မှုကို ဆိုင်းငံထားလိုက်အချက်ဖြစ်ပါသည်။

ယခုအခါ မည်ကဲ့သို့တုံ့ပြန်မည်ဆိုသည်ကို အီရန် ဆုံးဖြတ်သည့်အပေါ် မူတည်နေပြီ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်”
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 18 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 17 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 18 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည်