နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

တရုတ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင်ရဲ့ ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်တာကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ NUG ပြော

နိုဝင်ဘာလ (၁၂)ရက်။

တရုတ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တာကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ တရုတ်က ထိပ်သီးအစည်းအဝေးမှာ ပြည်သူ့အာဏာကို မတရားလုယူဖို့ကြိုးစားနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်တာ တွေ့ရပါတယ်။ နိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံတာနဲ့ပတ်သက်ပြီး NUG ရဲ့ စီမံ/ဘဏ္ဍာနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တာဝန်ယူမှုရှိတဲ့ လုပ်ငန်းများရဲ့ လမ်းညွှန်ချက်ကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာနဲ့ပတ်သက်ပြီး NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ၂၀၂၁ခုနှစ် ဇူလိုင်လက တာဝန်ယူမှုရှိတဲ့ လုပ်ငန်းတွေအတွက် လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုတဲ့ ဘယ်လိုရင်းနှီးမြှုပ်နှံမှုအသစ်ကိုမဆို NUG အနေနဲ့ အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ အတိအလင်းကြေညာထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို စရောက်ရောက်ချင်းနေ့မှာပဲ တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ လျှပ်စစ်စီမံကိန်းအပါအဝင် ကဏ္ဍပေါင်းစုံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့တာပါ။

ဒါ့အပြင် စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံဝန်ကြီးချုပ်အပါအဝင် လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့က ဝန်ကြီးချုပ်တွေနဲ့ အပြုသဘော ဆွေးနွေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြင်းခြံမြို့ (၇)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီရဲ့ (၂)ပွင့်ဗိုလ်အပါအဝင် (၃၆)ဦး သေ‌ဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 1 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ မြင်းခြံမြို့တောင်ဘက် (၅)မိုင်ခန့်အကွာက Myingyan Black Tiger ရဲ့ စစ်ကြောင်း(၃)
မြန်မာသတင်း

မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် ညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 1 Views
နိုဝင်ဘာလ (၂၁)ရက်။ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့ကပြုလုပ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်
မြန်မာသတင်း

အာရက္ခရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား (၂၀)ဦးကို AA က ပြန်လွှဲပြောင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 1 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၇)ရက်နေ့က ‌အာရက္ခရေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က ငါးခိုးဖမ်းနေတဲ့
မြန်မာသတင်း

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 12 Views
နိုဝင်ဘာလ (၂၀)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာအကဲခတ်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့သလို တရုတ်ဝန်ကြီးချုပ်အပါအဝင် (၄)နိုင်ငံက ဝန်ကြီးချုပ်တွေနဲ့ သီးခြားတွေ့ဆုံချိန်
မြန်မာသတင်း

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက‌နေ စုံစမ်းတွေ့ရှိတဲ့ မဲစာရင်းတွေကို လေ့လာနိုင်ဖို့ဆိုပြီး စစ်ကောင်စီပြင်ဆင်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 8 Views
နိုဝင်ဘာလ (၂၀)ရက်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက မဲစာရင်းတွေကို ‌လေ့လာနိုင်ဖို့ဆိုပြီး  Website နဲ့ Mobile Application တို့ကို စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းတွေနဲ့ပတ်သက်ပြီး
မြန်မာသတင်း

တန့်ယန်းမှာ ကျားဖျန့်လုပ်ကိုင်သူ (၁၀၀၀)ကျော်ကို “ ဝ” တပ်ဖမ်းဆီး၊ တရုတ်နိုင်ငံသား (၇၀၀)ကျော်ကို တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 8 Views
နိုဝင်ဘာလ (၂၀)ရက်။ “ ဝ” တပ် UWSA ဝင်ရောက်ခဲ့တဲ့ တန့်ယန်းမြို့ထဲ ကျားဖျန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် (၁၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ WSTV ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UWSA တပ်စွဲကင်းလှည့်နေတဲ့ တန့်ယန်းမြို့အနီးတဝိုက်မှာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရသူ (၆)ဦး ဒေါနတပ်ရင်းထံ အလင်းဝင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 7 Views
နိုဝင်ဘာလ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းတာခံရသူ (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ဒေါနတပ်ရင်းထံ အလင်းဝင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၆)ဦးထဲက တစ်ဦးဟာ MA1 (၁)လက်၊ ကျည်ဘောက် (၃)ဘောက်၊ ကပစကျည်
မြန်မာသတင်း

ပြည်သူတွေအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 5 Views
နိုဝင်ဘာလ (၂၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က PNLO နယ်မြေထဲ ပြည်သူတွေအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ နံနက်ပိုင်းကစပြီး အကြောင်းအရင်းမရှိဘဲ