နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာ ရေရဖို့က အဓိကကျတယ်လို့ စစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၁)ရက်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ ရေရဖို့က အဓိကကျတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တွံတေးမွေးမြူရေးဇုန်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဇုန်တွေအလိုက် မွေးမြူရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လုံလောက်တဲ့ ရေပမာဏ ပေးဝေနိုင်ဖို့ စနစ်တကျ တွက်ချက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

နောက်ပြီး နိုင်ငံတကာမှာ အောင်မြင်နေတဲ့ စိုက်ပျိုးမွေး‌မြူရေးလုပ်ငန်းတွေကို ကြည့်မယ်ဆိုရင် ရေက အဓိကအရင်းအမြစ်ဖြစ်တာကို တွေ့မြင်ရမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

ဒါ့ကြောင့် ရေအရင်းအမြစ်တွေဖြစ်တဲ့ မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြစ်ချောင်းရေနဲ့ မြေအောက်ရေဆိုပြီးရှိကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ရေကို မဖြစ်မနေရရှိအောင် ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်တဲ့ တိရစ္ဆာန်အစာတွေကို ရပ်ဝေးကနေ မှာယူမယ်ဆိုရင် ကုန်ကျစရိတ်တွေ ပိုမိုများပြားနိုင်ကာ သွင်းအားစုနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် နည်းမယ်ဆိုရင် ထုတ်ကုန်တွေကို ဈေးနှုန်းသက်စာစွာနဲ့ ရောင်းပေးနိုင်မှာဖြစ်တယ်လို့လဲ ပြောဆိုခဲ့ပါတယ်။

ဒီအတွက်‌ ဇုန်တွေအလိုက် ဒေသထဲက ထွက်ရှိတဲ့ ကုန်ကြမ်းတွေနဲ့ တိရစ္ဆာန်အစာ ထုတ်လုပ်နိုင်ဖို့လိုပြီး စိုက်ပျိုးရေးလုပ်ငန်းကနေ ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို တိရစ္ဆာန်အစာအနေနဲ့ အသုံးပြုဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 22 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 23 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 22 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို
မြန်မာသတင်း

ရေစကြိုရှိ တောင်အိုစစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 31 Views
မေလ (၂)ရက်။ ဧပြီလ (၃၀)ရက်နေ့ နေ့လယ် (၁၁)နာရီ (၂၅)မိနစ်အချိန်က ရေစကြိုမြို့ရှိ တောင်အိုစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်အိုစစ်ဆေးရေးဂိတ်က ပြည်သူကို
မြန်မာသတင်း

မြန်မာနိုင်ငံရဲ့ အလုပ်သမားအရေး ဆက်လက်အာရုံစိုက်ပြီး အရေးယူဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 27 Views
မေလ (၂)ရက်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေကို ဆက်လက်အာရုံစိုက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ကမ္ဘာ့အလုပ်သမားနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်တာကြောင့်
မြန်မာသတင်း

ဖလမ်းမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား (၆)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 24 Views
မေလ (၂)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ဖလမ်းမြို့ရှိ Khawpuichhip ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ ရွာလယ်ကို ဗုံးကြဲသွားတာ၊ သေဆုံးတာက ကလေးငယ်တွေလဲပါတယ်။ တော်တော်များများလဲ
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 29 Views
မေလ (၁)ရက်။ ဧပြီလ (၂၄)ရက်နေ့က လယ်ဒိုမြို့ရှိ လယ်မူသောရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ အသက် (၁၅)နှစ်အရွယ် နော််တူလိုမူး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူပြော

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 33 Views
မေလ (၁)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ သူမကို ရွှေ့ပြောင်းတာက လွှတ်ပေးတာ မဟုတ်ပါဘူး၊ ထောင်ဒဏ်လျှော့ပေါ့တာနဲ့ မသိနိုင်တဲ့နေရာတစ်ခုကို ရွှေ့ပြောင်းတာဟာ အခြေအနေကို မပြောင်းလဲစေပါဘူး”