နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယား ၆ နာရီအတွင်း စစ်အုပ်ချုပ်ရေး ရုတ်သိမ်း

++++++++++++++++++++++++++++++++++

သမ္မတယွန်၏ “ ကြိုတင်ပြင်ဆင်ထားသော ရှုံးနိမ့်ခြင်း” သည် အဘယ်ကြောင့်ဖြစ်ပေါ်ခဲ့သနည်း။

ဒီဇင်ဘာလ (၄) ရက်/ KOREA WAVE။

တောင်ကိုရီးယားသမ္မတယွန်သည် ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော်လည်း ခြောက်နာရီအတွင်း ရုတ်သိမ်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စစ်အုပ်ချုပ်ရေးကြေညာပြီးပြီးချင်း လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၉၀ (အားလုံး) က အဆိုပါ အရေးပေါ်စစ်အုပ်ချုပ်ရေးရုတ်သိမ်းရန် ဥပဒေကြမ်းကို ထောက်ခံမဲပေးခဲ့ကြပြီး စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သမ္မတယွန်က အတိုက်အခံပါတီကို မကျေနပ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး “အမျိုးသားလွှတ်တော်ကို ထပ်ခါတလဲလဲ စွပ်စွဲပြစ်တင်မှုတွေ၊ ဥပဒေပြုရေးခြယ်လှယ်မှုတွေနဲ့ ဘတ်ဂျက်အလွဲသုံးစားလုပ်မှုတွေကြောင့် နိုင်ငံတော်ရဲ့လုပ်ငန်းဆောင်တာတွေ ယုတ်ညံ့တဲ့ အဲ့ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ကျွန်တော် တောင်းဆိုပါတယ်။” ဟု ဆိုခဲ့သည်။

သို့သော်လည်း သမ္မတယွန်သည် ၎င်း၏ နိုင်ငံရေးလောကတွင် အကြီးမားဆုံး အကျပ်အတည်းကို ရင်ဆိုင်ခဲ့ရပြီး ၎င်း၏လုပ်ဆောင်ချက်မှာလည်း အတိုက်အခံပါတီကြီး၏ ပြင်းထန်သော ခုခံမှုကြောင့် အရေးပေါ် စစ်အုပ်ချုပ်ရေး ပြိုလဲသွားခဲ့သည်။

ဒီဇင်ဘာလ (၄) ရက်နေ့ နံနက် ၄ နာရီ ၂၇ မိနစ်ခန့်တွင် သမ္မတယွန်၏ အရေးပေါ် နိုင်ငံတော် မိန့်ခွန်းတွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်းနှင့် စစ်အုပ်ချုပ်ရေးတပ်ဖွဲ့များ ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ ယမန်နေ့ညက အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာပြီး ခြောက်နာရီအကြာတွင် ၎င်း၏ ရှုံးနိမ့်မှုကို ၀န်ခံခဲ့သည်။ ထို့နောက် ချက်ခြင်းပင် နံနက် ၄ နာရီ ၃၀ မိနစ်တွင် အစိုးရအဖွဲ့ အစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စစ်အုပ်ချုပ်ရေး ရုပ်သိမ်းရေး အဆိုပြုချက်အား အတည်ပြုခဲ့သည်။

ဒီမိုကရက်တစ်ပါတီကဲ့သို့သော အတိုက်အခံပါတီများသည် လွှတ်တော်အမတ် ၃၀၀ နေရာတွင်တွင် ၁၉၀ ရရှိထားသည်ကို ထည့်သွင်းစဉ်းစားပါက စစ်အုပ်ချုပ်ရေးသည် အောင်မြင်မှု မရရှိနိုင်သည့် ကြိုးပမ်း မှုဖြစ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ သမ္မတယွန်သည် စစ်အုပ်ချုပ်ရေးကြေညာပြီးသည်နှင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို အမျိုးသားလွှတ်တော်သို့ ဖြန့်ကျက်ရန် စီစဉ်ထားပြီး လွှတ်တော်ကျင်းပပြီး အမျိုး သားလွှတ်တော်တွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ကို မချမှတ်နိုင်စေရန် တားဆီးရန် လုပ်ဆောင်ခဲ့သော်လည်း ရလဒ်အနေဖြင့် မအောင်မြင်ခဲ့ပေ။

အတိုက်အခံပါတီဝင်များနှင့် ဝန်ထမ်းများ၏ အပြင်းအထန် ခုခံမှုကြောင့် စစ်တပ်တပ်ဖွဲ့များ ဝင်ရောက်မှု နှောင့်နှေးခဲ့ရပြီး ထိုအတောအတွင်း လွှတ်တော်အမတ် ၁၉၀ လုံး၏ ထောက်ခံမှုဖြင့် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းရေး ဆုံးဖြတ်ချက်ကို ပင်မအခန်းတွင် အတည်ပြုနိုင်ခဲ့သည်။ ယင်းလွတ်တော်အစည်းအဝေးတွင် အာဏာရပါတီဖြစ်သည့် ပြည်သူ့အင်အားါတီ အဖွဲ့ဝင် ၁၈ ဦးလည်း ပါဝင်ခဲ့သည်။ Choo Kyung-ho (သမ္မတ ယွန်းကို ထောက်ခံသော) အပါအဝင် ယွမ်လိုလားသော အာဏာရပါတီဝင် ၅၀ ကျော်သည် လွှတ်တော် အစည်းအဝေးတွင် မပါဝင်ဘဲ ပါတီဌာနချုပ်တွင် အခြေအနေကို စောင့်ကြည့်ရုံသာဖြစ်ခဲ့ပြီး မဟာမိတ်များအဖြစ် ပါဝင်ရန် ပျက်ကွက်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၇၊ ပုဒ်မ ၅ အရ အမျိုးသားလွှတ်တော်က မှတ်ပုံတင်ထားသည့် အဖွဲ့ဝင်အများစု၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းရန် တောင်းဆိုပါက သမ္မတက ရုပ်သိမ်းရမည်ဖြစ်သည်။ သမ္မတက တားမြစ်ချက်ကို ရုတ်သိမ်းရန် ငြင်းဆိုထားသော်လည်း စစ်အုပ်ချုပ်ရေး ဥပဒေမူကြမ်းကို အတည်ပြုပြီးသည်နှင့် စစ်တပ်၏ လုပ်ဆောင်မှုများသည် ၎င်းတို့၏ တရားဝင်အခြေခံများ ဆုံးရှုံးမည်ဖြစ်သည်။ ထို့ကြောင့် သမ္မတယွန်တွင် ရွေးချယ်စရာများစွာ ကျန်ရှိမနေတော့ပါ။

သမ္မတယွန်သည် အမျိုးသားလွှတ်တော်၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုတ်သိမ်းရန် တောင်းဆိုချက်ကို လက်ခံခဲ့သော်လည်း ၄၅ နှစ်အတွင်း ပထမဆုံး အရေးပေါ် စစ်အုပ်ချုပ်ရေး ဥပဒေ၏ နောက်ဆက်တွဲ အကျိုးဆက်များသည် အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်ဖွယ်ရှိသည်။ ဒီမိုကရက်တစ်ပါတီအပါအဝင် အတိုက်အခံပါတီများကမူ သမ္မတယွန်၏ စစ်အုပ်ချုပ်ရေးကြေညာမှုကို “ပုန်ကန်မှု” ကို ကျင့်သုံးသင့်သည်ဟု ပြောဆိုနေကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၀ အရ နိုင်ငံတော် သမ္မတသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်းပင် ပြည်တွင်းမငြိမ်မသက်မှု သို့မဟုတ် နိုင်ငံတော်ပုန်ကန်မှုမှ နှစ်ခုလွဲ၍ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် ရရှိသည်။ ထို့ကြောင့် ဆူပူအုံကြွမှု ရာဇဝတ်မှုအဖြစ် သက်ရောက်ပါက လက်ရှိသမ္မတဖြစ်စေကာမူ တရားစွဲ အပြစ်ပေးခံရနိုင်သည်။ နိုင်ငံတော်ပုန်ကန်မှုတွင် ပြစ်ဒဏ်သည် သေဒဏ်၊ ထောင်ဒဏ်တစ်သက် သို့မဟုတ် ငါးနှစ် သို့မဟုတ် ထို့ထက်ပိုသော ထောင်ဒဏ် ဖြစ်သည်။

ပုန်ကန်သည့် ရာဇ၀တ်မှုမျိုးနှင့် မသက်ဆိုင်ဘူးဆိုလျှင်ပင် အမျိုးသားလွှတ်တော်က သမ္မတယွန်ကို စွပ်စွဲချက်များနှင့် အရေးယူဖို့ ဖြစ်နိုင်ခြေများပါသည်။ အတိုက်အခံပါတီဝင်များ အများစုဖြင့် ဖွဲ့စည်းထားသည့် “Yoon Sung-ryeol Impeachment Coalition” ရသည် သမ္မတယွန်အား စွပ်စွဲပြစ်တင်သည့် ဥပဒေကြမ်းကို ရှေ့သို့ ရွှေ့မည်ဟု ကြေညာခဲ့သည်။ လက်ရှိအချိန်အထိ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် Lee Jae-myung နှင့် အခြားသူများက သမ္မတယွန်ကို စွပ်စွဲပြစ်တင်ရန် တောင်းဆိုသည့် လမ်းပေါ်ထွက် ဆန္ဒပြပွဲများတွင် ဆက်လက် ပါဝင်ခဲ့ကြပါတယ်။ ထို့အပြင် အာဏာရပါတီမှ ၁၈ ဦးသည် စစ်အုပ်ချုပ်ရေး ရုတ်သိမ်းရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းကြောင့် နောင်တွင် အာဏာရပါတီအတွင်း ကွဲထွက်မှုများ ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

သတင်းရင်းမြစ်။ KOREA WAVE/AFPBB သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

နယူးယောက်မှ စီအက်တဲလ်နှင့် ဒီစီအထိ ဒီမိုကရက်တစ် ဆိုရှယ်လစ် ခေါင်းဆောင်များကို မြို့ကြီးများက ပိုမိုရွေးချယ်လာကြ

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 60 Views
CNN – ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ရက် အမေရိကန်ပြည်ထောင်စု၏ အဓိက မြို့ကြီးများတွင် အိမ်ရာနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ကုန်ကျစရိတ်များကို
နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 21 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိကြောင်း အမေရိကန်ပြောကြား၊ လက်ဘနွန်တွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားကြောင်း သတင်းရရှိ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် အစ္စရေး၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တောင်ပိုင်းတွင် လူ ၄၇ ဦး သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီခဲ့ကြကြောင်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း