နိုဝင်ဘာလ (၂)ရက်။
အောက်တိုဘာလ (၃၁)ရက်နေ့က ပဲခူးတိုင်းထဲက လမ်းပိုင်းတနေရာမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူး ထိန်ထောက်ဆိုသူကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဗိုလ်မှူး ထိန်တောက်ဆိုသူဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးကျောင်း(သံတောင်ကြီး)ကို ခြေလျင်တပ်ရင်းမှူးသင်တန်း တက်ရောက်ဖို့အတွက် ခရီးထွက်လာခဲ့ရာကနေ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူး ထိန်တောက်ဟာ စစ်ကောင်စီလက်အောက်ခံ တဆရ-၁၂/၁၀၀(ထားဝယ်)က ပါရဂူသမားတော်ဖြစ်ပြီး သူနဲ့အတူ မိသားစုဝင်တွေကို ဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဗိုလ်မှူးဖြစ်တဲ့ ပါရဂူသမားတော် ထိန်တောက်နဲ့ မိသားစုဝင်တွေကို ရန်ကုန်တိုင်းစစ်ဌာနရဲ့ တပ်ရင်း (၅၁၀၂)က လက်ရဖမ်းဆီးရမိခဲ့တာလို့ ရေးသားထားပါတယ်။
ဖမ်းမိခဲ့တဲ့ ဗိုလ်မှူးကို စစ်သုံ့ပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေကိုလဲ လူ့အခွင့်အရေး အပြည့်အဝရရှိစေဖို့ ဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။