နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်သွားတဲ့နေ့ အေလာလေယာဉ်ကွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့

နိုဝင်ဘာလ (၅)ရက်။

ဒီကနေ့ နံနက် (၈)နာရီခွဲခန့်က နေပြည်တော်ရှိ အေလာလေယာဉ်ကွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့သတင်းတွေအရ သိရပါတယ်။

“ ဒီမနက် (၈)နာရီ (၂၀)မိနစ်လောက်မှာ အေလာလေယာဉ်ကွင်းထဲ ပေါက်ကွဲတာ။ ပေါက်ကွဲတဲ့နေရာက လေယာဉ်ပြေးလမ်းနဲ့ ကားပါကင်ကြားမှာလို့တော့သိရတယ်၊ ထိခိုက်တာ‌တွေတော့ မသိရသေးဘူး” လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဟာ အေလာလေယာဉ်ကွင်းရှိ လေယာဉ်ပြေးလမ်းနဲ့ ကားပါကင်ကြားဖြစ်ပြီး PVC ပိုက်နဲ့ပြုလုပ်ထားတဲ့ ဗုံးကနေတဆင့် ပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီချန်နယ်သတင်းတွေက ဖော်ပြထားပါတယ်။

‌နေပြည်တော်ရှိ အေလာလေယာဉ်ကွင်းမှာ ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်ပျက်စီးခဲ့တဲ့ အခြေအနေအသေးစိတ်နဲ့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ လတ်တလော မသိရှိရသေးပါ။

အေလာလေယာဉ်ကွင်းထဲ ပေါက်ကွဲတာဖြစ်ပွားတဲ့ ဒီကနေ့ဟာ နံနက် (၆)နာရီကျော်အချိန် နေပြည်တော်လေဆိပ်ကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်တဲ့အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အဖွဲ့ကို ဒုစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် ဝန်ကြီးတွေ၊ နေပြည်တော်ဥက္ကဋ္ဌ၊ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ စစ်တပ်အရာရှိတွေအပြင် တရုတ်သံရုံးက ဒုတိယအကြီးအကဲတို့ ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တရုတ်ခရီးစဉ်ကို စစ်ခေါင်းဆောင်နဲ့အတူ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညိုစောနဲ့ ဝန်ကြီးတွေ၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းက ဝန်ကြီးချုပ်တွေအပြင် စစ်တပ်အရာရှိတွေ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

Black List သွင်းထားသူတွေကို ပြင်ပထွက်ခွင့်မပြုမိစေဖို့ စစ်ကောင်စီလဝကဝန်ကြီး ‌ညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 2 Views
‌နိုဝင်ဘာလ (၅)ရက်။ အမည်မည်းစာရင်း(Black List)သွင်းထားသူတွေကို ပြည်ပထွက်ခွင့်မပြုမိစေဘဲ တားဆီးဖို့ကို စစ်ကောင်စီရဲ့လဝကဝန်ကြီး ဦးမြင့်ကြိုင်က မနေ့က ရန်ကုန်လေဆိပ်ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

တန့်ဆည်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 8 Views
နိုဝင်ဘာလ (၅)ရက်။ နိုဝင်ဘာလ (၄)ရက်နေ့ ညပိုင်းအချိန်က တန့်ဆည်နယ်အနောက်ဘက်ခြမ်းရှိ ဇီးပေါက်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက
မြန်မာသတင်း

တရုတ်ကို ရောက်ရောက်ချင်း စစ်ခေါင်းဆောင် တရုတ်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 9 Views
‌နိုဝင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်လုပ်ငန်းရှင်တွေနဲ့ Hualuxe Hotel မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေထံက သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ဒီကနေ့ နံနက်
မြန်မာသတင်း

မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ထွက်ခွာ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 21 Views
နိုဝင်ဘာလ (၅) ရက်။ တရုတ်နိုင်ငံတွင် ကျင်းပမည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒီနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှာ အထူးလေယာဉ်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
မြန်မာသတင်း

ခေါပုတ်စခန်းကနေ ဖမ်းမိတဲ့သူတွေကို စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းနဲ့အညီ ကောင်းမွန်စွာ ဆေးကုသပေးထားတယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 11 Views
နိုဝင်ဘာလ (၅)ရက်။ ဖာပွန်ခရိုင်ထဲရှိ ခေါပုတ်စခန်းကနေ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းနဲ့အညီ ကောင်းမွန်စွာ ဆေးကုသပေးထားတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလကုန်ပိုင်းက KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ခေါပုတ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး
မြန်မာသတင်း

ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 17 Views
ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့ နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၂)ရက် နေ့လယ် (၁)နာရီကျော်အချိန်က ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား (၂၀၀)ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အစည်းအဝေးဆိုပြီး လူစုခိုင်းကာ ပြည်သူ (၅၀)ကျော်ကို ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 14 Views
နိုဝင်ဘာလ (၄)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ကန့်ဘလူမြို့နယ်၊ ဘူးကြီးရွာက အပြစ်မဲ့ပြည်သူ (၅၀)ခန့်ကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးသွားခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ မနက်ပိုင်းက စကစနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း အင်အား
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင် ဂတ်စ်ဆိုင် ဖောက်ခွဲခံရ၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 13 Views
ဆယ်အိမ်မှူးတစ်ဦးသေဆုံးပြီး ရာအိမ်မှူးနဲ့ စစ်ကောင်စီအရာရှိ ညီတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၄)ရက်။ မနေ့က နံနက် (၆)နာရီခန့်မှာ လှိုင်သာယာမြို့နယ်ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင်ဆိုင်တဲ့ ဂတ်စ်ဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။