နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာမြို့နယ်ထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာနေကာ လေကြောင်းပစ်ကူနေရ

နိုဝင်ဘာလ (၁၈)ရက်။

မနေ့က နံနက်ပိုင်းအစောပိုင်းအချိန်ကစပြီး မတ္တရာမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်း‌တလျှောက်က နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

“ မနေ့က နံနက် (၃)နာရီခန့်လောက်ကစပြီး မတ္တရာမြို့နယ် မြစ်ရိုးတလျှောက်နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာပါ။ တိုက်ပွဲထဲမှာ ကာကွယ်ရေးတပ်တွေဘက်က အသာစီး‌ရနေတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

နံနက် (၃)နာရီဝန်းကျင်ခန့်ကစပြီး မတ္တရာမြို့နယ်ရှိ ဆောက်ခြုံပေါက်၊ ငယ်တိုးနဲ့ သဖန်းဒေါင့်အပါအဝင် မြစ်ရိုးတလျှောက်က နေရာတွေမှာ ပကဖနဲ့ MOD တပ်ရင်းအချို့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က အထိနာနေတာကြောင့် မင်းကွန်းဆိပ်ကမ်းမှာ တိုက်သင်္ဘော (၂)စီးအပါအဝင် လက်နက်ကြီးတွေ၊ လေကြောင်းပစ်ခတ်တာတွေနဲ့ ပစ်ကူနေရတယ်လို့ ပြောဆိုထားပါတယ်။

မနေ့ကတိုက်ပွဲထဲ စစ်ကောင်စီဘက်က နံနက်ပိုင်းအချိန်မှာ Mi-17 (၂)စီးအပြင် ဂျက်ဖိုက်တာနဲ့ (၆)ကြိမ်အပါအဝင် တစ်ရက်ထဲ စုစုပေါင်း (၉)ကြိမ် လေကြောင်းပစ်ကူပေးခဲ့ကာ အခုလထဲ ထိတွေ့တိုက်ပွဲ (၂၇)ကြိမ်အထိ ဖြစ်ပွားခဲ့တာပါ။

အခုလို မတ္တရာမြို့နယ်ထဲ အခုလ (၉)ရက်နေ့ကစပြီး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ နှစ်ဖက် ထိခိုက်တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တာမွေမြို့ရှိ မြို့ဦးဘုန်းကြီးကျောင်းမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်တော်မူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 4 Views
နိုဝင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီခန့်က တာမွေမြို့ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းဝင်းထဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ
မြန်မာသတင်း

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ဘုန်းကြီးတစ်ပါးအပါအဝင် ခရီးသွားပြည်သူ (၄)ဦးသေဆုံးပြီး (၁၀)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 5 Views
နိုဝင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ကန့်ဘလူမြို့တောင်ခြမ်းရှိ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ခရီးသွားကားတစ်စီးအနီး
မြန်မာသတင်း

ကန့်ဘလူနယ်ထဲ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 7 Views
နိုဝင်ဘယလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ဇီးကုန်းရွာ သကြားစက်အထိုင်ကနေ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ ဒီနေ့ နံနက် (၇)နာရီခွဲနဲ့ (၈)နာရီ (၂၀)မိနစ်မှာ ဇီးကုန်း သကြားစက်အထိုင်ကနေ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်း ဒုတိယအကြိမ် ဗုံးကြဲခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 6 Views
နိုဝင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီခွဲအချိန်က ဖယ်ခုံမြို့၊ လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို့ KNDF အမှတ်(၈)ဗျုဟာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းနဲ့
မြန်မာသတင်း

မှတ်ပုံတင်အတု၊ UID အတုနဲ့ ပတ်စ်ပို့ပြုလုပ်သူ (၂၀)ကျော်ကို စစ်ကောင်စီ အမှုဖွင့်အရေးယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 8 Views
နိုဝင်ဘာလ (၁၈)ရက်။ မှတ်ပုံတင်အတု၊ Unique ID(UID)အတုတွေနဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)လျှောက်ထားသူတွေကို အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီလဝကရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ လဝကရုံး(ဟစ်တိုင်)နာမည်ပေးထားတဲ့ Facebook Group မှာ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး အထောက်အထားအတုတွေနဲ့ ပတ်စ်ပို့လျှောက်ထားတာကို
မြန်မာသတင်း

အုတ်ဖိုမြို့မှာ သန်းခေါင်စာရင်းကောက်ဖို့ အသံချဲ့စက်နဲ့အော်နေတဲ့ ပျုစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 9 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က အုတ်ဖို့မြို့ လိပ်ဥကုန်းအုပ်စုရဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် အောင်ဇော်(ခ)ဇော်ထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက ပျူစောထီးခေါင်းဆောင်လဲဖြစ်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးလဲဖြစ်ပါတယ်။ အခု
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မြို့ လေကြောင်းဗုံးကြဲခံရကာ ကလေးငယ်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 12 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က ည (၁၁)နာရီ (၄၇)မိနစ်အချိန်က ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည(၁၁)နာရီ (၄၇)မိနစ်လောက်
မြန်မာသတင်း

သန်းခေါင်စာရင်းကောက်ယူတာမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 13 Views
နိုဝင်ဘာလ (၁၈)ရက်။ ‌ရေစကြိုမြို့နယ်ထဲ သန်းခေါင်စာရင်းကောက်ယူတာမှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သန်းခေါင်စာရင်းကောက်တာမှာ လုံခြုံရေးယူနေတဲ့ စကစတပ်သား (၂)ဦးက (၁၆)ရက်နေ့မှာ ထွက်ပြေးတာပါ။