နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန်ဒေါင့်စစ်ကောင်စီစခန်းက ရဲတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

အောက်တိုဘာလ (၂၈)ရက်။

အောက်တိုဘာလ (၂၆)ရက်နေ့မှာ စစ်ကောင်စီရဲ့ ကန်ဒေါင့်အခြေစိုက်စခန်းက ရဲတပ်ကြပ်တစ်ဦး အလင်းဝင်လာခဲ့တယ်လို့ ပုလဲမြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ကန်ဒေါင့်အခြေစိုက်စခန်းက ရဲတပ်ကြပ်ဟာ G3 တလက်၊ ကျည်အချို့၊ လက်ပစ်ဗုံးတလုံးနဲ့အတူ ပုလဲမြို့နယ်ပအဖထံ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

CDM ပြုလုပ် အလင်းဝင်လာတဲ့ ရဲတပ်ကြပ်ဟာ ပအဖနဲ့ ပကဖတို့က ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၈၀)အပြင် မြို့နယ်လူသားစာနာက ငွေ (၁)သိန်းကျပ်နဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ်ထဲ အလင်းဝင်လာသူတွေကို လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေကာ အချိန်မီ ပူးပေါင်းလာကြဖို့ မြို့နယ်ပအဖက ဖိတ်ခေါ်ထားပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ပုလဲမြို့နယ်ရှိ အင်မထီးပျူရွာကနေ ထွက်ပြေးလာတဲ့ ဒေသခံရွာသား (၆)ဦးကို ရပ်ကျေးပကဖ၊ ပအဖ ရဲဘော်တွေက ကယ်ဆယ်ထိန်းသိမ်းပေးခဲ့တယ်လို့ ‌ဆိုပါတယ်။

ဒါ့အပြင် ပျုစောထီးရွာထဲကနေ ထွက်ပြေးလာသူတွေကို စစ်ဆေးမေးမြန်းတာ၊ ခံဝန်ထိုးခိုင်းတာနဲ့ အပြင်မှာ ကောင်းမွန်စွာနေထိုင်ဖို့ မှာကြားခဲ့ပြီး (၃)သိန်းကျပ်နဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူဦးရေ ထပ်တိုးလာ

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 3 Views
မေလ (၃)ရက်။ မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူဦးရေ ထပ်တိုးလာတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နတ်တလင်းရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 4 Views
မေလ (၃)ရက်။ မနေ့က နံနက်ပိုင်းအချိန် နတ်တလင်းမြို့ ဒမငယ်ရွာရှိ စစ်ကောင်စီရဲ့ ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေ တပြိုင်ထဲ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 4 Views
မေလ (၃)ရက်။ ဧပြီလ (၂၈)ရက်နေ့က ကျောက်ကြီးမြို့နယ်ထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNLA နဲ့ ပူးပေါင်းတပ်တွေက ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အာရှ

CNN မှာ ဟယ်လင် ရီဂင် (Helen Regan) မှ လေ့လာသုံးသပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါး (ခေတ်မျက်လုံးမှ ဘာသာပြန်သည်)

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 4 Views
၂၀၂၅ခုနှစ်၊ မေလ ၃ရက်။ မြန်​မာ့​ငလျင်​က စစ်​ဘေး​ဒဏ်​သင့်​တဲ့​နိုင်ငံ​ကို ပျက်စီး​စေခဲ့သည်။ သို့ရာတွင် ကဲ့ရဲ့ရှုံ့ချခံခဲ့ရသော စစ်ခေါင်းဆောင်များအတွက် အခွင့်အလမ်းများကို ယူဆောင်လာခဲ့သည်။ မြေငလျင်များသည် မိမိတို့ချစ်ခင်ရသူ၊ အိမ်ရာများနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသူများအတွက် ဆိုးရွားလွန်းလှသော်လည်း အာဏာကို ဆုပ်ကိုင်ထားသော
မြန်မာသတင်း

ကမ္ဘာပေါ်မှာ သတင်းသမားတွေ ဖမ်းဆီးခံရတာ မြန်မာက ဒုတိယအများဆုံးနိုင်ငံလို့ဆို

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 6 Views
မေလ (၃)ရက်။ ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာ မြန်မာက ဒုတိယအများဆုံးနိုင်ငံလို့ ယူကေရဲ့ ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယူကေရဲ့ သတင်းထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ အလွန်ဆိုးရွားနေတယ်လို့ ဆိုပါတယ်။ ၂၀၂၄ခုနှစ်
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း – ၁၇ တပ်ရင်းမှူး အသတ်ခံရတယ်လို့ ဒေသခံတွေပြော

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 412 Views
သတ်ဖြတ်သွားသူများက တပ်ရင်းမှူးမှာ ကိုယ့်ကိုကိုယ်ကို သတ်သေသွားကြောင်း သတင်းလွှင့်နေတယ်ဟု ဆို မေလ (၂) ရက်။ ကနီမြို့နယ်၊ ပြန်လှည့်ကျေးရွာတွင် ယင်းမာပင်ခရိုင်တပ်ရင်း – ၁၇ တပ်ရင်းမှူး ကိုဖိုးစီ(ခ) ကိုဇင်မင်းကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦးက သေနတ်ဖြင့်
မြန်မာသတင်း

ရုရှား-ယူကရိန်းစစ်ပွဲ ရက်ပေါင်း ၁၁၆၃ ရက်အတွင်း ဖြစ်ပျက်ခဲ့သည့် အဓိကဖြစ်ရပ်များ စာရင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 98 Views
မေလ (၂) ရက်။ တိုက်ပွဲများ ရုရှားကတစိတ်တပိုင်းသိမ်းပိုက်ထားသောယူကရိန်၏ ခါဆွန် (Kherson)‌ ဒေသတွင် မကြာသေးမီက မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားသော တိုက်ခိုက်မှုအတွင်း ယူကရိန်းက အရပ်သားများကို
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 65 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊