နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 9 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကွတ်ခိုင်မြို့ လေကြောင်းဗုံးကြဲခံရကာ ကလေးငယ်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့

နိုဝင်ဘာလ (၁၈)ရက်။

မနေ့က ည (၁၁)နာရီ (၄၇)မိနစ်အချိန်က ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့က ည(၁၁)နာရီ (၄၇)မိနစ်လောက် ကွတ်ခိုင်မြို့ (၄)ရပ်ကွက်ကို စကစက ဂျက်ဖိုက်တာနဲ့ လေကြောင်း ဗုံးကြဲတာ။ အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ နေအိမ်ပျက်စီးတာတွေရှိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ကွတ်ခိုင်မြို့ (၄)ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး (၂)ဦး သေဆုံးခဲ့ပြီး အမျိုးသား (၇)ဦးနဲ့ အမျိုးသမီး (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မနေ့ကတရက်ထဲ မိုင်းငေ့ါမြို့ မန်လုံရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင်(၃၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ကာ ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး နိုဝင်ဘာလ (၁)ရက်နေ့ကလဲ ကွတ်ခိုင်မြို့ (၂)ရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကာ ထိခိုက်တဲ့အခြေအနေကိုတော့ ပြောဆိုထားတာမရှိပါဘူး။

စစ်ကောင်စီတပ်ဟာ လေကြောင်းအသုံးပြုပြီး နေ့တိုင်း ပြည်သူတွေကို ဦးတည်ကာ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်သေဆုံးတာတွေရှိတဲ့အပြင် ပြည်သူပိုင်နေအိမ်တွေလဲ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိဖို့လိုအပ်ကာ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆီဆိုင်မြို့ရှိ ကျေးရွာအုပ်စု (၂)ခုက ပြည်သူ (၆၀၀၀)ကျော်ကို PNO ပြည်သူ့စစ်အဖွဲ့ မောင်းထုတ်

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 0 Views
ဇွန်လ (၉)ရက်။ ဆီဆိုင်မြို့ရှိ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုက ပြည်သူ (၆၀၀၀)ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မောင်းထုတ်‌နေတယ်လို့ PNLA
မြန်မာသတင်း

တရုတ်နိုင်ငံရဲ့ နိုင်ငံတကာမှာ ရပ်တည်ထောက်ခံပေးနေတာကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 1 Views
‌ဇွန်လ (၉)ရက်။ မြန်မာအရေးနဲ့ပတ်သက်ပြီး တရုတ်အနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ ရပ်တည်ထောက်ခံပေးနေတဲ့အပေါ် ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ-တရုတ်
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ ဒီတနင်္ဂနွေ ဂျွန်လ၈ရက်နေ့ အပတ်စဥ်ဆွေးနွေးကြမဲ့ခေါင်းစဥ်ကတော့

  • 2025 ခုနှစ်၊ ဇွန်လ 8 ရက်
  • 10 Views
–“ILO ကပိတ်ဆို့ – သယံဇာတဝန်ကြီးကအပင်းဆို့“ဖြစ်ပါတယ်။ ၁) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ် ILO ရဲ့ပုဒ်မ (၃၃)အရ ပိတ်ဆို့ အရေးယူတဲ့ ဆုံးဖြတ်ချက်အပေါ် သုံးသပ်ချက် ၂) NUG နဲ့ သယံဇာတပြဿနာ၊လက်နက်ကိုင် စီးပွားရေးနဲ့
မြန်မာသတင်း

ထရန့်နှင့်အီလွန်မတ်စ်တို့ဆက်ဆံရေးအချိန်တိုအတွင်းပြိုကွဲသွား

  • 2025 ခုနှစ်၊ ဇွန်လ 8 ရက်
  • 12 Views
+++++++++++++ ဇွန်လ (၆) ရက်။ အမေရိကန်သမ္မတထရန့်နှင့် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်တို့သည် ၅ ရက်နေ့က ဆိုရှယ်မီဒီယာပေါ်တွင် အချင်းချင်း ပြင်းပြင်းထန်ထန် စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ မတ်စ်သည် မေလနှောင်းပိုင်းတွင် အစိုးရဌာနမှ နုတ်ထွက်ပြီး အုပ်ချုပ်ရေး၏ အထင်ကရ
မြန်မာသတင်း

အာဏာရှင်စနစ်ဆိုးကို တိုက်ထုတ်ဖို့ အရေးကြီးတဲ့အချိန် ရောက်ပြီဖြစ်တာကြောင့် ပူးပေါင်းပါဝင်အားဖြည့်ဖို့ MDY-PDF ဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 25 Views
ဇွန်လ (၇)ရက်။ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်ယမ်းကုန် တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအပြင် မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာ သိသိနဲ့ငြိမ်ခံနေကြမှာလား။
မြန်မာသတင်း

ဖားကန့်မှာ ယမ်းဂိုဒေါင်နေရာ စစ်ကောင်စီ ဒရုန်းနဲ့ လက်နက်ကြီးပစ်ချ၊ ကလေးတွေအပါအဝင် (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 26 Views
ဇွန်လ (၇)ရက်။ မနေ့က ည (၉)နာရီအချိန် ဖားကန့်မြို့ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ယမ်းဂိုဒေါင်နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးပစ်ချခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပေါက်ကွဲတဲ့နေရာက ကျောက်စိမ်းတူးဖော်တဲ့
မြန်မာသတင်း

ဖယ်ခုံမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ်ထဲ စာလုပ်နေတဲ့ ကျောင်းသားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 24 Views
ဇွန်လ (၇)ရက်။ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာကို ဝရမ်းပြေး အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့
မြန်မာသတင်း

အိုးဘိုထောင်ထဲ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ နိုင်/ကျဉ်းစာရင်းကို PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 17 Views
ဇွန်လ (၇)ရက်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၄၉)ဦးရဲ့စာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲ အဆောက်အအုံပြိုကျကာ သေဆုံးခဲ့သူ စုစုပေါင်း (၇ဝ)ကျော်ရှိခဲ့ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား၊