ဒီဇင်ဘာလ (၅)ရက်။
စစ်ကောင်စီအခြေစိုက်ထားတဲ့ ထီးလင်းမြို့ပေါ်မှာ နေထိုင်သူတွေအနေနဲ့ အခုလကုန် နောက်ဆုံးထားကာ ထွက်ခွာကြဖို့ ထီးလင်းမြို့နယ်ပအဖရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
နိုင်ငံတဝန်းမှာ စစ်ရးအရှိန်မြင့်နေပြီး ထီးလင်းမြို့နယ်မှာ စစ်ဆင်ရေးတွေကို ပိုမိုပြင်းထန်လာမယ့်အတွက် သတ်မှတ်ရက်ထဲ မြို့ပေါ်ကနေ ထွက်ခွာကြဖို့နဲ့ မထွက်ခွာပါက နောက်ဆက်တွဲကိစ္စတွေကို တာဝန်မယူဘူးလို့ ဆိုပါတယ်။
ထီးလင်းမြို့ပေါ်မှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေအနေနဲ့ သတိပေးကြေညာချက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး အမြန်ဆုံးထွက်ခွာဖို့ အထူး သတိပေးထားပါတယ်။
နောက်ပြီး NUG ထိန်းချုပ်နယ်မြေထဲက ပြည်သူတွေ၊ ပအဖ၊ ပကဖတွေ၊ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ထီးလင်းမြို့ပေါ်မှာ နေထိုင်သူတွေကို ကြိုဆိုနေပြီး ဒီဇင်ဘာလ (၃၁)ရက်နေ့ နောက်ဆုံးထားကာ ထွက်ခွာဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် ထီးလင်းမြို့ပေါ်နေ ပြည်သူတွေအနေနဲ့ စစ်ကောင်စီအခြေစိုက်တဲ့ ထီးလင်းမြို့ကို စွန့်ခွာပြီး NUG ရဲ့ စိုးမိုးနယ်မြေတွေကို လာရောက်ခိုလှုံဖို့ ထုတ်ပြန်တိုက်တွန်းထားပါတယ်။
ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေအနေနဲ့လဲ အမြန်ဆုံး ပြည်သူ့ရင်ခွင်ကို အလင်းဝင်ရောက်လာကြဖို့ကိုလဲ အသိပေးထားတယ်လို့ သိရပါတယ်။