နိုဝင်ဘာလ (၂၇)ရက်။
နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရဲ့ တရားလွှတ်တော်ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်တာဟာ ရခိုပြည်နယ်ထဲ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်တဲ့ ကြေညာချက်ကို တရားလွှတ်တော်ရှေ့နေ Karin A.A. Khan KC က ICC ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရုပ်သံဖိုင်နဲ့ ပြောဆိုထားပါတယ်။
အခုလို ICC အနေနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုလွှာကို စီရင်တဲ့အခါ အနီးကပ် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လဲ သူက ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးဘူးလို့ သိရပါတယ်။