နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုးထိမိုးမိဒေသထဲ တရားမဝင်ရွှေတူးဖော်သူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူ

ဒီဇသ်ဘာလ (၅)ရက်။

နိုဝင်ဘာလ (၂၇)ရက်နေ့က ရမည်းသင်းမြို့၊ မိုးထိမိုးမိဒေသမှာ တရားမဝင် ရွှေတူးဖော်သူတွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးရှိ ဘက်ဟိုးတောင်ကုန်းပေါ်မှာ တရားမဝင် ရွှေတူးဖော်သူတွေရှိတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုစစ်ဆေးခဲ့ရာ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေသူ (၅)ဦးကို တရားမဝင်ရွှေတူးဖော်တာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ (၂၈)ရက်နေ့ကလဲ သပြေပင်ကျေးရွာနဲ့ ညောင်အိုင်ရွာတို့က နေအိမ်ခြံဝင်း (၂)ခုနဲ့ ဘက်ဟိုးတောင်ကုန်းအနီးတို့မှာ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ဖမ်းဆီးရမိသူ (၇)ဦးနဲ့ ဖမ်းဆီးဖို့ကျန်တဲ့သူတွေကို ရဲမည်းသင်းမြို့မရဲစခန်းမှာ သတ္တုတွင်းဥပဒေပုဒ် ၃၀(က)နဲ့ အမှုဖွင့်ပြီး အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မိုးထိမိုးမိဒေသက နိုင်ငံပိုင် ရွှေသတ္တုလုပ်ကွက်တွေထဲ တရားမဝင် ရွှေတူးဖော်တာတွေကြောင့် ပတ်ဝန်းကျင်ထိခိုက်တာအပြင် နိုင်ငံ့ဘဏ္ဍာငွေ ဆုံးရှုံးတာ မဖြစ်စေဖို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတယ်လို့ ထူတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်ဆီးထိန်းသိမ်းထားတယ်လို့ ACDF ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 6 Views
ဒီဇင်ဘာလ (၅)ရက်။ နပခဌာနချုပ်ရှိတဲ့ အိမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အုတ်ဖိုမြို့မှာ စစ်ကောင်စီဆိုင်ကယ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးနဲ့ တပ်ကြပ်တို့ သေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 3 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၉)နာရီ (၂၀)မိနစ်အချိန်က အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)ကထွက်လာတဲ့ စစ်ကောင်စီဆိုင်ကယ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)ရဲ့
မြန်မာသတင်း

ခင်ဦးမြို့နယ်ထဲ ရပ်ကျေး ပအဖနဲ့ ပကဖတွေ ထပ်မံတိုးချဲ့ဖွဲ့စည်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 4 Views
ဒီဇင်ဘာလ (၅)ရက်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲ ကျေးရွာအချို့မှာ NUG လက်အောက်ခံတွေဖြစ်တဲ့ ရပ်ကျေး ပအဖနဲ့ ပကဖတို့ကို ထပ်မံဖွဲ့စည်းခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထပ်မံဖွဲ့စည်းလိုက်တဲ့ ရပ်ကျေး ပအဖနဲ့ ပကဖတွေဟာ ခင်ဦးမြို့နယ်ထဲ
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ရုရှား ကူညီမယ်လို့ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ကူညီသွားမယ်လို့ နေပြည်တော်ကိုရောက်ရှိနေတဲ့ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool က ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌဟာ
မြန်မာသတင်း

မတ္တရာအရှေ့ခြမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇)ဦးသေဆုံးပြီး တစ်ဦးဖမ်းမိခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 7 Views
ဒီဇင်ဘာလ (၅)ရက်။ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းက MDY-PDF ထိန်းချုပ်စိုးမိုးထားတဲ့ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းရွာကို စစ်ကောင်စီက
မြန်မာသတင်း

ဒေသဝမ်းစာဖူလုံဖို့ အစိုးရဆောင်ရွက်ပေးတာမဟုတ်ဘဲ လူတိုင်းလုပ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 8 Views
ဒီဇင်ဘာလ (၅)ရက်။ ဒေသဝမ်းစာဖူလုံဖို့ အစိုးရက ဆောင်ရွက်ပေးတာမဟုတ်ဘဲ လူတိုင်းလုပ်ဆောင်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တိုင်းနဲ့ပြည်နယ်တွေအလိုက် ဖူလုံတာတွေ ရှိနေတယ်ဆိုရင် အခြေခံစားကုန်တွေ ကုန်ဈေးနှုန်းကြီးမြင့်ဖို့ အကြောင်းမရှိတာကြောင့် အခြေခံစားကုန်ဖူလုံဖို့ကို
မြန်မာသတင်း

စစ်အုပ်စုနဲ့အတူ မိုက်တွင်းနက်ထဲနေနေကြသူတွေ နောက်ဆုံးအချက်ပေးခေါင်းလောင်းထိုးနေတဲ့အချိန်လို့ NUG ဝန်ကြီးချုပ် သတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 7 Views
ဒီဇင်ဘာလ (၅)ရက်။ စစ်အုပ်စုနဲ့အတူ မိုက်တွင်းနက်နေကြတဲ့ စစ်တပ်ထဲက တပ်မတော်သားတွေအနေနဲ့ နောက်ဆုံးအချက်ပေးခေါင်းလောင်းထိုးနေတဲ့အချိန်ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ထဲက တပ်မတော်သားတွေအကုန်လုံး စစ်ရာဇဝတ်တရားခံနဲ့အတူ ရှေ့ဆက်မလား၊ မိမိမိသားစု၊ မိမိနိုင်ငံအတွက်
1027 Operations မြန်မာသတင်း

ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ လိုလားတယ်လို့ MNDAA ထက်မံထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 9 Views
ဒီဇင်ဘာလ (၅)ရက်။ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ လိုလားတယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ မနေ့က ထပ်မံထုတ်ပြန်ထားချက်အရ သိရပါတယ်။ MNDAA အနေနဲ့ နိုင်ငံသစ်တည်ထောင်တာကို ပြုလုပ်မှာမဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကိုသာ တောင်းဆိုတာဖြစ်ပြီး အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲဖို့ကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။