နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

တာချီလိတ်မြို့မှာ လက်နက်ကိုင်လူတစုက သေနတ်ပစ်ဖောက်ပြီး လူငယ် (၅)ဦးခန့်ကို ရိုက်နှက်ဖမ်းဆီးခဲ့

နိုဝင်ဘာလ (၃၀)ရက်။

မနေ့က နေ့လယ် (၃)နာရီကျော်အချိန် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်းမှာ လက်နက်ကိုင်လူတစ်စုက သေနတ်ပစ်ဖောက်ပြီး လူငယ် (၅)ဦးခန့်ကို ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ မနေ့က နေ့လယ် (၃)နာရီကျော်လောက် မီဒေးကိုယ်ပိုင်ကျောင်းရှေ့တည့်တည့်မှာ သေနတ်တွေကိုင်ထားတဲ့ (၈)ယောက်လောက်က ဆိုင်ကယ်၊ ကားနဲ့ ရောက်လာပြီး သေနတ်ပစ်ဖောက်တာ၊ ပြီးတော့ လူငယ် (၅)ဦးလောက်ကို ရိုက်နှက်ဖမ်းဆီးပြီး ကားပေါ်တင်သွားတာ” လို့ ဆိုပါတယ်။

သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား (၈)ဦးခန့်ပါ လူတစ်စုက မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို ရောက်ရှိလာကာ မိုးပေါ် သေနတ်ပစ်ဖောက် ခြောက်လှန်ခဲ့ပြီး အမျိုးသား (၄)ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ရိုက်နှက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ရိုက်နှက်ဖမ်းဆီးခံရသူတွေဟာ အသက် (၂၀)နှစ်ကနေ (၂၅)နှစ်ဝန်းကျင်ရှိကြပြီး ကားပေါ်တင်ဖမ်းဆီးသွားခဲ့ကာ ဘယ်အဖွဲ့က ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က စုံစမ်းဖော်ထုတ်နေတယ်လို့ ရေးသားထားကြပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကာ စစ်တပ်အာဏာသိမ်းပြီးနောက် တာချီလိတ်မြို့မှာ အုပ်စုလိုက် လက်နက်ကိုင်ပြီး ပြန်ပေးဆွဲတာနဲ့ ဓါးပြတိုက်တာတွေ ပိုမိုများပြားလာနေပါတယ်။

နောက်ပြီး တာချီလိတ်မြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေ ကျန်ရှိနေဆဲဖြစ်ကာ ထွက်ပြေးလာတဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးတာကြောင့် ပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့သူတွေလဲ ရှိနေပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာမရှ်ိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွှေစက်တော်ဘုရား အဝင်ဂိတ်အနီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၀)ဦးခန့်သေဆုံးခဲ့၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 4 Views
တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း အသိပေးထား နိုဝင်ဘာလ (၃၀)ရက်။ နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်ခန့်က မင်းဘူးမြို့
မြန်မာသတင်း

ကြို့ပင်ကောက်မြို့မှာ လမ်းမီး တစ်ယူနစ်ကို (၃၀၀)ကျပ်ကောက်နေတဲ့ ပျူတပ်စိတ်မှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 4 Views
နိုဝင်ဘာလ (၃၀)ရက်။ မနေ့က ည (၈)နာရီ (၄၀)မိနစ်အချိန် ကြို့ပင်ကောက်မြို့အရှေ့၊ ဆင်ပိုက်အနောက်စုရွာက ပျူတပ်စိတ်မှူး ကိုကိုဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ BTZM
မြန်မာသတင်း

အင်းစိန်ထောင်က နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား (၅၀၀)နီးပါး သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 4 Views
နိုဝင်ဘာလ (၃၀)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၅၀၀)နီးပါး သာယာဝတီထောင်ကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ PPNM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၁)နာရီလောက်ကစပြီး အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား၊
မြန်မာသတင်း

အခုတပတ် တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 7 Views
နိုဝင်ဘာလ (၃၀)ရက်။ နိုဝင်ဘာလ (၂၃)ရက်နေ့ကစပြီး (၂၉)ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသက စစ်ဆင်ရေးတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၂)ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုတပတ်တာထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

မုံရွာမြို့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား အနီးကပ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 7 Views
နိုဝင်ဘာလ (၃၀)ရက်။ မနေ့က မုံရွာမြို့ အလယ်ရပ်ကွက်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို အနီးကပ်ရှင်းလင်းခဲ့တယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က အလယ်ရပ်ကွက်ထဲ ကင်းစောင့်နေတဲ့ စခတစ်ဦးကို နာနတ်သီးတစ်လုံး ကောက်ရတယ်ဆိုပြီး သွားအပ်တာကနေ
မြန်မာသတင်း

ရေတပ်ရဲ့ ပစ်ခတ်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ထိမှန်တယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီငြင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 4 Views
နိုဝင်ဘာလ (၃၀)ရက်။ စစ်တပ်ရေတပ်က ပစ်ခတ်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ထိမှန်ဒဏ်ရာရတယ်ဆိုတာ မဟုတ်ဘူးဆိုပြီး စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ နိုဝင်ဘာလ (၂၇)ရက်နေ့က နှစ်နိုင်ငံ နယ်စပ်ဒေသ ကော့ဘဇားရှိ စိန့်မာတင်ကျွန်းအနီး စစ်တပ်ရဲ့ ပစ်ခတ်တာကြောင့်
မြန်မာသတင်း

တိုင်းစစ်ဌာနချုပ်တွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၅) သင်တန်းဆင်းပွဲတွေပြုလုပ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 4 Views
နိုဝင်ဘာလ (၃၀)ရက်။ မနေ့က တိုင်းစစ်ဌာနချုပ်တွေရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၅)ကို စက်တင်ဘာလ (၉)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းကာလထဲ
မြန်မာသတင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်စခန်း (၁၃၀)ကျော်အထိ KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 4 Views
နိုဝင်ဘာလ (၃၀)ရက်။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်စခန်း (၁၃၈)ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ KNLA နဲ့ မဟာမိတ်အဖွဲ့တွေက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ နယ်မြေစိုးမိုးရေး သိသိသာသာ ရရှိခဲ့ပြီး စစ်ကောင်စီစစ်စခန်း