နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုနဲ့ပေါင်းပြီး လုံခြုံရေးပူးတွဲကုမ္ပဏီ တည်ထောင်တာက တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG ပြော

နိုဝင်ဘာလ (၂၆)ရက်။

စစ်အုပ်စုနဲ့ပေါင်းပြီး လုံခြုံရေးပူးတွဲကုမ္ပဏီ တည်ထောင်တာက တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်စရာ အကြောင်းမရှိဘူးလို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုချက်အရ သိရပါတယ်။

“ အခုတလောမှာ တရုတ်နဲ့ အကြမ်းဖက်စစ်ကောင်စီတို့အကြား Joint Venture Security Company တည်ထောင်ဖို့ သဘောတူညီချက်တွေ ရထားတယ်ဆိုတာကို သိရပါတယ်။ မြန်မာမှာ အကြမ်းဖက်စစ်ကောင်စီကြောင့် မတည်မငြိမ်တာတွေဖြစ်နေတဲ့အချိန် တရုတ်နိုင်ငံက သူတို့ရဲ့ အကျိုးစီးပွားတွေနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးတွေ စိုးရမ်မကင်းဖြစ်နေရတယ်” လို့ သူက ဆိုပါတယ်။

နိုင်ငံတည်ငြိမ်တာကို ဖျက်ဆီးပြီး ပြည်သူကို သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့အပေါင်းအပါတွေက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

နောက်ပြီး သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ စစ်တပ်‌ထောက်ခံတဲ့ လော်ဘီတွေရဲ့ လှုံ့ဆော်တာတွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးတွေကို ခြိမ်းခြောက်နေတယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် NUG က ထုတ်ပြန်ထားတဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒတွေ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်မှာမဟုတ်တာကိုလဲ အတိအလင်း ပြောထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံထဲ တရားဝင် ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးသွားမှာဖြစ်ပြီး ကာကွယ်စောင့်ရှောက်ပေးနေတာတွေဟာ မြေပြင်ပေါ်မှာ အထင်းသား သက်သေ‌ပြနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ပြည်သူနဲ့ တသားထဲရပ်တည်နေတဲ့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးတွဲဆောင်ရွက်တာဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံတဲ့ အကျိုးစီးပွားတွေနဲ့ လုပ်ငန်းလည်ပတ်တာတွေမှာ ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ကူညီဆောင်ရွက်တာနဲ့ နိုင်ငံတည်ငြိမ်ဖို့အပါအဝင် ဒေသတွင်း လုံခြုံရေးနဲ့ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုတဲ့နိုင်ငံ ဖြစ်လာနိုင်ပြီး ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီတဲ့အဖြေရှာဖို့ တိုက်တွန်စထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 0 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 4 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 11 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့