နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာအလှမယ် သဲစုငြိမ်းအား MGI မှ ဆုကို ပြန်လည်ရုပ်သိမ်း

+++++++++++++++++++++++++++++++++++

အောက်တိုဘာလ (၂၈) ရက်။

Miss Grand International (MGI) 2024 ပြိုင်ပွဲမှာ 2nd Runner up ရရှိခဲ့တဲ့ အလှမယ် သဲစုငြိမ်းအား စည်းကမ်းဖောက်ဖျက်တဲ့ ပြုမူပြောဆိုမှုတွေ လုပ်ဆောင်ခဲ့လို့ ဆုကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၌ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် Miss Grand International ပြိုင်ပွဲမှာ အိန္ဒိယအလှမယ် Rachel Gupta မှာ သရဖူဆွတ်ခူးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသူ Christine Julian Opiaza Philippines က 1st Runner up ရရှိခဲ့ပြီး မြန်မာအလှမယ် သဲစုငြိမ်းက 2nd Runner up ရရှိခဲ့ပါတယ်။

အဆိုပါ ဆုချီးမြှင့်ပွဲအပြီး အလှမယ် သဲစုငြိမ်းဟာ စင်မြင့်ရှေ့မှာ သူမရဲ့သရဖူနဲ့ စလွယ်တို့ကို National Director ဖြစ်သူ ထူးအံ့လွင်က ဆွဲချွတ်ယူခဲ့ပြီး သူမမှာ ငိုကြွေးကာ ပွဲကျင်းပရာနေရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူမကို ပွေ့ချီထွက်ခွာသွားခဲ့တဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံခဲ့သလို ထိုင်းသတင်းဌာနအချိုမှာလည်း ဖော်ပြခဲ့ပြီး ရှုပ်ချဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရပါတယ်။

အဲ့ဒီနောက် Miss Grand Myanmar ရဲ့ National Director ဖြစ်သူက သရဖူကို ပြန်အပ်ရန် ဆုံးဖြတ်ခဲ့ကြောင်းနဲ့ National Director အဖြစ် ဆက်လုပ်တော့မှာ မဟုတ်ကြောင်း Live လွှင့်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီလိုပဲ အလှမယ်သဲစုငြိမ်းကလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ Miss Grand International (MGI) ကနေ နှုတ်ထွက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ အင်တာနက်ကွန်ရက်ကနေတဆင့် ပထမဆုရရှိခဲ့တဲ့ အိန္ဒိယအလှမယ်ကို မဆလာမျက်နှာနဲ့ အစရှိတဲ့ စော်ကားတဲ့ ရေးသားချက်တွေနဲ့ ရိုင်းစိုင်းတဲ့ မှတ်ချက်တွေကို မြန်မာပိရိသတ်တွေက ရေးသားခဲ့တဲ့အတွက် တခြားနိုင်ငံတွေကလည်း မြန်မာတွေ အလွန်ရိုင်းစိုင်းကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။

အခုခေတ်အချိန်အခါမှာ မြန်မာလို ရေးသားပေမယ့် AI ဘာသာပြန်ကို အသုံးပြုရင် အကြမ်းဖျဉ်းနားလည်နိုင်တာကြောင့် မြန်မာတွေအနေနဲ့ လက်လွတ်စပယ် မရေးသင့်ကြောင်း အင်တာနက်မှာ ပြောဆိုနေကြပါတယ်။

အရှုံးကို လက်မခံနိုင်တဲ့ မြန်မာအလှမယ်ဟာ 2nd Runner up အနေနဲ့ သူမ ရရှိမယ့် အနာဂတ်အောင်မြင်မှုတွေကိုပါ ဆုံးရှုံးခဲ့ရတဲ့အတက် မိအေးနှစ်ခါနာ ဖြစ်ရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့