နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

အာဖရိကရှိ ကွန်ဂိုနိုင်ငံတွင် အမျိုးအမည်မသိ ရောဂါတစ်မျိုးကြောင့် တစ်လကျော်အတွင်း လူ ၂၇ ဦး သေဆုံး

ဒီဇင်ဘာလ (၆) ရက်။

ကွန်ဂိုနိုင်ငံ အနောက်တောင်ပိုင်းတွင် အမျိုးအမည်မသိ ရောဂါတစ်မျိုး လူ ၃၈၂ ဦးတွင် ဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦးသေဆံးခဲ့ကြောင်း ကျန်းမာရေးအရာရှိများက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

ယခုရောဂါအသစ်သည် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို ဖြစ်စေနိုင်ပြီး ကလေးများ အပါအဝင် အသက်အရွယ်မရွေး ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ အထူးသဖြင့် ဆယ်ကျော်သက်များတွင် သေဆုံးမှုများပြားသည်ဟုဆိုသည်။

ကင်ရှာဆာမြို့တော် အရှေ့တောင်ပိုင်း ၄၃၅ မိုင်ခန့်အကွာရှိ ကျန်းမာရေး အခြေခံအဆောက်အအုံ နည်းပါးသည့် ပန်ဇီမြို့တွင် ဖြစ်ပွားနေသည်ဟု သိရသည်။

ပြည်တွင်းအာဏာပိုင်များကမူ ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက်သည် ပိုမိုမြင့်မားနိုင်ကြောင်း ပြောကြားခဲ့သည်။

“အရပ်ဘက်အဖွဲ့အစည်းနဲ့ ပန်ဇီကျန်းမာရေးဇုန်က ဆရာဝန်အကြီးအကဲကတော့ သေဆုံးသူ ၆၇ ဦးရှိတယ်လို့ သတင်းပို့ခဲ့ပါတယ်”ဟု ပြန်နယ်ကျန်းမာရေးဝန်ကြီး အပိုလီနာရီ ယွမ်ဘာက ပြောကြားခဲ့သည်။

ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ရေးဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ကို ရောဂါဖြစ်ပွားသည့်နေရာသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် လူထုအနေဖြင့် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိိရန်နှင့် အသွားအလာ ကန့်သတ်ကြရန် ယွမ်ဘာက ပြောကြားခဲ့သည်။

ဒေသခံများအနေဖြင့် တစ်ဦးနှင်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းမပြုရန်နှင့် ပုံမှန်လက်ဆေးကြရန်လည်း ၎င်းကတိုက်တွန်းခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း ၎င်းတို့သည် ရောဂါအခြေအနေကို သိရှိရန် ကွန်ဂိုအာဏာပိုင် များနှင့်အတူလက်တွဲလုပ်ဆောင်နေကြောင်း အေအက်ဖ်ပီသတင်းဌာနတွင် ဖော်ပြခဲ့သည်။

ယခုရောဂါဖြစ်ပွားနေသည့်နေရာတွင် မကြာသေးမီလများအတွင်းကလည်း mpox ရောဂါကူးစက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၁၀၀၀ ကျော်သေဆုံးခဲ့သည်။ ထို့အပြင် အေဘိုလာကူးစက်ရောဂါများလည်း ဖြစ်ပွားခဲ့ဖူးကြောင်းလည်း သိရသည်။

သတင်းရင်းမြစ်။ AFP, ဂျပန်သတင်းမီဒီယာများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 17 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 33 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 51 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN