နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် သုံးရက်သာ ကျန်တော့ပြီး သမ္မတလောင်းနှစ်ဦးစလုံးသည် တောင်ပိုင်းရှိ ပြည်နယ်များတွင် အပြိုင်အဆိုင်မဲဆွယ်

နိုဝင်ဘာလ (၂) ရက်၊ CNN ဂျပန်။

ကန်သမ္မတရွေးကောက်ပွဲကျင်းပရန် သုံးရက်သာ လိုတော့သည့်အချိန်တွင် ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတဟဲရစ်နှင့် ရီပတ်ဘလီကန်သ မ္မတလောင်း ဒေါ်နယ်ထရန့်တို့သည် တောင်ပိုင်းပြည်နယ်များကို ဖြတ်သန်းသွားလာရင်း အပြိုင်အဆိုင် တစ်ဦးနှင့်တစ်ဦး စကားဆစ်ထိုးနှက်နေကြသည်။

နိုဝင်ဘာလ (၂) ရက်နေ့တွင် ဟဲရစ်သည် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာနှင့် မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှားလော့တို့တွင် လူထုစုဝေးပွဲများ ပြုလုပ်ခဲ့သည်။

အတ္တလန်တာတွင် လူထုစုဝေးပွဲမတိုင်မီ CNN နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဟဲရစ်က မဲဆန္ဒရှင်များအားလုံး သူမအသံကြားနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်းနှင့် “ အမေရိကန်ပြည်သူအားလုံးအတွက် သမ္မတ ဖြစ်ရမည်” ဟူသော ဆောင်ပုဒ်ကို ထပ်လောင်းပြောကြားခဲ့သည်။

လူထုစုဝေးပွဲ၌ သူနှင့် ထရန့် လိုလားသော သမ္မတပုံစံ အမျိုးအစားကို နှိုင်းယဉ်ခဲ့ပြီး ထရန့်၏ နိုင်ငံရေး ပြိုင်ဘက်များအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှုများကို ဝေဖန်ခဲ့သည်။

ရှားလော့တွင် ထရန့်သည် လက်စားချေလိုစိတ်ဖြင့် မတည်မငြိမ်ဖြ စ်လာကြောင်း ထောက်ပြခဲ့ပြီး ထရန့်သည် “ ရန်သူစာရင်း” ကို အာရုံစိုက်နေချိန်တွင် သူမသည် “ လုပ်ဆောင်ရမည့်အရာများစာရင်း” ကို အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။ သူမသည် သူမမိန့်ခွန်းပြောနေသည်ကို ဆန္ဒပြသူများက အကြိမ်ပေါင်းများစွာ နှောင့်ယှက်ခဲ့သော်လည်း ဟဲရစ်က “ကျွန်မရဲ့ မဲဆွယ်မှုက ဒီမိုကရေစီစနစ်ကရဲ့ အကြောင်းအရာ” ဖြစ်သည်ဟု တုံ့ပြန်ခဲ့ပြီး သူမ သမ္မတဖြစ်လာလျှင် “ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲများကို အဆုံးသတ်စေပြီး ဓားစာခံတွေကို အိမ်ပြန်ပို့မယ်” ဟု ကတိပြုခဲ့ပါသည်။

ထရန့်သည် နိုဝင်ဘာလ (၂) ရက်နေ့တွင် Gastonia၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဂတ်စ်တိုနီးယားနှင့် ဗာဂျီးနီးယားပြည်နယ် ဆေလမ်တွင် ပြုလုပ်သည့် လူထုစုဝေးပွဲများတွင် စကားပြောခဲ့သည်။ ထို့နောက် မြောက်ကာရိုလိုင်းနားပြည်နယ်သို့ ပြန်သွားပြီး ဂရင်းစဘိုရိုတွင် စုဝေးပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့သည်။

ဂတ်စ်တိုနီးယားတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် လူမည်းများထံမှ အလုပ်အကိုင်များ ခိုးယူနေကြောင်း အခြေအမြစ် မရှိသော ပြောဆိုမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထရန့်သည် အမျိုးသားများကြားတွင် ထောက်ခံမှု မြင့်မားသည်ဟု ဖော်ပြထားသော်လည်း အမျိုးသားနှင့် အမျိုးသမီးကြား ထောက်ခံမှု ကွာဟချက် ကျယ်ပြန့်လာနေကြောင်းကို အသိအမှတ်ပြုကာ သူ ရွေးချယ်ခံရပါက “အမျိုးသမီးများကို ကာကွယ်ပေးမည်” ဟု ထပ်မံပြောကြားခဲ့ပါသည်။ ဤပြောဆိုချက်များကို ဟဲရစ်ဘက်မှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အာဖရိကားမှ ရွှေ့ပြောင်းနေထိုင်သူ လူမည်းအမျိုးသားများအကြားတွင် အမျိုးသမီးသမတ ဖြစ်မည်ကို မလိုလားသူများသည် ယခင် ဒီမိုကရစ်တစ် သမတဟောင်း အိုဘာမာကို ထောက်ခံသော်လည်း ယခု ရွေးကောက်ပွဲတွင် ထရန့်ကို ထောက်ခံကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

ဆေရမ်ချီတက်ပွဲ၌ ထရန့်သည် လက်ရှိ အာဏာရ အစိုးရတွင် ဟားရစ်၏ လူဝင်မှုကြီးကြပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများ ကိုင်တွယ်ပုံကို ဝေဖန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့် နဲ့ ခွာပြဲသွားပြီးနောက် နိုင်ငံရေးပါတီသစ် ဖွဲ့တော့မည်ဟု အီလွန်မာ့စ်ခ် ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 6 ရက်
  • 6 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက် ကုဋေကြွယ်သူဌေး အီလွန်မာ့စ်ခ်သည် ဒေါ်နယ်ထရန့် နှင့် သိသိသာသာ ကွဲထွက် သွားပြီးနောက်
တရုတ် နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားကို စစ်ရှုံးနိမ့်စေခြင်းကို လက်မခံနိုင်ဟု EU ကို တရုတ်ပြော။

  • 2025 ခုနှစ်၊ ဇူလိုင်လ 6 ရက်
  • 19 Views
CNN —၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ရက် ရုရှားစစ်ရှုံးသွားလျှင် အမေရိကန်က တရုတ်နိုင်ငံကို အပြည့်အဝ အာရုံစိုက် စေနိုင် သောကြောင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လတ်တလော ထရန့်နှင့်ပူတင်တို့ ဖုန်းခေါ်ဆိုမှုအပြီးတွင် ယူကရိန်းသို့ ရုရှားက ဒရုန်းများ စံချိန်တင်အရေအတွက်ကို ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 19 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၄ရက် CNN —ကိ့ဗ်၊ ယူကရိန်း သမတ‌ဒေါ်နယ်ထရန့်နှင့် ရုရှားသမတ ဗလာဒီမာပူတင်နှင့် ခေါ်ဆိုဆွေးနွေးမှုအပြီးတွင်  ထရန့်က အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တိုးတက်မှုမရှိကြောင်း ပြောကြားခဲ့ပြီးနောက်တွင် ကိ့ဗ်သည် ရုရှား၏ စံချိန်တင်ခဲ့သောဒရုန်းဖြင့် တိုက်ခိုက်ခြင်းခံရပြီးနောက် နာရီပိုင်း အကြာတွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်သည် အဓိကခြေလှမ်းအဖြစ် အပစ်အခတ်ရပ်စဲရေး အတွက် ‘အပြုသဘော ဆောင်သော တုံ့ပြန်မှု’အဆိုပြုချက်ကို သဘောတူညီချက်တစ်ခုရရှိရန် တင်သွင်းခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 17 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ရက် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အား အပြုသဘောဆောင်သော တုံ့ပြန်မှုကို တင်သွင်းခဲ့ကြောင်း ဟားမတ်စ်က သောကြာနေ့တွင် ကြေညာခဲ့ပြီး လပေါင်းများစွာ ကြိုးပမ်းမှုများ မအောင်မြင်ဖြစ်ပြီးနောက် ပဋိပက္ခကို
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား ပဋိပက္ခတွင် အဆင့်အမြင့်ဆုံး ရုရှားအရာရှိတစ်ဦး သေဆုံးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 13 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၄ရက် CNN — ရုရှားရေတပ်၏ လက်ထောက်အကြီးအကဲသည် ရုရှားနိုင်ငံ ကာ့စ်(Kursk) ဒေသတွင် သေဆုံး သွားခဲ့သည်၊ ရုရှားနိုင်ငံ အရှေ့ဖျားရှိ ပရီမော်စကီး (Primorsky) ဒေသ၏ အုပ်ချုပ်ရေးမှူး အိုလက် ကိုဇမ်ယာကို
နိုင်ငံတကာသတင်း အမေရိကန်

ကွန်ဂရက်လွှတ်တော်သည် ထရန့်၏ ‘ကြီးမားလှပသော ဥပဒေကြမ်း’ ကို အတည်ပြု ပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 27 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ ရက် အမေရိကန်ကွန်ဂရက်လွှတ်တော်သည် ဒေါ်နယ်ထရန့်၏ ကြီးမားသောအခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတနှင့် သူ၏ ပြည်တွင်းအစီအစဉ်အတွက် သိသာထင်ရှားပြီး ခက်ခက်ခဲခဲ တိုက်ပွဲတွင် အောင်ပွဲတစ်ခုအဖြစ် အတည်ပြုပေးခဲ့သည်။ ကာပီတိုလ်ဟေးလ်အောက်လွှတ်တော်တွင် ခက်ခဲကြမ်းတမ်းသော အစည်းအဝေးအပြီးတွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဆာလောင်မွတ်သိပ်နေတဲ့ ပါလက်စတိုင်းတွေကို သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက သေနတ်နဲ့ပစ် တာကို တွေ့ခဲ့ရတယ်လို့ ဂါဇာအကူအညီပေးရေး ကန်ထရိုက်တာ ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 24 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။ ဂါဇာကမ်းမြောင်ဒေသ၏ မေးခွန်းထုတ်စရာဖြစ်နေသော အစ္စရေးနှင့် အမေရိကန် ကျောထောက်နောက်ခံ ပေးထားသော အစားအစာထောက်ပံ့ဖြန့်ဖြူးရေးနေရာသစ်တွင် တာဝန်ယူလုပ်ကိုင်နေသော လုံခြုံရေး ကန်ထရိုက်တာဟောင်းတစ်ဦးသည် ခြိမ်းခြောက်မှုမရှိဘဲ ဆာလောင်နေသော ပါလက်စတိုင်းများကို စက်သေနတ်များနှင့် ကြိမ်ဖန်များစွာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးက အရှိန်ပြင်းစွာ တိုက်ခိုက်လာတာကြောင့် ဂါဇာမှာ လူအများအပြား သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 24 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက် အစ္စရေး၏ တိုက်ခိုက်မှုများ ပြင်းထန်လာသောကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကြာသပတေးနေ့တွင် ပါလက်စတိုင်း ၈၀ ကျော် သေဆုံးခဲ့ကြောင်း ကျန်းမာရေး အရာရှိများ၏ ပြောကြားချက်အရ သိရသည်။ သေဆုံးသူများတွင် အကူအညီလာရောက်တောင်းခံသူ