နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့လယ် ဆူးလေမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ပြုလုပ်

အောက်တိုဘာလ (၃၁)ရက်။

ဒီကနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ ဓါတ်ပုံဘောင်ကိုသုံးပြီး “ ကြောက်ခတ်ကိုမှောက်ပစ်” ကြွေးကြော်သံနဲ့အတူ ပြည်သူလူထုကို တော်လှန်ရေး အသိပေးနှိုးဆော်တာလို့ ဆိုပါတယ်။

ဖက်ဆစ်စစ်တပ်ရဲ့အင်အားဟာ ရန်ကုန်မြို့နေလူထုရဲ့ ထက်ဝက်တောင်မရှိတော့သလို အင်အားရှိလို့ ဖိနှိပ်အုပ်ချုပ်နေတာမဟုတ်ဘဲ အကြောက်တရားကြောင့် အုပ်ချုပ်ခွင့်ရနေတာလို့ ဖော်ပြထားပါတယ်။

ဒီကနေ့အချိန်ဟာ ဘူးသပိတ်ကို အရှိန်မြှင့်ဖော်ဆောင်တာနဲ့ ‌အုံကြွတော်လှန်ပြီး အကြောက်တရားကို ရင်ဆိုင်ကျော်လွှားကာ ပြည်သူကိုယ်တိုင် တော်လှန်ရေးကို အဆုံးသတ်ရတော့မယ့် ကာလတစ်ခုလို့ ရေးသားထားပါတယ်။

“ တော်လှန်ရေးရဲ့ အသက်သွေးကြောဟာ ပြည်သူလူထုသာဖြစ်ပြီး လူထုရဲ့ ရုန်းကန်မှု လူထုရဲ့အသံဟာ အင်အားအကြီးဆုံးဖြစ်ပါတယ်။ ပြည်သူ့အသံဟာ အင်မတန်အရေးကြီးပြီး အခွင့်အရေးကို အသုံးချနိုင်ဖို့လိုပါတယ်။ ရန်သူကို အချိန်ဆွဲဆန့်ပြီး သက်ဆိုးရှည်စေဖို့ အခွင့်အရေး မပေးသင့်ဘူး” လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ထုတ်ပြန်တဲ့ ဓါတ်ပုံတွေကို အဖြူအမည်းပြုလုပ်ထားတာက အမှောင်ကျနေတဲ့ တိုင်းပြည်ကို ရည်ရွယ်ပြီး အနီရောင်တစ်ခုကိုသာ ဖော်ပြထားတာက အသက်သွေးတွေရင်းနှီးပြီး ရှေ့ဆက်နေရတဲ့ တော်လှန်ရေးကို ရည်ရွယ်တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ထီးခီးရွာထဲ စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 15 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေရှိ ထီးခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU
မြန်မာသတင်း

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ ကုလသံအမတ် ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 18 Views
အောက်တိုဘာလ (၁၄)ရက်။ စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ မနေ့က ကုလသမဂ္ဂမှာပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

နမ့်ဆန်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသူ (၁)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 23 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နမ့်ဆန်မြို့ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတာ။ ‌ရွာထဲ (၄)လုံးကျတယ်။ (၈)တန်းကျောင်းသူတဦး
မြန်မာသတင်း

လွိုင်လင်လေးမြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၁၀)ဦးကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာများပြားခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 18 Views
အောက်တိုဘာလ (၁၄)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ကစပြီး လွိုင်လင်လေးမြို့ လင်ဖုန်ကြီးရွာဖက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လင်ဖုန်းကြီးရွာက စစ်တပ်က အင်အား (၆၀)ကျော်နဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 50 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊ ABSDF၊ PNLO၊ NMSP(AD)နဲ့ LDU တိုက ဒီကနေ့မှာ တိုက်တွန်းထားတယ်လို သိရပါတယ်။
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 21 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာအနောက်ဘက်ကနေ ကင်းလှည့်ပြီး ပြန်ဝင်လာတဲ့ ရဲကားကို
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 25 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 24 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ