နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့ဝင်များ လက်ဘနွန်မှ ချက်ချင်းဆုတ်ခွာမည်မဟုတ်ဟုဆို

နိုဝင်ဘာလ (၂၇) ရက်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ချိန်တွင် အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်မှ ချက်ချင်းဆုတ်ခွာမည်မဟုတ်ကြောင်း အမေရိကန်အကြီးတန်း အုပ်ချုပ်ရေး အရာရှိတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သော်လည်း သဘောတူညီချက်ပါ စည်းကမ်းချက်များအရ ရက်ပေါင်း ၆၀ အတွင်း ဆုတ်ခွာမည်ရမည်ဖြစ်သည်။

“သူတို့က ချက်ချင်းဆုတ်ခွာမှာ မဟုတ်ဘူး၊ ဒါပေမယ့် လက်ဘနွန်စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တောင်ဘက်ဆီ ဖြန့်ကျက်မှုစတင်မယ့် ရက်ပေါင်း ၆၀ ကာလကို စတင်တော့မှာပါ။ ဒါဟာ နေ့ချင်းညချင်း ဒါမှမဟုတ် ရက်အတော်ကြာ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး လက်ဘနွန်စစ်တပ်က တောင်ဘက်ဆီသူတို့တပ်ဖွဲ့တွေကို ဖြန့်ကျက် နေရာချပြီးနောက် အစ္စရေးစစ်တပ်က ဆုတ်ခွာသွားမယ့်နေရာမှာ လစ်ဟာမှုတွေမရှိဖို့ကို တားဆီးဖို့ ကာလပဲ ဖြစ်ပါတယ်” ဟု အရာရှိက သတင်းထောက်များအား ပြောကြားခဲ့သည်။ .

အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများကို အစ္စရေးအစိုးရမှ တစ်ဖက်သတ်ရွေးချယ်နိုင်မှု ရှိ၊ မရှိကို အစ္စရေး၏ တုံ့ပြန်ပိုင်ခွင့်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း အဖြေမပေးခဲ့ပေ။ အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံစလုံးသည် “နိုင်ငံတကာဥပဒေနှင့်အညီ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို ထိန်းသိမ်းထား” ကြောင်း မှတ်ချက်ပြုခဲ့သည်။

လက်ဘနွန်တောင်ပိုင်းမှ ဟစ်ဇ်ဘိုလာတပ်ဖွဲ့များ ဆုတ်ခွာရေးနှင့် ပတ်သက်၍ လစ်တာနီ (Litani) (မြစ်) မျဉ်း၏ မြောက်ဘက်အကြမ်းဖျဉ်း သဘောတူထားသည့် မြေပုံတစ်ခု ရှိကြောင်း၊ အချို့နေရာများတွင် လစ်တာနီထက် မြောက်ဘက်သို့ ပိုသွားသည်ဟုဆိုသည်၊ ”

လက်ဘနွန်စစ်တပ်သည် တောင်ဘက်တွင် နေရာယူရန်နှင့် ဟစ်ဇ်ဘိုလာသည် မြောက်ဘက်သို့ ‌ပြောင်းရွေ့ပြီး ၎င်းတို့၏ တပ်ဆင်ထားသည့်လက်နက်ကြီးများအားလုံးကို လည်း ဖယ်ရှားရန် လက်ဘနွန်အစိုးရမှ “လုပ်ပိုင်ခွင့်အရနှင့် ညွှန်ကြားချက်ထုတ်ပြန်ပေးမည်”ဖြစ်သည်။ လက်ဘနွန်စစ်တပ်သည် “ ကျန်ရှိသောအခြေခံအဆောက်အအုံများ သို့မဟုတ် လက်နက်လက်ကျန်များရှိပါက ၎င်းကိုဖယ်ရှားပြီး ထိုဒေသတွင် မည်သည့် အခြေခံအဆောက်အအုံမျှ ပြန်လည်တည်ဆောက်နိုင်မည်မဟုတ်ကြောင်း သေချာစေရန် အတွက် လက်ဘနွန်စစ်တပ်သည် ဧရိယာအတွင်း ကင်းလှည့်နေလိမ့်မည်” ဟု အရာရှိက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်၊ မြင်တွေ့ရသည့်အတိုင်း ဟစ်ဇ်ဘိုလာ နှင့် အစ္စရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ဘေရွတ်၏တောင်ပိုင်းဆင်ခြေဖုံးများတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် မီးခိုးများတွေ့ရစဉ်။ ဓာတ်ပုံ- REUTERS/Mohamed Azakir

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ကုန်ပစ္စည်းတွင် စည်းကြပ်ခွန်အတွက်ကုန်ကျစရိတ်ကို ဖော်ပြမည့် အမေဇုန်ပြောဆိုချက်ကြောင့် ထရန့်ဒေါထွက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 3 Views
++++++++++++++++++ ဧပြီလ (၃၀) ရက်။ အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလဲဗစ်ထ်က ဧပြီ ၂၉ ရက်နေ့က ပြုလုပ်သည့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ရဲ့သမတမဲဆွယ်စည်းရုံးစဥ်ကပေးခဲ့သောကတိ (၉) ခု ရက် ၁၀၀ သက်တမ်းအတွင်း ဘယ်လောက် အောင်မြင်ခဲ့သလဲ။

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 8 Views
ဒါကတော့ သူ့ရဲ့ အဓိက မဲဆွယ်စည်းရုံးရေးကတိ ၁၄ ခုမှာ ထရန့်လုပ်ခဲ့တာတွေပါ။ NBC သတင်းသည် ထရန့်၏ကတိဂဝတ်များ မည်မျှအထိ ဖြည့်ဆည်းနိုင်သည်ကို
နိုင်ငံတကာသတင်း အမေရိကန်

ထရန့် ရက် ၁၀၀ ပြည့် အထိမ်းအမှတ်အတွက် Times မဂ္ဂဇင်းနှင့် အင်တာဗျူး ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 15 Views
+++++++++++++++++++++++++++++++ ကနေဒါကို သိမ်းပိုက်ဖို့၊ ရှီကျင့်ဖျင်ကို စကား‌ပြောခြင်း၊ တတိယအကြိမ် အရွေးခံမည့် အခြေအနေ၊ စသည့် TIMEမှ ထရန့် အင်တာဗျူးမှ ရရှိခဲ့သော အချက်(၉)ချက် +++++++++++ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဧပြီလ ၂၂ ရက်နေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ဝန်ကြီးချုပ် ကာနေးက ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာ

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 17 Views
ထရန့်၏ ခြိမ်းခြောက်မှုများကို ကနေဒါသည် ဘယ်သောအခါမှ အညံ့ခံမည်မဟုတ်ဟုဆို ဧပြီလ (၂၉) ရက်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ မရပ်မနား ရန်စမှုများနှင့် လွန်ကဲသော ကုန်သွယ်ရေး စည်းကြပ်ခွန်များ လွှမ်းမိုးထားသော မဲဆွယ်ပွဲအပြီး အင်္ဂါနေ့အစောပိုင်းတွင် ဖက်ဒရယ်ရွေးကောက်ပွဲတွင် အောင်ပွဲရကြောင်း ကြေညာပြီးသည့်နောက်တွင်
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတထရန့်ကို လူထုထောက်ခံမှုကျဆင်း

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 16 Views
ဧပြီလ (၂၈) ရက်။ ယခုလ ၂၉ ရက်နေ့တွင် သမ္မတထရန့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ရက်ပေါင်း ၁၀၀ ပြည့်မြောက်မည့်နေ့ရက် ဖြစ်သည်။ သမ္မတထရန့်၏ လူထုထောက်ခံမှုအဆင့်သည် ၃၉% သို့ ကျဆင်းသွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ ဝါရှင်တန်ပို့စ်၊
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အောင်ပွဲနေ့အတွက် ယူကရိန်းတွင် တစ်ဖက်သတ် ယာယီအပစ်အခတ်ရပ်စဲရန် ပူတင်က အမိန့်ပေး

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 15 Views
ဧပြီလ (၂၈) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံကို အောင်ပွဲခံခဲ့သည့် နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ လာမည့်သီတင်းပတ်၏ အောင်ပွဲနေ့အတွက် ယူကရိန်းတွင် ယာယီအပစ်အခတ်ရပ်စဲရန် အမိန့်ထုတ်လိုက်သည်။ ကရင်မလင်က ထုတ်ပြန်သည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကနေဒါနိုင်ငံ ဗင်ကူးဗား (Vancouver) မြို့မှာ ကျင်းပတဲ့ ဖိလစ်ပီနိုပွဲတော်မှာ ကားနှင့် ဝင်တိုက်သတ်လို့ လူကိုးဦး သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇) ရက်။ ဗင်ကူးဗားမြို့တွင် စနေနေ့ညက ကျင်းပနေသည့် ဖိလစ်ပိုင်အမွေအနှစ် လမ်းဘေးပွဲတော်တစ်ခု၌ ယာဉ်မောင်းတစ်ဦးက ကားနှင့်တိုက်မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။ ပွဲတော်လာတက်သူအချို့က သံသယရှိသူအား လိုက်လံဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က အသက်၃၀
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ပူတင်မှာ တကယ်လိုလားတဲ့စိတ်ရှိရဲ့လားလို့ ထရန့်က မေးခွန်းထုတ်

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇) ရက်။ ထရန့်သည် ပုပ်ရဟန်းမင်း၏ ဈာပနအခမ်းအနားမတိုင်မီ စနေနေ့က ဗာတီကန်တွင် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး နှင့် တွေ့ဆုံခဲ့သည်။ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနဘေးကနေရာတွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဒေါ်နယ်ထရန့်သည်