နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကြို့ပင်ကောက်မှာ အင်အား(၁၀၀)ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးခဲ့

အောက်တိုဘာလ (၂၇)ရက်။

မနေ့က နံနက် (၇)နာရီအချိန်မှာ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာဘက်က တက်လာတဲ့ အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Black Dragon GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့က ကွင်းချောင်းရွာဘက်ကနေ တက်လာတဲ့ အင်အား (၁၀၀)လောက်ပါတဲ့ စကစစစ်ကြောင်းကို ဥယျာဉ်ကြီးရွာထိပ်မှာ စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲခံရတဲ့အချိန်မှာ စကစ (၆)ဦးသေဆုံးပြီး ဒဏ်ရာရတာတွေလဲရှိတယ်၊ နောက်ပြီး စကစဘက်က ဖရိုဖရဲဖြစ်နေတဲ့အချိန် ၄၀မမနဲ့ ထက်ပစ်တာကြောင့် (၅)ဦးထပ်သေတယ်” လို့ ဆိုပါတယ်။

ကွင်းချောင်းရွာဘက်က တက်လာတဲ့ အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရတာကြောင့် (၆)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာတွေရရှိကာ ဖရိုဖရဲဖြစ်နေချိန် တော်လှန်ရေးရဲဘော်တွေက ၄၀မမနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖရိုဖရဲဖြစ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပစ်ခတ်ခံရတာကြောင့် (၅)ဦး ထပ်မံသေဆုံးခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ (၁)နာရီခန့်ကြာ နှစ်ဖက်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၆) Black Dragon GBK-PDF ရဲဘော်တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်အခြေအနေကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာတွေ လုံးဝ(လုံး၀) မပြုလုပ်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နတ်တလင်းရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 2 Views
မေလ (၃)ရက်။ မနေ့က နံနက်ပိုင်းအချိန် နတ်တလင်းမြို့ ဒမငယ်ရွာရှိ စစ်ကောင်စီရဲ့ ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေ တပြိုင်ထဲ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 2 Views
မေလ (၃)ရက်။ ဧပြီလ (၂၈)ရက်နေ့က ကျောက်ကြီးမြို့နယ်ထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အာရှ

CNN မှာ ဟယ်လင် ရီဂင် (Helen Regan) မှ လေ့လာသုံးသပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါး (ခေတ်မျက်လုံးမှ ဘာသာပြန်သည်)

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 4 Views
၂၀၂၅ခုနှစ်၊ မေလ ၃ရက်။ မြန်​မာ့​ငလျင်​က စစ်​ဘေး​ဒဏ်​သင့်​တဲ့​နိုင်ငံ​ကို ပျက်စီး​စေခဲ့သည်။ သို့ရာတွင် ကဲ့ရဲ့ရှုံ့ချခံခဲ့ရသော စစ်ခေါင်းဆောင်များအတွက် အခွင့်အလမ်းများကို ယူဆောင်လာခဲ့သည်။ မြေငလျင်များသည် မိမိတို့ချစ်ခင်ရသူ၊ အိမ်ရာများနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသူများအတွက် ဆိုးရွားလွန်းလှသော်လည်း အာဏာကို ဆုပ်ကိုင်ထားသော
မြန်မာသတင်း

ကမ္ဘာပေါ်မှာ သတင်းသမားတွေ ဖမ်းဆီးခံရတာ မြန်မာက ဒုတိယအများဆုံးနိုင်ငံလို့ဆို

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 5 Views
မေလ (၃)ရက်။ ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာ မြန်မာက ဒုတိယအများဆုံးနိုင်ငံလို့ ယူကေရဲ့ ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယူကေရဲ့ သတင်းထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ အလွန်ဆိုးရွားနေတယ်လို့ ဆိုပါတယ်။ ၂၀၂၄ခုနှစ်
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း – ၁၇ တပ်ရင်းမှူး အသတ်ခံရတယ်လို့ ဒေသခံတွေပြော

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 394 Views
သတ်ဖြတ်သွားသူများက တပ်ရင်းမှူးမှာ ကိုယ့်ကိုကိုယ်ကို သတ်သေသွားကြောင်း သတင်းလွှင့်နေတယ်ဟု ဆို မေလ (၂) ရက်။ ကနီမြို့နယ်၊ ပြန်လှည့်ကျေးရွာတွင် ယင်းမာပင်ခရိုင်တပ်ရင်း – ၁၇ တပ်ရင်းမှူး ကိုဖိုးစီ(ခ) ကိုဇင်မင်းကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦးက သေနတ်ဖြင့်
မြန်မာသတင်း

ရုရှား-ယူကရိန်းစစ်ပွဲ ရက်ပေါင်း ၁၁၆၃ ရက်အတွင်း ဖြစ်ပျက်ခဲ့သည့် အဓိကဖြစ်ရပ်များ စာရင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 97 Views
မေလ (၂) ရက်။ တိုက်ပွဲများ ရုရှားကတစိတ်တပိုင်းသိမ်းပိုက်ထားသောယူကရိန်၏ ခါဆွန် (Kherson)‌ ဒေသတွင် မကြာသေးမီက မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားသော တိုက်ခိုက်မှုအတွင်း ယူကရိန်းက အရပ်သားများကို
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 64 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊
မြန်မာသတင်း

NUG အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်သူမဟုတ်ဘူးလို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 39 Views
မေလ (၂)ရက်။ NUG ဟာ တရုတ်ရဲ့ ရန်သူမဟုတ်သလို အကျိုးစီးပွားကို ထိခိုက်စေမယ့်အဖွဲ့ မဟုတ်ဘူးဆိုတာ တိတိကျကျပြောဆိုဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီလ (၂၉)ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။