Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

တန့်ယန်းမှာ ကျားဖျန့်လုပ်ကိုင်သူ (၁၀၀၀)ကျော်ကို “ ဝ” တပ်ဖမ်းဆီး၊ တရုတ်နိုင်ငံသား (၇၀၀)ကျော်ကို တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့

နိုဝင်ဘာလ (၂၀)ရက်။

“ ဝ” တပ် UWSA ဝင်ရောက်ခဲ့တဲ့ တန့်ယန်းမြို့ထဲ ကျားဖျန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် (၁၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ WSTV ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

UWSA တပ်စွဲကင်းလှည့်နေတဲ့ တန့်ယန်းမြို့အနီးတဝိုက်မှာ ကျားဖျန့်(ခ)အွန်လိုင်း‌ငွေလိမ်လုပ်ငန်းနဲ့ပတ်သက်ပြီး သတင်းရရှိတာကြောင့် သွားရောက်ဖမ်းဆီးခဲ့ပြီး အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုဖမ်းဆီးခဲ့ရာ ကျားဖျန့်လုပ်ငန်းလုပ်ကိုင်သူ (၁၀၀၀)ကျော်အပါအဝင် ဂြိုလ်တုအင်တာနက် Starlink (၇၆)ခု၊ ဖုန်း (၁၅၄၉)လုံးနဲ့ ကွန်ပျူတာ (၈၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့သူတွေထဲ တရုတ်နိုင်ငံသား (၇၆၂)ဦး ပါဝင်ကာ သူတို့နဲ့အတူ သက်သေပစ္စည်းတွေကို မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်ရှိ ဒီယုံးဟော့နယ်ခြားဂိတ်မှာ တရုတ်ဘက်ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အခုလို တန့်ယန်းမြို့ထဲ UWSA က ထိန်းချုပ်ခဲ့ပြီးနောက် ကျားဖျန့်လုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးရမိတာ ပထမဆုံးအကြိမ်ဖြစ်ပြီး “ ဝ” ဒေသထဲမှာတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးကာ တရုတ်ထံ ပြန်အပ်တာတွေ ရှိခဲ့ပါတယ်။

“ ဝ” တပ် UWSA အနေနဲ့ ဇူလိုင်လပိုင်းကစပြီး တန့်ယန်းမြို့ကို အင်အားထောင်နဲ့ချီ ဝင်ရောက်ခဲ့ကာ ရှမ်းမြောက်ဒေသတိုက်ပွဲတွေ တန့်ယန်းမြို့ဘက် မကူးစက်လာစေဖို့အတွက် ကြိုတင်ကာကွယ်တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ခေါ်ယူ

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 21 Views
ဇွန်လ (၁၇)ရက်။ တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG က ခေါ်ယူနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG
မြန်မာသတင်း

လုံးခင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 21 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဖားကန့်မြို့ လုံးခင်းအုပ်စု ကုဋေမှောရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
မြန်မာသတင်း

တပတ်ထဲ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၅၂)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 23 Views
ဇွန်လ (၁၇)ရက်။ ပြီးခဲ့တဲ့ တပတ်တာကာလထဲ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ ကိုဗစ်(၁၉) အတည်ပြုလူနာ (၅၂)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၈)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ တပတ်ထဲ ဓါတ်ခွဲနမူနာစုစုပေါင်း (၂၂၈၅)ခုကို
မြန်မာသတင်း

CDM ဥပဒေပါ ပြဋ္ဌာန်းချက်တွေက ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေပြီး ကန့်ကွက်တယ်လို့ DDMSC ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 22 Views
ဇွန်လ (၁၇)ရက်။ CRPH ထုတ်ပြန်တဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ-ထားဝယ်(DDMSC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDM ဟာ စစ်အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နိုင်ငံရေးအံတုမှုနည်းလမ်းနဲ့ ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတရပ်ဖြစ်ကာ
မြန်မာသတင်း

အကျဉ်းချခံ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့်မွေးနေ့အတွက် ‌ကိတ်မုန့်ပေးပို့ထား

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 19 Views
ဇွန်လ (၁၇)ရက်။ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ အသက် (၈၀)နှစ်ပြည့် မွေးနေ့ကိတ်မုန့်ကို ထောင်အာဏာပိုင်တွေဆီ ပေးပို့ထားတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေထံက သိရပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)နှစ်ပြည့် မွေးနေ့‌အတွက် သူမရဲ့ရုပ်ပုံပါ ကိတ်မုန့်ကို ရှေ့နေအဖွဲ့နဲ့ မိတ်ဆွေတွေက
မြန်မာသတင်း

နာမည်ကျော် ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ MI6 အတွက် အမျိုးသမီးတစ်ဦးကို ပထမဦးဆုံး အကြီးကဲအဖြစ် ခန့်အပ်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 22 Views
ဇွန်လ (၁၇) ရက်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စာတာမာ (Keir Starmer) သည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ထောက်လှမ်းရေးအေဂျင်စီ MI6 ကို ဦးဆောင်ရန် အမျိုးသမီးတစ်ဦးကို ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယခုဆောင်းဦးရာသီတွင် အကြီးအကဲအဖြစ်
ဂျပန် နိုင်ငံတကာသတင်း မြန်မာသတင်း

ဂျပန်ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံရသော ဒေသများသို့ ချက်ချင်းနေနိုင်သော လုံးချင်းအိမ်များ လှူဒါန်းရန် စီစဉ်နေကြောင်း သိရသည်။

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 33 Views
ဇွန်လ (၁၇) ရက်။ ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Lifull ArchiTech Co.,Ltd သည် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် လူသေဆုံးမှုများနှင့် ဆိုးရွားစွာ
မြန်မာသတင်း

အိုးဘိုထောင်မှာ ကိုဝေမိုးနိုင်အပါအဝင် နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရသူတွေ ဆေးကုသခွင့်မရသေး

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
ဇွန်လ (၁၆)ရက်။ အိုးဘိုထောင်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတာမှာ ဒဏ်ရာရသူတွေ ဆေးကုသခွင့်မရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၁၁)ရက်နေ့က မုံရွာထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သံခြေကျဉ်းတွေခတ်ပြီး