နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘဏ်တွေပိတ်သိမ်းတာနဲ့ ငွေစက္ကူတွေ ဖျက်သိမ်းဖို့ပြုလုပ်တာ မရှိဘူးလို့ စစ်ကောင်စီဗဟိုဘဏ်ပြော

နိုဝင်ဘာလ (၁၂)ရက်။

ပြည်တွင်းက ဘယ်ဘဏ်တွေမှ ပိတ်သိမ်းရတဲ့အခြေအနေနဲ့ ပိတ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြီခဲ့တဲ့ရက်ပိုင်းထဲ လူမှုကွန်ရက်စာမျက်နှာအချို့မှာ ငွေစက္ကူတွေ ဖျက်သိမ်းပြီး အသစ်တွေနဲ့ အစားထိုးဖို့ရှိနေသလို ဘဏ်တွေ ပိတ်သိမ်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာတာဟာ သတင်းအမှားတွေလို့ ဆိုပါတယ်။

အခုလိုသတင်းတွေ ထွက်ပေါ်လာတာဟာ မြန်မာ့ဘဏ်လုပ်ငန်းစနစ် ကမောက်ကမဖြစ်စေဖို့၊ နိုင်ငံခြားငွေတွေအပေါ် ဈေးကစားဖို့နဲ့ ကုန်ဈေးနှုန်းကြီးမြင့်စေဖို့ ရည်ရွယ်တာလို့ ဖော်ပြထားပါတယ်။

ဒီလို မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးစနစ် တည်ငြိမ်တာကို ပျက်ပြားလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးသားဖြန့်ဝေနေသူတွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လဲ သတိပေးထားပါသေးတယ်။

နောက်ပြီး တရားဝင်ထုတ်ဝေထားတဲ့ ငွေစက္ကူတွေကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပြီး ခွင့်ပြုထားတဲ့ ဘဏ်တွေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့သာ ‌ငွေကြေးဝန်ဆောင်မှုတွေ ပြုလုပ်ဖို့ ပြောဆိုထားပါတယ်။

အခုအခါ စစ်ကောင်စီလက်ထက် ပြည်တွင်းမှာ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဘဏ်လုပ်ငန်းတွေအနေနဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အတူ ရုန်းကန်နေကြရပါတယ်။

ဒါ့အပြင် စက်တင်ဘာလကစပြီး စစ်ကောင်စီဗဟိုဘဏ်က ချေးငွေအပေါ် အတိုးနှုန်းကောက်ယူတဲ့နှုန်းထား တိုးမြှင့်သတ်မှတ်လိုက်တာကြောင့် ဘဏ်လုပ်ငန်းတွေအတွက် အခက်တွေ့စေပြီး ဘဏ္ဍာရေးစနစ်တစ်ခုလုံး ပျက်သွားနိုင်တယ်လို့ သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းဘက်ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ထပ်မံတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းတို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ရန်ကင်းမြို့ရှိ သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ် မိုင်းခွဲသတိပေးခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်အချိန်က ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်းရှိ သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ်ကို မိုင်းဖောက်ခွဲခဲ့တယ်လို့
မြန်မာသတင်း

ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းလက်မှတ် ရုပ်သိမ်းအရေးယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြပါရှိလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လုပ်ငန်းလက်မှတ် ရုပ်သိမ်းခံရသူ (၂)ဦးဟာ ပုံနှိပ်ထုတ်ဝေတဲ့ စာရေးသူ မဟူရာ ရေးသားတဲ့ “
မြန်မာသတင်း

တပ်ဖွဲ့ဝင်တွေအားလုံး မြို့ထဲ လက်နက်ကိုင်ဆောင်သွားလာတာမလုပ်ဖို့ DKBA သတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ ဘုရားသုံးဆူမြို့ထဲ တပ်ဖွဲ့ဝင်တွေအားလုံး လက်နက်ကိုင်ဆောင်သွားလာတာ မပြုလုပ်ဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က သတိပေးထားတယ်လို့ သိရပါတယ်။ တပ်ဖွဲ့ဝင်တွေ၊ လက်အောက်ခံတပ်ရင်းတွေနဲ့ စစ်ကြောင်းတွေအနေနဲ့ တာဝန်ချိန်ကလွဲပြီး မြို့ထဲ သွားလာတဲ့အခါ လက်နက်ခဲယမ်းကိုင်ဆောင်မသွားကြဖို့ အမိန့်ကို အောက်တိုဘာလ (၂၄)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာလို့
မြန်မာသတင်း

စစ်ရှုံးစစ်ကောင်စီက ပုလဲမြို့ လက်လွှတ်အဆုံးရှုးမခံရဖို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်၊ ပုလဲမြို့ကျသွားပြီလို စစ်လော်ဘီတွေပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 6 Views
နိုဝင်ဘာလ (၁၄)ရက်။ စစ်ံးစစ်ကောင်စီဟာ ပုလဲမြိုကို လက်လွှတ်ဆုံးရှုးမခံရဖို လေကြောင်းကနေ (၃) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို People’s Defense Comrade ရဲ့ တာဝန်ခံ ထူးခန့်ဇော် (အမေ့သား)ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲခန့်မှာ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စုရဲ့ ဒွကျေးရွာနေအုပ်ချုပ်ရေးမှူး သန်းအောင်ကို ပစ်ခတ်ရှင်းခင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုပ်ချုပ်ရေးမှူး သန်းအောင်က စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့စုဆောင်းတာနဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 2 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 3 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်