နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ AA အတည်ပြု

နိုဝင်ဘာလ (၁၂) ရက်။

နိုဝင်ဘာလ ၁၀ ရက်နဲ့ နေ့လည် ၂ နာရီခွဲအချိန်လောက်မှာ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူ၊ လက်နက်နဲ့ ရိက္ခာတွေ လာပို့တဲ့ ရဟတ်ယာဉ် ၄ စီးထဲက တစ်စီးကို အာရက္ခတပ်တော်က ပစ်ချနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဒေသတွင်းမီဒီယာတွေကို အတည်ပြု ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီဘက်ကလည်း အဲ့ဒီရဟတ်ယာဉ်ဟာ အမ်းကနေဖြတ်အတက် အာရက္ခတပ်တော် AA က ပွိုင့် 5 နဲ့ပစ်ခတ်တာကြောင့် ထိခိုက်ပျက်စီးသွားပြီး ငဖဲမြို့နယ် ဆူးပတောင်းအုပ်စု ကျောက်ဆုံရွာမှာ အရေးပေါ်ဆင်းခဲ့ရပြီး ရဟတ်ယာဉ်ကတော့ ပျက်စီးသွားတယ်လို့ ပြောဆိုထားပါတယ်။

ဒေသတွင်းသတင်းတွေအရ အမ်းမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အာရက္ခတပ်တော်ဖက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA က အမ်းမြို့ကို မတိုက်ခင်ကတည်းက စစ်ကောင်စီရဲ့ မြေပြင်ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်ထားပြီး လက်ရှိစစ်ကောင်စီဟာ ရဟတ်ယာဉ်တွေနဲ့ စစ်ကူ၊ လက်နက်နဲ့ ရိက္ခာတွေ ပို့နေရတယ်လို့ သိရပါတယ်။ အမ်းမြို့ကနေ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် စစ်သုံပန်း ၃၀၀ ကျော်ကိုလည်း AA ဘက်က ဖမ်းစီးရမိထားတယ်လို့ မြေပြင်သတင်းတွေအရ သိရှိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 6 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကော်သူးလေသမ္မတနိုင်ငံတော် တည်ထောင်တယ်လို့ KTLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 17 Views
ဇန်နဝါရီလ (၇)ရက်။ ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei)ကို တည်ထောင်လိုက်တယ်လို့ ကော်သူးလေအစိုးရ(G.O.K)က ဇန်နဝါရီလ (၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ
မြန်မာသတင်း

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 22 Views
ဇန်နဝါရီလ (၇)ရက်။ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၅)ရက်နေ့အထိ တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲဥပဒေနဲ့ စစ်တပ်က အရေးယူမှု (၂၄၀)မှာ အမျိုးသား (၂၇၅)ဦးနဲ့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 22 Views
တွေ့ဆုံပွဲသတင်းထဲ ရွေးကောက်ပွဲပထမပိုင်းကျင်းပခဲ့တဲ့ နေ့ရက်ကို စစ်တပ်က မှားယွင်းထုတ်ပြန် ဇန်နဝါရီလ (၇)ရက်။ မနေ့က နေ့လည်ပိုင်းအချိန်က နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ‌တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံအနေနဲ့
မြန်မာသတင်း

‌စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်တွေပါတဲ့ယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 21 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က မြို့သစ်မြို့ ရွှေပန်းရွာအနီးမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ Naypyitaw-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွှေပန်းရွာအနီး ကန်ပြားလမ်းပိုင်းတနေရာမှာ စစ်တပ်ရဲ့ ကား(၄)စီးပါယာဉ်တန်းကို
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် (၂)လသားအရွယ်အပါအဝင် (၃)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 36 Views
ဇန်နဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီခွဲကျော်အချိန်က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ပေါက်ကန်ဘူတာရွာကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ (၉)နာရီ (၄၇)မိနစ်မှာ တကြိမ်၊
မြန်မာသတင်း

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 31 Views
ဇန်နဝါရီလ (၆)ရက်။ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်း ဗုံးကြဲခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 33 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ည (၈)နာရီခွဲခန့်က ခင်ဦးနယ်အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ ခင်ဦးနယ်အရှေ့ခြမ်း လမ်းဆုံအရှေ့ဘက်က ကုန်းကြီးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲ့ဒီစာသင်ကျောင်းမှာက မန္တလေး