နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်

1027 Operations

1027 Operations မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း တစ်နှစ်ပြည့်တဲ့နေ့ စစ်ကောင်စီက လောက်ကိုင်မြို့ကို ဗုံးတွေကြဲချတိုက်ခိုက်

အောက်တိုဘာလ (၂၇)ရက်။

ဒီကနေ့ နံနက် (၁၂)နာရီ (၂၀)မိနစ်အချိန်က အထူးဒေသ(၁)ရဲ့ မြို့တော် လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အာဏာသိမ်းတပ်က ‌နံနက် (၁၂)နာရီ (၂၀)မိနစ်မှာ လောက်ကိုင်မြို့က လူနေရပ်ကွက်တွေကို တိုက်လေယာဉ်တွေနဲ့ ဗုံး (၃)လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လောက်ကိုင်မြို့ရှိ စွန်းဖုန်ချိန်ဧရိယာကို တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ ဗုံး (၃)လုံးထက်မနည်း ကြဲချခဲ့ရာ ဟိုတယ်အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းဗုံးကြဲတဲ့ဖြစ်စဉ်ထဲ စွန်းဖုန်ချိန်ဧရိယာထဲရှိ အစားအစာရောင်းဝယ်တဲ့လမ်း ဆိုးရွားစွာ ပျက်စီးခဲ့ရသလို နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၄)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၇)ရက်နေ့ဟာ မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ပူးတွဲဖော်ဆောင်ပြီး စစ်ရှုံးစစ်ကောင်စီ အထိနာခဲ့တဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း တစ်နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။

‌ညီနောင် (၃)ဖွဲ့ရဲ့ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့နေ့မှာ ရှမ်းမြောက်ဒေသထဲက စစ်ကောင်စီရဲ့ အရေးပါတဲ့ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် မြို့အများအပြားနဲ့ တပ်စခန်းတွေကို သိမ်းပိုက်ရရှိထားပါတယ်။

ဒါ့အပြင် ရှမ်းမြောက်ဒေသ တိုက်ပွဲတွေမှာ တရုတ်ဘက်က ဖိအားပေးနေတဲ့ကြားက မြို့တွေ တမြို့ပြီးတမြို့ကို ‌ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွေဟာ ပြင်ဦးလွင်အနီးကို ရောက်ရှိလာနေပြီဖြစ်တယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 15 Views
ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့ နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၂)ရက်
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အစည်းအဝေးဆိုပြီး လူစုခိုင်းကာ ပြည်သူ (၅၀)ကျော်ကို ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 10 Views
နိုဝင်ဘာလ (၄)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ကန့်ဘလူမြို့နယ်၊ ဘူးကြီးရွာက အပြစ်မဲ့ပြည်သူ (၅၀)ခန့်ကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးသွားခဲ့တယ်လို့
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင် ဂတ်စ်ဆိုင် ဖောက်ခွဲခံရ၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 8 Views
ဆယ်အိမ်မှူးတစ်ဦးသေဆုံးပြီး ရာအိမ်မှူးနဲ့ စစ်ကောင်စီအရာရှိ ညီတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၄)ရက်။ မနေ့က နံနက် (၆)နာရီခန့်မှာ လှိုင်သာယာမြို့နယ်ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင်ဆိုင်တဲ့ ဂတ်စ်ဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တံတားဦးမြို့မှာ ကြံ့ခိုင်ရေးပါတီဝင် (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 6 Views
နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၂)ရက် ည (၉)နာရီခွဲအချိန်က မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ တံတားဦးမြို့နယ် ထနောင်းကိုင်းကျေးရွာက ကြံ့ခိုင်ရေးပါတီဝင်
မြန်မာသတင်း

ကျောက်တံခါးမြို့နယ်တိုက်ပွဲထဲ စစ်ကောင်စီ (၃)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 6 Views
နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့က ကျောက်တံခါးမြို့နယ်ရှိ ဆင်ရိုးခင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆင်ရိုးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA
မြန်မာသတင်း

ခေါပုတ်စခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး (၃)ဦးအပါအဝင် (၁၇)ဦး ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 10 Views
‌နိုဝင်ဘာလ (၄)ရက်။ မနေ့က ဖာပွန်မြို့ရှိ ခေါပုတ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးအဆင့်ရှိတဲ့ ဗိုလ်ကြီး (၃)ဦးအပါအဝင် စစ်သုံ့ပန်း (၁၇)ဦး ဖမ်းမိခဲ့တယ်လို့ BPLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNLA၊ PDF၊
မြန်မာသတင်း

မြစ်ကြီးနားမြို့ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင်တွေကို ခေါ်တွေ့ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 10 Views
နိုဝင်ဘာလ (၄)ရက်။ မနေ့က မြစ်ကြီးနားမြို့ပေါ်ရှိ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ခေါ်တွေ့ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေအနေနဲ့ မြို့လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို တာဝန်ရှိရှိ၊
မြန်မာသတင်း

ထိပ်သီးအစည်းအဝေးတွေတက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမယ်လို့ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 13 Views
နိုဝင်ဘာလ (၄)ရက်။ အခုရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး ခရီးစဉ်ထဲ နိုဝင်ဘာလ (၆)ရက်ကနေ (၇)ရက်အထိကျင်းပမယ့် ထိပ်သီးအစည်းအဝေးတွေကို