နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ရုရှား ကူညီမယ်လို့ဆို

ဒီဇင်ဘာလ (၄)ရက်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ကူညီသွားမယ်လို့ နေပြည်တော်ကိုရောက်ရှိနေတဲ့ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool က ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌဟာ နေပြည်တော်ကို ရောက်ရှိချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်ဆောင်တွေအပါအဝင် ရွေး/ကော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်နေတာနဲ့ ရွေးကောက်ပွဲကျင်းပချိန် ရုရှားလေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်မယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး နှစ်နိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲတာတွေကို နိုင်ငံတကာမျက်နှာစာ အပြန်အလှန် ရပ်တည်ပေးနေတာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မြှင့်တင်ဆောင်ရွက်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။

ရုရှားလွှတ်တော်ဒုဥက္ကဋ္ဌနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံချိန် စစ်ကောင်စီဘက်က ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝဏ္ဏမောင်လွင်၊ ဦးကိုကိုအပြင် စစ်ကောင်စီဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးတင်ဦးလွင်နဲ့ ဦးကိုကိုလွင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုဥက္ကဋ္ဌဟာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနဲ့ တွေ့ဆုံချိန် ရွေးကောက်ပွဲကော်မရှင်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုအခါ ရာဇဝတ်တရားခံအနေနဲ့ ဖမ်းဝရမ်းထုတ်ခံရဖို့ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်သလို ပူးပေါင်းဆောင်ရွက်နေသူတွေအနေနဲ့ သတိပြုကြရမယ့်အချိန်ဖြစ်တယ်လို့ NUG က ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 10 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 10 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

မောင်းမကန်ရွာထဲ မူးယစ်ရမ်းကားတဲ့ စစ်ကောင်စီရဲတပ်သားကို ဖမ်းဆီးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 12 Views
မေလ (၁၅)ရက်။ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၀)ရက်နေ့ ည (၉)နာရီခွဲအချိန်က မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သား နိုင်မင်းဆိုသူကာ မူးယစ်ရမ်းကားပြီး မောင်းမကန်ရွာထဲ သေနတ်ပစ်ဖောက်
မြန်မာသတင်း

အခုနှစ်ထဲ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 12 Views
မေလ (၁၄)ရက်။ အခုနှစ် ဇန်နဝါရီလကနေ မေလ (၁၃)ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသမီး (၄၇)ဦးနဲ့
မြန်မာသတင်း

SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 32 Views
မေလ (၁၄)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို SCEF အတွင်းရေးမှူး အဖွဲ့ဝင်တွေ၊ ကောင်စီဝန်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်က လွှတ်တော်ဥက္ကဋ္ဌ၊
မြန်မာသတင်း

လယ်မူလားမြို့ တကူရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 30 Views
မေလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ လယ်မူလားမြို့ တကူရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တကူရွာထဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတာကြောင့် ရွာရှိ အထက်တန်းပြ
မြန်မာသတင်း

ဟားခါးမြို့မှာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို CDF-Hakha ဖမ်းဆီး

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 23 Views
မေလ (၁၄)ရက်။ မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့
မြန်မာသတင်း

ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်နယ်ထဲက Star Link အင်တာနက်တွေ ယာယီပိတ်ထားဖို့ ရွှေဘိုခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 26 Views
မေလ (၁၄)ရက်။ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်ထဲရှိ Star Link အင်တာနက်တွေ ယာယီပိတ်သိမ်းကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရိုင်စစ်ဌာနအနေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို လိုက်နာပူးပေါင်းဖို့