နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်ပအလုပ်သွားလုပ်မယ့်သူတွေ OWIC ကတ်အတွက်သက်ဆိုင်ရာနိုင်ငံရဲ့ လေယာဉ်လက်မှတ်ပြရမယ်လို့ စစ်ကောင်စီပြော

ဒီဇင်ဘာလ (၁)ရက်။

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ လေယာဉ်လက်မှတ်ပြနိုင်မှ OWIC ကတ် ထုတ်ပေးမယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုလို ပြည်ပသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအတွက် OWIC ကတ် ပြုလုပ်တာနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တွေ လိုက်နာဖို့ကို စစ်ကောင်စီရဲ့ အလုပ်သမားညွှန်‌ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

OWIC ကတ် လျှောက်ထားတာမှာ အရင်က သတ်မှတ်ထားတဲ့ အချက်အလက်တွေအပြင် စစ်ကောင်စီက ‌လေယာဉ်လက်မှတ်ကိုပါ တခါထဲပြခိုင်းတဲ့အချက်ကို ထပ်တိုးထုတ်ပြန်လာတာလို့ ဆိုပါတယ်။

နောက်ပြီး PJ ပတ်စ်ပို့ကိုင်ဆောင်သူတွေအနေနဲ့ OWIC ကတ်ရှိမှသာ ပြည်ပထွက်ခွင့် ရရှိမှာဖြစ်တဲ့အတွက် OWIC ကတ်ကို မဖြစ်မနေ လျှောက်ထားဖို့ စစ်ကောင်စီက ထပ်မံသတိပေးထားပါတယ်။

ဒါ့အပြင် OWIC ကတ် လျှောက်တဲ့အခါ လူသစ်ဆိုရင် ပတ်စ်ပို့၊ သန်းခေါင်စာရင်း၊ အလုပ်ခေါ်စာ၊ အေဂျင်စီထောက်ခံချက်၊ စမတ်ကတ်တို့ ပြရမှာဖြစ်ပြီး ခွင့်ပြန်ာအလုပ်သမားတွေဆိုရင် မိသားစုဆီ လွှဲပို့ငွေ၊ အခွန်ဆောင်ထားတဲ့ အထောက်အထားနဲ့ အလုပ်ခွင့်စာတို့ လိုတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ အထွေထွေအကျပ်အတည်းတွေနဲ့ အလုပ်အကိုင် ရှားပါးတာတွေအပါအဝင် စစ်မှုထမ်းဥပဒေတို့ကြောင့် ပြည်ပထွက်ပြီး အလုပ်လုပ်သူဦးရေ များပြားလာတဲ့အပေါ် စစ်ကောင်စီက ကန့်သတ်တားမြစ်တာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တနိုင်းရှိ ရွှေမှော်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား (၁၀)ဦးကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 3 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီဝန်းကျင်က တနိုင်းမြို့ လပူခရွှေမှော်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်သူကို ဘဏ်ဝန်ထမ်းနဲ့ ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 5 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မန္တလေး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် လမ်း(၄၀)၊ (၇၂)လမ်းနဲ့ (၇၃)လမ်းကြားရှိ KBZ
မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၄၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 5 Views
တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၄၀၀)ကျော်သေဆုံးခဲ့ ဇန်နဝါရီလ (၁၁)ရက်။ ၂၀၂၄ခုနှစ်ထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁၃)ဦး သေဆုံးခဲ့ပြီး (၃၁၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ တောင်ပိုင်းစစ်ဒေသ ဗျူဟာ(၃၂) ပူးပေါင်းတပ်ဖွဲ့တွေနဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 6 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့ပေါ်က လူနေထူထပ်တဲ့နေရာတွေဖြစ်တဲ့ ရပ်ကွက်နဲ့
မြန်မာသတင်း

ရေအားလျှပ်စစ်စီမံကိန်းတွေ ကန့်ကွက်တာတွေကြောင့် လျှပ်စစ်ဓါတ်အားလိုအပ်တာလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 6 Views
ဇန်နဝါရီလ (၁၁)ရက်။ အကောင်အထည်ဖော်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ ကန့်ကွက်တာတွေကြောင့် လျှပ်စစ်ဓါတ်အားလိုအပ်ချက်တွေ ဖြစ်ပေါ်နေတာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မိတ္ထီလာခရီးစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က လျှပ်စစ်ဓါတ်အား ဖြန့်ဝေတာနဲ့ပတ်သက်ပြီး ဖျက်ဆီးခံရတာတွေအပါအဝင် အချို့စက်ရုံတွေ စွမ်းအားပြည့် မလည်ပတ်နိုင်တာနဲ့
မြန်မာသတင်း

ပြင်ဦးလွင်မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး ငွေစုငွေချေးရုံး ဖောက်ထွင်းခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 7 Views
ဇန်နဝါရီလ (၁၁)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ ည (၁၂)နာရီခွဲခန့်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆) သစ်တောလမ်းနဲ့ ချယ်ရီလမ်းထောင့်က Alliance ငွေစုငွေချေးရုံး ဖောက်ထွင်းခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငွေစုငွေချေးရုံးကို ညစောင့်ရှိနေချိန်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရမ်းဗြဲမြို့ ကျောက်နီမော်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ် အရပ်သား အနည်းဆုံး (၄၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 6 Views
ဇန်နဝါရီလ (၁၁)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီခန့်က ရမ်းဗြဲမြို့ ကျောက်နီမော်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား အနည်းဆုံး (၄၁)ဦး သေဆုံးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျောက်နီမော်ရွာကို အကြမ်းဖက်စစ်အုပ်စုက
မြန်မာသတင်း

(၂)ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 12 Views
ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၉)ရက်နဲ့ (၁၀)ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မနေ့က ဆောမြို့နယ် မြို့မရဲစခန်းကနေ စစ်ကောင်စီရဲတပ်သားတစ်ဦးဟာ G-3 တစ်လက်၊ ကျည် (၃၄၉)တောင့်၊