နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 21 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

နိုဝင်ဘာလ (၁၄)ရက်။

မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန် အမြောက်တပ် (၃၅၄)တပ်စခန်းနေရာတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုမြို့က မကျီးရေရွာကို ဂျက်ဖိုက်တာနဲ့တစ်ကြိမ် ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ရက်စောက်မြို့ ကျောက်ဂူကနေ နောင်ချိုမြို့ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်တွေဟာ ဇူလိုင်လပိုင်းထဲက နောင်ချိုမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နောင်ချိုမြို့အနီး တောင်ခမ်းရွာက စစ်ကောင်စီအမြောက်တပ်ကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာပါ။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းနဲ့ မကြာခဏ တိုက်ခိုက်နေသလို TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့ လေကြောင်းတိုက်ခိုက်တာ‌တွေရှိကာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကပစ(၁၃)က စစ်ကောင်စီဗိုလ်မှူးနဲ့အဖွဲ့ကို သိန်း (၂၀၀၀)ကျော်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 3 Views
ဧပြီလ (၂၁)ရက်။ ဧပြီလ (၁၉)ရက်နေ့က နေပြည်တော်ရှိ လမ်းပိုင်းတနေရာကို ထိန်းချုပ်စစ်ဆေးချိန် စစ်ကောင်စီရဲ့ ဗိုလ်မှူးနဲ့အဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကျူးလွန်တာတွေကို အပြစ်ပေးနိုင်ဖို့ တာဝန်ယူဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 9 Views
ဧပြီလ (၂၁)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်တာတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ တာဝန်ယူဆောင်ရွက်သွားမယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား/သူ (၃၀)ကျော်သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 13 Views
ဧပြီလ (၂၁)ရက်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ (၃၀)ကျော် သေဆုံးခဲ့တယ်လို့ နိုင်/ကျဉ်းအရေးကူညီနေတဲ့ အဖွဲ့ (၇)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် အိုမင်းဟောင်းနွမ်းပြီး ပြုပြင်မွမ်းမံတာမရှိတဲ့ ထောင်အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်း သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 14 Views
ဧပြီလ (၂၁)ရက်။ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် ပူးပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကို KNU မြိတ်-ထားဝယ်ခရိုင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ (၁၂)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲကာလထဲ KNLA တပ်မဟာ (၄)နဲ့အတူ စွမ်းစွမ်းတမံ
မြန်မာသတင်း

သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်၊ ၁၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀) ရက်။ သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာအား မနေ့က နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးနဲ့ ကျဲချတိုက်ခိုက်ခဲ့ရာ ကလေးသူငယ်၂ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃
မြန်မာသတင်း

လားရှိုးကို စစ်ကောင်စီ ဝင်လာချိန် လုံခြုံရေးယူပေးတာ မရှိဘူးလို့ UWSA ငြင်းဆို

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
လားရှိုးမြို့ လွှဲပြောင်းပေးဖို့ တရုတ်အထူးကိုယ်စားလှယ်ကိုယ်တိုင် ကိုင်တွယ်နေ ဧပြီလ (၁၉)ရက်။ လားရှိုးမြို့ကို စစ်ကောင်စီ ဝင်ရောက်လာချိန် လုံခြုံရေးယူပေးခဲ့တယ်ဆိုတဲ့အပေါ် “ ဝ” ပြည်နယ် ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ငြင်းဆိုထားတယ်လို့ သိရပါတယ်။ “ မိမိတို့ UWSA
မြန်မာသတင်း

ကျောက်တော်မြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 26 Views
ဧပြီလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်ကစပြီး ကျောက်တော်မြို့ရှိ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုဝ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့က အရပ်သားတွေနေတဲ့ ရပ်ကွက်တွေကို
မြန်မာသတင်း

နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်ရေးဆွဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 42 Views
ဧပြီလ (၁၉)ရက်။ နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် နေပြည်တော်မှာ ထိခိုက်ခဲ့တဲ့ အဆောက်အအုံတွေထဲ ဖို့မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေက ပိုမိုထိခိုက်ပျက်စီးတာကို