နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် သုံးရက်သာ ကျန်တော့ပြီး သမ္မတလောင်းနှစ်ဦးစလုံးသည် တောင်ပိုင်းရှိ ပြည်နယ်များတွင် အပြိုင်အဆိုင်မဲဆွယ်

နိုဝင်ဘာလ (၂) ရက်၊ CNN ဂျပန်။

ကန်သမ္မတရွေးကောက်ပွဲကျင်းပရန် သုံးရက်သာ လိုတော့သည့်အချိန်တွင် ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတဟဲရစ်နှင့် ရီပတ်ဘလီကန်သ မ္မတလောင်း ဒေါ်နယ်ထရန့်တို့သည် တောင်ပိုင်းပြည်နယ်များကို ဖြတ်သန်းသွားလာရင်း အပြိုင်အဆိုင် တစ်ဦးနှင့်တစ်ဦး စကားဆစ်ထိုးနှက်နေကြသည်။

နိုဝင်ဘာလ (၂) ရက်နေ့တွင် ဟဲရစ်သည် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာနှင့် မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှားလော့တို့တွင် လူထုစုဝေးပွဲများ ပြုလုပ်ခဲ့သည်။

အတ္တလန်တာတွင် လူထုစုဝေးပွဲမတိုင်မီ CNN နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဟဲရစ်က မဲဆန္ဒရှင်များအားလုံး သူမအသံကြားနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်းနှင့် “အမေရိကန်ပြည်သူအားလုံးအတွက် သမ္မတ ဖြစ်ရမည်” ဟူသော ဆောင်ပုဒ်ကို ထပ်လောင်းပြောကြားခဲ့သည်။

လူထုစုဝေးပွဲ၌ သူနှင့် ထရန့် လိုလားသော သမ္မတပုံစံ အမျိုးအစားကို နှိုင်းယဉ်ခဲ့ပြီး ထရန့်၏ နိုင်ငံရေး ပြိုင်ဘက်များအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှုများကို ဝေဖန်ခဲ့သည်။

ရှားလော့တွင် ထရန့်သည် လက်စားချေလိုစိတ်ဖြင့် မတည်မငြိမ်ဖြ စ်လာကြောင်း ထောက်ပြခဲ့ပြီး ထရန့်သည် “ရန်သူစာရင်း” ကို အာရုံစိုက်နေချိန်တွင် သူမသည် “လုပ်ဆောင်ရမည့်အရာများစာရင်း” ကို အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။ သူမသည် သူမမိန့်ခွန်းပြောနေသည်ကို ဆန္ဒပြသူများက အကြိမ်ပေါင်းများစွာ နှောင့်ယှက်ခဲ့သော်လည်း ဟဲရစ်က “ကျွန်မရဲ့ မဲဆွယ်မှုက ဒီမိုကရေစီစနစ်ကရဲ့ အကြောင်းအရာ” ဖြစ်သည်ဟု တုံ့ပြန်ခဲ့ပြီး သူမ သမ္မတဖြစ်လာလျှင် “ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲများကို အဆုံးသတ်စေပြီး ဓားစာခံတွေကို အိမ်ပြန်ပို့မယ်” ဟု ကတိပြုခဲ့ပါသည်။

ထရန့်သည် နိုဝင်ဘာလ (၂) ရက်နေ့တွင် Gastonia၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဂတ်စ်တိုနီးယားနှင့် ဗာဂျီးနီးယားပြည်နယ် ဆေလမ်တွင် ပြုလုပ်သည့် လူထုစုဝေးပွဲများတွင် စကားပြောခဲ့သည်။ ထို့နောက် မြောက်ကာရိုလိုင်းနားပြည်နယ်သို့ ပြန်သွားပြီး ဂရင်းစဘိုရိုတွင် စုဝေးပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့သည်။

ဂတ်စ်တိုနီးယားတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် လူမည်းများထံမှ အလုပ်အကိုင်များ ခိုးယူနေကြောင်း အခြေအမြစ် မရှိသော ပြောဆိုမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထရန့်သည် အမျိုးသားများကြားတွင် ထောက်ခံမှု မြင့်မားသည်ဟု ဖော်ပြထားသော်လည်း အမျိုးသားနှင့် အမျိုးသမီးကြား ထောက်ခံမှု ကွာဟချက် ကျယ်ပြန့်လာနေကြောင်းကို အသိအမှတ်ပြုကာ သူ ရွေးချယ်ခံရပါက “အမျိုးသမီးများကို ကာကွယ်ပေးမည်” ဟု ထပ်မံပြောကြားခဲ့ပါသည်။ ဤပြောဆိုချက်များကို ဟဲရစ်ဘက်မှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အာဖရိကားမှ ရွှေ့ပြောင်းနေထိုင်သူ လူမည်းအမျိုးသားများအကြားတွင် အမျိုးသမီးသမတ ဖြစ်မည်ကို မလိုလားသူများသည် ယခင် ဒီမိုကရစ်တစ် သမတဟောင်း အိုဘာမာကို ထောက်ခံသော်လည်း ယခု ရွေးကောက်ပွဲတွင် ထရန့်ကို ထောက်ခံကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

ဆေရမ်ချီတက်ပွဲ၌ ထရန့်သည် လက်ရှိ အာဏာရ အစိုးရတွင် ဟားရစ်၏ လူဝင်မှုကြီးကြပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများ ကိုင်တွယ်ပုံကို ဝေဖန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက