နိုဝင်ဘာလ (၁၂)ရက်။
မနေ့က ပခုက္ကူမြို့နယ်ရှိ ဆင်မင်းရွာစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Young Force-UG ရဲ့ ဒီကနြေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အဲ့ဒီစကစတပ်သားက နယ်မြေမကျွမ်းတော့ သူတို့တပ်စွဲထားတဲ့ ဆင်မင်းရွာစစ်ဆေးရေးဂိတ်ကနေ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေထဲကို လမ်းမှားဝင်လာလို့ ကင်းပုန်းဝပ်နေတဲ့ ရဲဘော်တွေက ဖမ်းဆီးခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားဟာ အကြမ်းဖက်စစ်တပ်တပ်စွဲထားတဲ့ ဆင်မင်းဂိတ်ကနေ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေကို လမ်းမှားဝင်လာတာကြောင့် ကင်းပုန်းဝပ်စောင့်နေတဲ့ ရဲဘော်တွေက အလစ်အငိုက် ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သားထံကနေ ကာဘိုင်သေနတ် (၁)လက်၊ ကျည်ဘောက် (၃)ခု၊ ကာဘိုင်ကျည် (၄၅)တောင့်၊ ကျည်ကာဝတ်စုံ (၁)ထည်၊ ဦးထုပ် (၁)လုံးနဲ့ ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို Pakokku People Defense Force (PPDF)နဲ့အတူ Young Force U.G တပ်ဖွဲ့ က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး (၁၀)ရက်နေ့ကလဲ ဂွေးချိုပြည်သူ့စစ်ရွာကို Drop Bomb တွေနဲ့ တိုက်ခိုက်ခဲ့သလို ပန်းတိုင်းခြုံဂိတ်ကိုလဲ ၄၀မမတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းထဲ ပခုက္ကူမြို့ပေါ်က ပျူစောထီးအဖွဲ့ဝင်တွေကိုလဲ တိတ်တဆိတ်ဖမ်းဆီးကာ အပြစ်ပေးအရေးယူတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။