နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ့ရိုးရာအတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ပဏာမစာရင်းမှာပါဝင်လာ

နိုဝင်ဘာလ (၇)ရက်။

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ပမာဏစာရင်းမှာ ပါဝင်လာတယ်လို့ စစ်ကောင်စီရဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြန်မာနိုင်ငံက တင်သွင်းထားတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ရဲ့ အဆိုပြုစာတွဲနဲ့ပတ်သက်ပြီး (၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ တရားဝင်ဆုံးဖြတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တင်ပြထားတဲ့ အဆိုပြုစာတွဲတွေထဲက ယူနက်စကိုရဲ့ ပဏာမအဆုံးအဖြတ်မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအနေနဲ့ သတ်မှတ်တဲ့ အဆိုပြုစာတွဲတွေထဲမှာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်စာတွဲ ပါဝင်လာတာလို့ ဖေည်ပြထားပါတယ်။

အခုလို မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ပဏာမစာရင်းထဲ ပါဝင်လာတာကို ယူနက်စကိုရဲ့ website မှာ တွေ့ရှိရတာကို စစ်ကောင်စီရဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးထားတာပါတယ်။

အဆိုပြုစာတွဲနဲ့ပတ်သက်ပြီး တရားဝင်ဆုံးဖြတ်မယ့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံကို ဒီဇင်ဘာလ (၂)ရက်ကနေ (၇)ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပသွားမှာပါ။

အခုအခါ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာ ကိုဗစ်ရောဂါဖြစ်ပွားတဲ့ ကာလကစပြီး စစ်တပ်ရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းတာတွေကြောင့် အရင်လို စည်ကားအောင် မကျင်းပနိုင်တော့ဘူးလို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရုရှားက သင်တန်းပေးထားတယ်ဆိုတဲ့ PNA ကွန်မန်ဒိုတပ်သားတွေ ညောင်ရွှေတိုက်ပွဲမှာ သေဆုံး

  • 2025 ခုနှစ်၊ မေလ 7 ရက်
  • 1 Views
မေလ (၇)ရက်။ မေလ (၅)ရက်နေ့က ညောင်ရွှေမြို့ ရေပူရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ PNA ပြည်သူ့စစ်ရဲ့ ကွန်မန်ဒိုတပ်သားတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ IPDF
မြန်မာသတင်း အာရှ

အိန္ဒိယရောက် မြန်မာတွေ သတိနဲ့နေထိုင်ဖို့ India for Myanmar တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 7 ရက်
  • 7 Views
မေလ (၇)ရက်။ စစ်ရေးတင်းမာနေတဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိရှိစွာနဲ့ နေထိုင်ကြဖို့ India for Myanmar က
မြန်မာသတင်း

မြို့နယ်ပေါင်း (၁၉၀)ကျော်မှာ ကျန်းမာရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 7 ရက်
  • 12 Views
မေလ (၇)ရက်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မြို့နယ်ပေါင်း (၁၉၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်တဲ့လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမြို့နယ်တွေမှာ ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ခံ (၂၉)ဦးနဲ့ မြို့နယ်ကျန်းမာရေးတာဝန်ခံ (၂၂၇)ဦးတို့နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

အပစ်ရပ်သက်တမ်းထပ်တိုးတယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီ ကောလင်းမြို့ကို လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 7 ရက်
  • 8 Views
မေလ (၇)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၅)မိနစ်အချိန်မှာ ကောလင်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KLPDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီ တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာတစီးက နံနက်
မြန်မာသတင်း

ရုရှားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီကနေ့ စတင်သွားရောက်

  • 2025 ခုနှစ်၊ မေလ 7 ရက်
  • 5 Views
မေလ (၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို စတင်သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရဆိုကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ချစ်ကြည်ရေးခရီးစဉ်အနေနဲ့ နေပြည်တော် စစ်တပ်လေဆိပ်ကနေ
မြန်မာသတင်း

အခုနှစ် (၄)လတာထဲ အကျဉ်းထောင်တွေမှာ ဆေးဝါးမလုံလောက်တာကြောင့် နိုင်/ကျဉ်း (၉)ဦးအထိ သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 70 Views
မေလ (၆)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ အကျဉ်းထောင်တွေမှာ ဆေးဝါးမလုံလောက်တာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၉)ဦးအထိရှိတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးခဲ့သူတွေဟာ အိုးဘိုထောင်မှာ (၄)ဦး၊ ဒိုက်ဦးထောင်မှာ (၂)ဦး၊
မြန်မာသတင်း

မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 86 Views
မေလ (၆)ရက်။ မနေ့က ည (၈)နာရီအချိန်က မြိုင်မြို့နဲ့ ပခုက္ကူမြို့အစပ်က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ည (၈)နာရီလောက် မြိုင်နဲ့ ပခုက္ကူအစပ်
မြန်မာသတင်း

သမ္မတပူတင်၏ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် ရုရှားသို့ သွားရောက်မည်ဟုဆို

  • 2025 ခုနှစ်၊ မေလ 6 ရက်
  • 88 Views
မေလ (၅) ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို မကြာမီ ချစ်ကြည်ရေးခရီးသွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ဟာ မော်စကိုမြို့တော်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယကမ္ဘာစစ် နာဇီတွေ