နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်းစိန်မြို့ရှိ ရွာမအစုရပ်ကွက်က စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ

နိုဝင်ဘာလ (၁၁)ရက်။

ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က အင်းစိန်မြို့၊ ရွာမအစုရပ်ကွက်ရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမပေါ်ရှိ ရွာမအစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ‌ဒီကနေ့မှာကျရောက်တဲ့ “ ၁၁.၁၁ စစ်ဆင်ရေး” ကို တစ်နှစ်ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွာမအစုရပ်ကွက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်တဲ့အခြေအနေကို မသိရသေးပေမယ့် Dark Shadow အဖွဲ့ဝင်တွေအနေနဲ့ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ကရင်နီပြည်ရဲ့ “ ၁၁.၁၁ စစ်ဆင်ရေး” ထဲ ပါဝင်ဆင်နွှဲနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ မြို့ပြမှာလဲ အာဏာရှင်အမြစ်ပြတ်ဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် နောက်ထပ်ပစ်မှတ်တွေကိုလဲ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီအပါအဝင် သူတို့ရဲ့လက်ပါးစေတွေ စုဝေးတဲ့နေရာတွေကို မသွားကြဖို့နဲ့ ဝေးဝေး‌ကရှောင်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းလက်မှတ် ရုပ်သိမ်းအရေးယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 1 Views
နိုဝင်ဘာလ (၁၄)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြပါရှိလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တပ်ဖွဲ့ဝင်တွေအားလုံး မြို့ထဲ လက်နက်ကိုင်ဆောင်သွားလာတာမလုပ်ဖို့ DKBA သတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 1 Views
နိုဝင်ဘာလ (၁၄)ရက်။ ဘုရားသုံးဆူမြို့ထဲ တပ်ဖွဲ့ဝင်တွေအားလုံး လက်နက်ကိုင်ဆောင်သွားလာတာ မပြုလုပ်ဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က သတိပေးထားတယ်လို့ သိရပါတယ်။ တပ်ဖွဲ့ဝင်တွေ၊ လက်အောက်ခံတပ်ရင်းတွေနဲ့ စစ်ကြောင်းတွေအနေနဲ့
မြန်မာသတင်း

စစ်ရှုံးစစ်ကောင်စီက ပုလဲမြို့ လက်လွှတ်အဆုံးရှုးမခံရဖို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်၊ ပုလဲမြို့ကျသွားပြီလို စစ်လော်ဘီတွေပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 6 Views
နိုဝင်ဘာလ (၁၄)ရက်။ စစ်ံးစစ်ကောင်စီဟာ ပုလဲမြိုကို လက်လွှတ်ဆုံးရှုးမခံရဖို လေကြောင်းကနေ (၃) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို People’s Defense Comrade ရဲ့ တာဝန်ခံ ထူးခန့်ဇော် (အမေ့သား)ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲခန့်မှာ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စုရဲ့ ဒွကျေးရွာနေအုပ်ချုပ်ရေးမှူး သန်းအောင်ကို ပစ်ခတ်ရှင်းခင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုပ်ချုပ်ရေးမှူး သန်းအောင်က စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့စုဆောင်းတာနဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 3 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့ နပခဌာနချုပ်တိုက်ပွဲထဲ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေကို AA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုက်ပွဲထဲ စစ်ကောင်စီတပ်စခန်း (၈)ခုအထိ သိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီစခန်းတွေဟာ ခမရ(၃၇၃)၊ အမတ(၃၇၄)၊ အမှတ်(၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ်(၃၄၅)စစ်လက်နက်ပစ္စည်းတပ်ခွဲ၊
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား (၂၀၀)ကျော်ကို မတရားဖမ်းဆီးထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရှမ်းတောင်ပိုင်း ဖယ်ခုံမြို့မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား (၂၀၀)ကျော်ကို မတရားဖမ်းဆီးထားတယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံမြို့ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့