နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

နိုဝင်ဘာလ ၅ ရက်နေ့မှာ အမေရိကန်တွေ သမ္မတ ရွေးချယ်ဖို့ မဲပေးနေကြပြီ ဖြစ်ပါတယ်။

နိုဝင်ဘာလ (၆) ရက်။

အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းမှာ မဲရုံတွေ ဖွင့်ထားပြီး မဲပေးမှုတွေဟာ ညနေပိုင်း မဲရုံပိတ်မယ့်အချိန်ထိ ဆက်လက်ဖွင့်ထားမယ်လို့ ဆိုပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ ပြည်နယ်အပါအဝင် အမေရိကန် နိုင်ငံတဝှမ်းရှိ ရွေးကောက်ပွဲ အရာရှိတွေက မဲတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့ ကတိပြုထားကြပြီး မဲဆန္ဒရှင်တွေကို ကောလဟာလတွေကို မယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။

စက်ပစ္စည်းအနည်းငယ်ချို့ယွင်းမှုကြောင့် အနည်းငယ်ကြန့်ကြာမှုကလွဲ၍ တခြားပြဿနာတွေကို အစီရင်ခံတာ မရှိဘူးလို့ ဆိုပါတယ်။

ဆိုက်ဘာအဆောက်အအုံလုံခြုံရေးဌာန (Cyber ​​Infrastructure Security Agency (CISA)) က ဒီနေ့မနက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဆိုင်ရာ အခြေခံအဆောက်အအုံလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ကြီးကြီးမားမား ဖြစ်ရပ်မျိုး မရှိသေးကြောင်း ပြောကြားထားပါတယ်။

လူသန်း ၈၀ ကျော် မဲပေးခဲ့ကြ

CNN၊ Edison Research and Catalyst က ပြုစုထားတဲ့ ပြည်နယ် ၄၈ ခုနဲ့ ကိုလံဘီယာခရိုင်တို့က အချက်အလက်တွေအရ လူ ၈၃ သန်းသည် မဲပေးပြီးဖြစ်ပါတယ်။ ဒီအချက်ဟာ 2020 ခုနှစ် သမ္မတရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ လူဦးရေ 158 သန်းရဲ့ ထက်ဝက်ကျော် ဖြစ်ပါတယ်။ 2020 ခုနှစ်မှာ မဲဆန္ဒရှင်တွေရဲ့ 70% လောက်ဟာ စာတိုက်ကနေ မဲပေးတာ ဒါမှမဟုတ် ကြိုတင်မဲပေးတာကို ရွေးချယ်ခဲ့ပါတယ်။

ပင်ဆယ်ဗေးနီးယားနှင့် ဖလော်ရီဒါတို့တွင် အမြန်ရေတွက်ဖို့ မျှော်လင့်ထား

ဖလော်ရီဒါ ရွေးကောက်ပွဲရလဒ်ကို “ ဒီညနေ အိပ်ရာဝင်ချိန်” မှာ သိရှိနိုင်မယ်လို့ ဖလော်ရီဒါပြည်နယ် အတွင်းရေးမှူးက ပြောဆိုထားပါတယ်။ ဖီလာဒဲဖီးယားမြို့တော်ကောင်စီဝင်ကတော့ 2024 ခုနှစ်ရွေးကောက်ပွဲမှာ မဲတွေကို မြန်မြန်ရေတွက်ဖို့ မျှော်လင့်ထားကြောင်း 2020 ခုနှစ်ထက်ပို မိုမြန်ဆန်စွာရေတွက်ဖို့ မျှော်လင့်ထားတယ်လိုး CNN ကို ပြောကြားထားပါတယ်။

ဟားရစ်-

ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း ဒုတိယသမ္မတ ဟားရစ်သည် ညနေပိုင်းတွင် ဝါရှင်တန်ဒီစီရှိ Howard တက္ကသိုလ်မှာ ရွေးကောက်ပွဲရလဒ်များကို စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

ထရန့် –

ရီပတ်ဘလစ်ကန်သမ္မတလောင်း ထရန့်ကတော့ မဲပေးပြီးတဲ့နောက် သတင်းထောက်တွေကို သူအနိုင်ရမှာကို “ ယုံကြည်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ထရန့်ကတော့ သူရဲ့ ဖလော်ရီဒါရှိ Mar-a-Lago နေအိမ်မှာ မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ရွေးကောက်ပွဲရလဒ်တွေကို ကြည့်ရှုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သတင်းမှားများ မပြန့်ပွားစေရန် သတိပေးချက်-

တရားရေးဆိုင်ရာ ခေါင်းဆောင် ၁၀၀ ကျော်က မဲမသာမှုရှိကြောင်း တရားစွဲမယ့် ရှေ့နေတွေကို တရားရေးဆိုင်ရာ စာရွက်စာတမ်းတွေမှာ သတင်းမှားမဖြန့်ရန် အိတ်ဖွင့်ပေးစာတစ်စောင်ကို ပူးတွဲလက်မှတ် ရေးထိုးခဲ့ကြပါတယ်။ “တကယ်လို့ ခိုင်လုံတဲ့ အချက်အလက်နဲ့ ဥပဒေကြောင်းအရ ပံ့ပိုးမှုမရှိဘဲ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး တရားစွဲမယ်ဆိုရင်၊ ရှေ့နေတစ်ယောက်အနေနဲ့ ကျမ်းသစ္စာကျိန်ဆိုထားတဲ့စနစ်ကို အန္တရာယ် ဖြစ်စေလိမ့်မယ်” လို့ အဲ့ဒီစာမှာ ဖော်ပြထားပါတယ်။

တရားရေးဌာန၏ မဲရုံစောင့်ကြည့်သူများ-

တရားရေးဌာန၏ မဲရုံစောင့်ကြည့်သူများ နေရာချထားမှုကို ငြင်းဆိုဖို့ တက္ကဆက်ပြည်နယ် ရီပတ်ဘလီကန်ပါတီက တရားစွဲမှုကို တရားရေးဌာနနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြည်နယ်က ကြေညာခဲ့သည်။ အဲ့ဒီ အချက်အပေါ် အခြေခံပြီး စောင့်ကြည့်လေ့လာသူတွေဟာ မဲရုံအပြင်ဘက်မှာ စောင့်ဆိုင်းသွားမယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ နိုဝင်ဘာလ ၄ ရက်နေ့ညမှာ ဖက်ဒရယ်တရားသူကြီးတစ်ဦးက မစ်ဆိုရီပြည်နယ်မှာ ရီပတ်ဘလီကန်ပါတီက တရားစွဲဆိုထားတာကို ပယ်ချခဲ့ပြီး တရားရေးဌာနက စိန့်လူးဝစ်ရှိမဲရုံတွေကို စောင့်ကြည့်လေ့လာသူတွေကို စေလွှတ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဓာတ်ပုံ။ လပ်ဗီးဂပ်စ်မြို့တွင် မဲပေးမည့်သူများကို တွေ့ရစဉ်/John Locher/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရရှိလုနီးပါး အခြေအနေသို့ ရောက်ရှိနေပုံရသည်။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လက်ထောက်များက
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 31 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 32 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်