နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့ဝင်များ လက်ဘနွန်မှ ချက်ချင်းဆုတ်ခွာမည်မဟုတ်ဟုဆို

နိုဝင်ဘာလ (၂၇) ရက်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ချိန်တွင် အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်မှ ချက်ချင်းဆုတ်ခွာမည်မဟုတ်ကြောင်း အမေရိကန်အကြီးတန်း အုပ်ချုပ်ရေး အရာရှိတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သော်လည်း သဘောတူညီချက်ပါ စည်းကမ်းချက်များအရ ရက်ပေါင်း ၆၀ အတွင်း ဆုတ်ခွာမည်ရမည်ဖြစ်သည်။

“သူတို့က ချက်ချင်းဆုတ်ခွာမှာ မဟုတ်ဘူး၊ ဒါပေမယ့် လက်ဘနွန်စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တောင်ဘက်ဆီ ဖြန့်ကျက်မှုစတင်မယ့် ရက်ပေါင်း ၆၀ ကာလကို စတင်တော့မှာပါ။ ဒါဟာ နေ့ချင်းညချင်း ဒါမှမဟုတ် ရက်အတော်ကြာ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး လက်ဘနွန်စစ်တပ်က တောင်ဘက်ဆီသူတို့တပ်ဖွဲ့တွေကို ဖြန့်ကျက် နေရာချပြီးနောက် အစ္စရေးစစ်တပ်က ဆုတ်ခွာသွားမယ့်နေရာမှာ လစ်ဟာမှုတွေမရှိဖို့ကို တားဆီးဖို့ ကာလပဲ ဖြစ်ပါတယ်” ဟု အရာရှိက သတင်းထောက်များအား ပြောကြားခဲ့သည်။ .

အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများကို အစ္စရေးအစိုးရမှ တစ်ဖက်သတ်ရွေးချယ်နိုင်မှု ရှိ၊ မရှိကို အစ္စရေး၏ တုံ့ပြန်ပိုင်ခွင့်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း အဖြေမပေးခဲ့ပေ။ အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံစလုံးသည် “နိုင်ငံတကာဥပဒေနှင့်အညီ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို ထိန်းသိမ်းထား” ကြောင်း မှတ်ချက်ပြုခဲ့သည်။

လက်ဘနွန်တောင်ပိုင်းမှ ဟစ်ဇ်ဘိုလာတပ်ဖွဲ့များ ဆုတ်ခွာရေးနှင့် ပတ်သက်၍ လစ်တာနီ (Litani) (မြစ်) မျဉ်း၏ မြောက်ဘက်အကြမ်းဖျဉ်း သဘောတူထားသည့် မြေပုံတစ်ခု ရှိကြောင်း၊ အချို့နေရာများတွင် လစ်တာနီထက် မြောက်ဘက်သို့ ပိုသွားသည်ဟုဆိုသည်၊ ”

လက်ဘနွန်စစ်တပ်သည် တောင်ဘက်တွင် နေရာယူရန်နှင့် ဟစ်ဇ်ဘိုလာသည် မြောက်ဘက်သို့ ‌ပြောင်းရွေ့ပြီး ၎င်းတို့၏ တပ်ဆင်ထားသည့်လက်နက်ကြီးများအားလုံးကို လည်း ဖယ်ရှားရန် လက်ဘနွန်အစိုးရမှ “လုပ်ပိုင်ခွင့်အရနှင့် ညွှန်ကြားချက်ထုတ်ပြန်ပေးမည်”ဖြစ်သည်။ လက်ဘနွန်စစ်တပ်သည် “ ကျန်ရှိသောအခြေခံအဆောက်အအုံများ သို့မဟုတ် လက်နက်လက်ကျန်များရှိပါက ၎င်းကိုဖယ်ရှားပြီး ထိုဒေသတွင် မည်သည့် အခြေခံအဆောက်အအုံမျှ ပြန်လည်တည်ဆောက်နိုင်မည်မဟုတ်ကြောင်း သေချာစေရန် အတွက် လက်ဘနွန်စစ်တပ်သည် ဧရိယာအတွင်း ကင်းလှည့်နေလိမ့်မည်” ဟု အရာရှိက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်၊ မြင်တွေ့ရသည့်အတိုင်း ဟစ်ဇ်ဘိုလာ နှင့် အစ္စရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ဘေရွတ်၏တောင်ပိုင်းဆင်ခြေဖုံးများတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် မီးခိုးများတွေ့ရစဉ်။ ဓာတ်ပုံ- REUTERS/Mohamed Azakir

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ