အောက်တိုဘာလ (၂၈)ရက်။
တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲနယ်မြေမှာ (၃)ရက်တာ စစ်ဆင်ရေးတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်သား (၁၇)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အမှတ်(၂)စစ်ဒေသခွဲနယ်မြေမှာ (၃)ရက်တာထဲ PDF တွေက စစ်ကောင်စီစစ်ကြောင်းနဲ့ အထိုင်ချစခန်းတွေကို စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးတွေကို ပဲခူးတိုင်းရှိ ကြို့ပင်ကောက်မြို့၊ ပဲနွယ်ကုန်းမြို့၊ ကျောက်ကြီးမြို့နဲ့ တောင်ငူမြို့တို့မှာ ဖော်ဆောင်ခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေထဲ စစ်ကောင်စီထံကနေ သေနတ် (၁)လက်ကို ရေတာရှည်မြို့နယ်ပကဖအဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့လဲ ရေးသားထားပါတယ်။
စစ်ဆင်ရေးတိုက်ပွဲတွေထဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ KNLA တပ်ရင်း(၉) ဒရုန်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။