နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျွန်းလှမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်းက အရပ်သား (၂)ဦးကို သတ်ဖြတ်ပြီး (၃)ဦးကို ဖမ်းဆီးသွား

နိုဝင်ဘာလ (၉)ရက်။

မနေ့က နံနက် (၉)နာရီကျော်အချိန်က ကျွန်းလှမြို့နယ်၊ သအင်းသရက်တောရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ပြီး အရပ်သား (၂)ဦးကို သတ်ဖြတ်ကာ (၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

“ အင်အား (၁၂၀)လောက်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က မနေ့က (၉)နာရီ (၁၇)မိနစ်လောက်မှာ သအင်းသရက်တောရွာကို စစ်ကြောင်းထိုးဝင်ပြီး မီးရှို့ဖျက်ဆီးတာ၊ နောက်ပြီး အရပ်သား အမျိုးသား (၂)ဦးကိုလဲ သတ်ဖြတ်သွားပြီး (၃)ဦးကို ဖမ်းသွားတယ်၊ ဖမ်းသွားတဲ့အထဲမှာ မိန်းကလေးတွေလဲပါတယ်” လို့ ဆိုပါတယ်။

အင်အား (၁၂၀)ခန့်ရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ မနေ့က နံနက် (၃)နာရီအချိန်မှာ ကျွန်းလှမြို့ရှိ ပျုစောထီးတွေ၊ ပေကုန်းရွာက ပျူစောထီးတွေနဲ့ပေါင်းပြီး ပေကုန်းရွာကနေထွက်ကာ ကံပေါက်တောကြောင်းကနေတဆင့် သအင်းသရက်တောရွာကို အကြမ်းဖက်ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

“ စစ်ကြောင်းဝင်လာတာ ဘယ်သူမှ မသိလိုက်ဘူး၊ အသံကြားမှ ပြေးကြလွှားကြရတာ၊ ဘာပစ္စည်းမှမသယ်နိုင်ဘူး၊ကိုယ်လွတ်ပြေးရတာ၊ ဖမ်းခံရတာ (၅)ယောက်ထဲ မိန်းကလေးတွေရောပါတယ်ပြောတာပဲ၊ ဘယ်သူ့သားသမီးတွေလဲမသိသေးဘူး။ အဲ့ထဲက ကောင်လေးနှစ်ယောက်ကတော့ ရိုက်သတ်ထားခဲ့တယ်ပြောနေကြတယ်၊ဘယ်သူဘယ်ဝါတော့မသိသေးဘူး” ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သအင်းသရက်တောရွာထဲ အကြမ်းဖက်ဝင်ရောက်မီးရှို့ပြီး အမျိုးသမီးတွေအပါအဝင် (၅)ဦးကို ဖမ်းဆီးသွားခဲ့ကာ အဲ့ဒီအထဲက အမျိုးသား (၂)ဦးကို သတ်ဖြတ်ထားခဲ့တာဖြစ်သလို ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာကို‌တော့ အသေးစိတ်မသိရသေးပါ။

သအင်းသရက်တောရွာဟာ ပြီးခဲ့တဲ့နှစ်ကလဲ တစ်ရွာလုံးနီးပါး မီးရှို့ခံခဲ့ရတာကြောင့် ပြန်လည်တည်ဆောက်ထားကာ အခုလို ထပ်မံမီးရှို့ဖျက်ဆီးခံရတဲ့အတွက် ရွာလုံးကျွတ်နီးပါး ပျက်စီးနိုင်ပြီး ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောဆိုထားပါတယ်။

သအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်သွားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ မနေ့က ညနေ (၅)နာရီအချိန်မှာတော့ ပေကုန်းရွာကနေတဆင့် ကျွန်းလှမြို့ကို လာရာလမ်းအတိုင်း ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 25 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 33 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 34 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 31 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 26 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 28 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 27 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့