နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲမြို့တိုက်ပွဲထဲ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်း (၂၀)ခန့် ဖမ်းမိခဲ့တယ်လို့ BNRA ပြော

နိုဝင်ဘာလ (၁၆)ရက်။

ပုလဲမြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းတွေအပြင် စစ်သုံ့ပန်း (၂၀)ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

“ လက်နက် (၂၀)ကျော်နဲ့ ခဲယမ်းတွေအပြင် သုံ့ပန်း (၂၀)ခန့် ဖမ်းဆီးရမိထားပြီး စစ်သည်ကျင့်ဝတ်နဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတာကို မြေပြင်ကနေ သတင်းပေးပို့လာပါတယ်” လို့ ဗိုလ်နဂါးက ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို စစ်သည်ကျင့်ဝတ်နဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားကာ လက်နက် (၂၀)ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

နောက်ပြီး ရှေ့‌ဆက်လုပ်ဆောင်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီပေးလိုပါက အဖွဲ့အစည်းကိုသာ တိုက်ရိုက်ဆက်သွယ်ကူညီပေးကြဖို့ကိုလဲ တိုက်တွန်းထားပါတယ်။

“ ငွေကြေးစီးဆင်းတာ၊ ကြားဖြတ်အခြေအနေနဲ့ ထောက်ပံ့တာ လွဲမှားတတ်တာကို ကျွန်တော်တို့ပြည်သူတွေလဲ အတိုင်းအတာတခုအထိ နားလည်ကြပြီးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် တိုက်ရိုက်ဆက်သွယ်တာကို တိုက်တွန်းရတာပါ” လို့ သူက ဆက်ပြောပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲကို BNRA ဦးဆောင်ကာ တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ကာ အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပေမယ့် နိုဝင်ဘာလ (၁၄)ရက်နေ့မှာတော့ ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။

ပုလဲမြို့တိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကာ ‌မြို့ပေါ်နဲ့ အနီးကျေးရွာတွေက ပြည်သူ (၂၀၀၀၀)ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က နင်းမိုင်းအများအပြားထောင်တာတွေ ရှိခဲ့တာကြောင့်BNRAတပ်ဖွဲ့ဝင်တွေ အများဆုံးုင်းနင်းမိတဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NDF အပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို စစ်ကော်မရှင်ဖျက်သိမ်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 53 Views
စက်တင်ဘာလ (၉)ရက်။ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီအပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို ဖျက်သိမ်းလိုက်တယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို မယုံကြည်ကြဖို့ နိုင်ငံအချို့ကို NUG သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 46 Views
စက်တင်ဘာလ (၉)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံအချို့အနေနဲ့ မယုံကြည်ကြဖို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့
မြန်မာသတင်း

ခုခံ‌တွန်းလှန်စစ် (၄)နှစ်တာထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးကို ပစ်ချနိုင်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 58 Views
စက်တင်ဘာလ (၉)ရက်။ ပြည်သူ့ခုခံတွန်းလှန်စစ် (၄)နှစ်တာကာလထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ MOD က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ ခုခံတွန်းလှန်စစ်ကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာမှာ စစ်အုပ်စုရဲ့ စစ်လေယာဉ် (၅)စီးနဲ့
မြန်မာသတင်း

ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံထဲ မြန်မာပါဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 54 Views
စက်တင်ဘာလ (၉)ရက်။ အခုနှစ်ထဲ ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေအပေါ် တိုက်ခိုက်တာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံစာရင်းထဲ မြန်မာပါဝင်တယ်လို့ ယူကေသံရုံးရံ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုချိုးဖောက်ကျူးလွန်တာတွေက ပညာလေ့လာသင်ယူတာတွေကို နှောင့်နှေးပြတ်တောက်စေရုံသာမက မိသားစုတွေကိုပါ စိတ်ဒဏ်ရာတွေရစေပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို
မြန်မာသတင်း

CRPH နဲ့ NUG တို့ကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်စွပ်စွဲ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 49 Views
စက်တင်ဘာလ (၉)ရက်။ CRPH နဲ့ NUG တို့ရဲ့ နှောင့်ယှက်တာတွေကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာကနေ စွပ်စွဲပြောဆိုထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ CRPH နဲ့ NUG တို့ဟာ
မြန်မာသတင်း

ပုလောမြိုမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 75 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ပုလောမြို ထမင်းမစားရွာမှာ တပ်စွဲထားတဲ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို ပုလော-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုသိမ်းနိုင်ခဲ့တဲ့ စစ်တပ်စခန်းက ထမင်းမစားရွာထဲ တပ်စွဲထားတဲ့စခန်းပါ။ အဲ့ဒီစခန်းမှာ
မြန်မာသတင်း

ကန့်ဘလူမှာ လှည့်ကင်းထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 69 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်ခန့်က ကန့်ဘလူမြိုမှာ လှည့်ကင်းထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၇)ဦးခန့်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ လှည့်ကင်းထွက်လာတဲ့ ဖက်ဆစ်စစ်တပ်နဲ့ ပျူစောထီး
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်တယ်လို NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 65 Views
စက်တင်ဘာလ (၈)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နက်ရှိင်းစွာ စိုးရိမ်ပူပန်မိတယ်လို NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသတာမရဘူးလို