နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် သုံးရက်သာ ကျန်တော့ပြီး သမ္မတလောင်းနှစ်ဦးစလုံးသည် တောင်ပိုင်းရှိ ပြည်နယ်များတွင် အပြိုင်အဆိုင်မဲဆွယ်

နိုဝင်ဘာလ (၂) ရက်၊ CNN ဂျပန်။

ကန်သမ္မတရွေးကောက်ပွဲကျင်းပရန် သုံးရက်သာ လိုတော့သည့်အချိန်တွင် ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတဟဲရစ်နှင့် ရီပတ်ဘလီကန်သ မ္မတလောင်း ဒေါ်နယ်ထရန့်တို့သည် တောင်ပိုင်းပြည်နယ်များကို ဖြတ်သန်းသွားလာရင်း အပြိုင်အဆိုင် တစ်ဦးနှင့်တစ်ဦး စကားဆစ်ထိုးနှက်နေကြသည်။

နိုဝင်ဘာလ (၂) ရက်နေ့တွင် ဟဲရစ်သည် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာနှင့် မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှားလော့တို့တွင် လူထုစုဝေးပွဲများ ပြုလုပ်ခဲ့သည်။

အတ္တလန်တာတွင် လူထုစုဝေးပွဲမတိုင်မီ CNN နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဟဲရစ်က မဲဆန္ဒရှင်များအားလုံး သူမအသံကြားနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်းနှင့် “ အမေရိကန်ပြည်သူအားလုံးအတွက် သမ္မတ ဖြစ်ရမည်” ဟူသော ဆောင်ပုဒ်ကို ထပ်လောင်းပြောကြားခဲ့သည်။

လူထုစုဝေးပွဲ၌ သူနှင့် ထရန့် လိုလားသော သမ္မတပုံစံ အမျိုးအစားကို နှိုင်းယဉ်ခဲ့ပြီး ထရန့်၏ နိုင်ငံရေး ပြိုင်ဘက်များအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှုများကို ဝေဖန်ခဲ့သည်။

ရှားလော့တွင် ထရန့်သည် လက်စားချေလိုစိတ်ဖြင့် မတည်မငြိမ်ဖြ စ်လာကြောင်း ထောက်ပြခဲ့ပြီး ထရန့်သည် “ ရန်သူစာရင်း” ကို အာရုံစိုက်နေချိန်တွင် သူမသည် “ လုပ်ဆောင်ရမည့်အရာများစာရင်း” ကို အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။ သူမသည် သူမမိန့်ခွန်းပြောနေသည်ကို ဆန္ဒပြသူများက အကြိမ်ပေါင်းများစွာ နှောင့်ယှက်ခဲ့သော်လည်း ဟဲရစ်က “ကျွန်မရဲ့ မဲဆွယ်မှုက ဒီမိုကရေစီစနစ်ကရဲ့ အကြောင်းအရာ” ဖြစ်သည်ဟု တုံ့ပြန်ခဲ့ပြီး သူမ သမ္မတဖြစ်လာလျှင် “ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲများကို အဆုံးသတ်စေပြီး ဓားစာခံတွေကို အိမ်ပြန်ပို့မယ်” ဟု ကတိပြုခဲ့ပါသည်။

ထရန့်သည် နိုဝင်ဘာလ (၂) ရက်နေ့တွင် Gastonia၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဂတ်စ်တိုနီးယားနှင့် ဗာဂျီးနီးယားပြည်နယ် ဆေလမ်တွင် ပြုလုပ်သည့် လူထုစုဝေးပွဲများတွင် စကားပြောခဲ့သည်။ ထို့နောက် မြောက်ကာရိုလိုင်းနားပြည်နယ်သို့ ပြန်သွားပြီး ဂရင်းစဘိုရိုတွင် စုဝေးပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့သည်။

ဂတ်စ်တိုနီးယားတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် လူမည်းများထံမှ အလုပ်အကိုင်များ ခိုးယူနေကြောင်း အခြေအမြစ် မရှိသော ပြောဆိုမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထရန့်သည် အမျိုးသားများကြားတွင် ထောက်ခံမှု မြင့်မားသည်ဟု ဖော်ပြထားသော်လည်း အမျိုးသားနှင့် အမျိုးသမီးကြား ထောက်ခံမှု ကွာဟချက် ကျယ်ပြန့်လာနေကြောင်းကို အသိအမှတ်ပြုကာ သူ ရွေးချယ်ခံရပါက “အမျိုးသမီးများကို ကာကွယ်ပေးမည်” ဟု ထပ်မံပြောကြားခဲ့ပါသည်။ ဤပြောဆိုချက်များကို ဟဲရစ်ဘက်မှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အာဖရိကားမှ ရွှေ့ပြောင်းနေထိုင်သူ လူမည်းအမျိုးသားများအကြားတွင် အမျိုးသမီးသမတ ဖြစ်မည်ကို မလိုလားသူများသည် ယခင် ဒီမိုကရစ်တစ် သမတဟောင်း အိုဘာမာကို ထောက်ခံသော်လည်း ယခု ရွေးကောက်ပွဲတွင် ထရန့်ကို ထောက်ခံကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

ဆေရမ်ချီတက်ပွဲ၌ ထရန့်သည် လက်ရှိ အာဏာရ အစိုးရတွင် ဟားရစ်၏ လူဝင်မှုကြီးကြပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများ ကိုင်တွယ်ပုံကို ဝေဖန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော